/
YOU 2018 Season 1 Complete

YOU 2018 Season 1 Complete



https://www.youtube.com/watch?v=9vIiNdYPudo
Genre: , Actors: , , , Country: Released: 2018-09-09Networks: , Episodes: 10 Type: TVScore: 7.7Duration: 46 minQuality: Year: View: 1,164







#Unicode

YOU (2018) Complete
×××××××××××××××××××××××

မြန်မာစာတန်းထိုး
×××××××××××××××

Translated By Rashida And Encoded By Lin Htike Aung

IMDb: 7.7/10
Rotten Tomatoes: 93%
Genres: Crime | Drama | Romance | Thriller
Translator: Rashida
Encoder: Lin Htike Aung
File size: 720p WEBRip H265 (Average 600MB)
Link type: Openload, Megaup, Filerocks, Soliddrive

အချစ်ဆိုတာဘာလဲ။
စာအုပ်ဆိုင်လေးတစ်ဆိုင်ရဲ့ မန်နေဂျာဖြစ်တဲ့ ဂျိုးရဲ့အဖြေက ရှင်းရှင်းလေးပါပဲ။ ကိုယ်ချစ်တဲ့သူအတွက် ဘာမဆိုလုပ်တာတဲ့ တကယ့်ကို ဘာမဆိုပါ။
အချစ်ဟောင်းရဲ့ သစ္စာဖောက်မှုကို ခံရပေမဲ့ ဂျိုးကတော့ အချစ်စစ်ဆိုတာတကယ်ရှိတယ်ဆိုပြီး မျှော်လင့်နေဆဲပါ။ တစ်နေ့မှာဂျိုးကမ္ဘာထဲကို ဘက်ဆိုတဲ့ စာရေးဆရာမဖြစ်ချင်သူလေး ရောက်လာပါတယ်။
ဘက်နဲ့တွေ့ပြီးတော့ အချစ်အတွက်ဘာမဆိုလုပ်မယ်ဆိုတဲ့ အရာကအသက်ဝင်လာတယ်။ ဘက်ကို အန္တရာယ်တွေက ကာကွယ်ဖို့ ဘက်ဘဝလေးလုံခြုံဖို့က သူ့တာဝန်လို့ ဂျိုးကခံယူထားတယ်။
ဂျိုးက ဘက်နောက်ကိုမသိအောင်လိုက်တယ် ဘက်အိမ်ကိုမသိအောင်ဝင်တယ် ဘက်အကြောင်းတွေအားလုံးစုံစမ်းတယ်။ သူ့အတွက်ကတော့ ဒါသူအချစ်အတွက်လုပ်နေတာ။ ဘက်ကိုလုံခြုံအောင် လုပ်ပေးချင်လို့။
ဂျိုးပထမဆုံး ဘက်ကိုကာကွယ်ပေးရမှာက ဘက်ရဲ့မကောင်းတဲ့ရည်းစား ဘန်ဂျီရန်ကပဲ။ ဂျိုးက ဘန်ဂျီကိုမြေအောက်ခန်းထဲမှာ ဖမ်းလိုက်တယ်။ ဒါပေမဲ့ ဂျိုးက လူသတ်သမားလဲမဟုတ်ပြန်တော့ ဘန်ဂျီ့ကို ဘာဆက်လုပ်ရမလဲမသိပြန်ဘူး။ ပြီးတော့ ဘက်ရဲ့ အန္တရာယ်တွေကလည်း ဒီတစ်ယောက်ထဲရှင်းယုံနဲ့မပြီးသွားဘူး။ နောက်ဘယ်နှစ်ယောက်ကို ဂျိုးက ထပ်ဖမ်းရဦးမလဲ။ ပြီးရင်ရောဘာဆက်လုပ်မလဲ။
အခုလောက်ဆို ဂျိုးအချစ်တွေက ဆိုက်ကိုဆန်နေတာ သတိထားမိမှာပါ။ ဒါတွေကို ဘက်သိသွားရင်ရော ဘယ်လိုတွေဆက်ဖြစ်မလဲ။စဉ်းစားကြည့်လေ ကိုယ့်ကိုဘယ်လောက်ချစ်တယ်ပြောပြော ကိုယ်မသိအောင် ကိုယ့်နောက်လိုက်နေတာ ကိုယ့်အိမ်ကိုဝင်တာ ကိုယ်တောင်မသိတဲ့ ကိုယ့်ပြသနာတွေကို လိုက်ရှင်းနေတယ်ဆိုတာ စဉ်းစားကြည့်တာနဲ့ ကျောချမ်းစရာပဲ။
ဒီဇာတ်လမ်းရဲ့ ထူးခြားမှုက ဂျိုးက ဆိုက်ကိုဆန်ပေမဲ့ သူ့ကို လူဆိုးလုံးလုံးဖြစ်အောင် ဇာတ်မသွင်းထားဘူး။ သူကလူတွေကို ကူညီတယ် သူ့ဘာသာသူအေးဆေးနေတယ် စာအုပ်စာပေတွေဖတ်တယ်။ တဖက်မှာလည်း ဘက်က တကယ်စွဲလမ်းချင်စရာ မိန်းကလေး သူ့ဘဝလေးကိုသူအကောင်းဆုံးကြိုးစားတည်ဆောက်နေတဲ့ မိန်းကလေးပါ။ ဒါပေမဲ့ သူကလည်း ဇယားလေးတွေရှုပ်တယ် အကွက်လေးတွေရွှေ့တယ်။ ဂျိုးရဲ့အချစ်နဲ့ မတန်ဘူးတောင် ပြောရမလိုပဲ။
အဲ့လို ဒွန်တွဲထားတော့ ဘယ်သူ့ကို ဒေါသဖြစ်ရမယ် မသိသလို ဘယ်သူ့ကိုသနားရမယ်မှန်းမသိပြန်ဘူး။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လဲ မဝေဖန်နိုင်ပြန်ဘူး။
တစ်ခါတစ်လေ ရုပ်ရှင်တွေကြည့်ရင် အဆုံးသတ်ကို ခန့်မှန်းလို့မရတာမျိုးလေးတွေ ရှိတယ်မလား။ ဒီကားမှာတော့ အဆုံးသတ်မှာ ကိုယ်ဘာဖြစ်စေချင်တယ်ဆိုတာတောင် တွေးလို့မရနိုင်တော့အောင် ကိုယ့်စိတ်ကို ဆိုက်ကိုဆန်ဆန်လှည့်စားသွားမဲ့ ကားမျိုးမို့ အားလုံးပဲ
ကြည့်ရှူအားပေးကြပါဦး။

အညွှန်းရေးပေးထားတာကတော့ Rashida ပဲဖြစ်ပါတယ်။
အသက် ၁၅နှစ်အထက်သူတွေပဲကြည့်ရှူဖို့ တိုက်တွန်းလိုပါတယ်။
ဘာလို့လဲဆိုတော့ ဇာတ်လမ်းထဲမှာ မိသားစုနဲ့အတူ
ကြည့်ရှူလို့မသင့်တဲ့အခန်းတွေပါဝင်နေလို့ပဲဖြစ်ပါတယ်။

#Zawgyi

YOU (2018) Complete
×××××××××××××××××××××××

ျမန္မာစာတန္းထိုး
×××××××××××××××

Translated By Rashida And Encoded By Lin Htike Aung

IMDb: 7.7/10
Rotten Tomatoes: 93%
Genres: Crime | Drama | Romance | Thriller
Translator: Rashida
Encoder: Lin Htike Aung
File size: 720p WEBRip H265 (Average 600MB)
Link type: Openload, Megaup, Filerocks, Soliddrive

အခ်စ္ဆိုတာဘာလဲ။
စာအုပ္ဆိုင္ေလးတစ္ဆိုင္ရဲ႕ မန္ေနဂ်ာျဖစ္တဲ့ ဂ်ိဳးရဲ႕အေျဖက ရွင္းရွင္းေလးပါပဲ။ ကိုယ္ခ်စ္တဲ့သူအတြက္ ဘာမဆိုလုပ္တာတဲ့ တကယ့္ကို ဘာမဆိုပါ။
အခ်စ္ေဟာင္းရဲ႕ သစၥာေဖာက္မႈကို ခံရေပမဲ့ ဂ်ိဳးကေတာ့ အခ်စ္စစ္ဆိုတာတကယ္ရွိတယ္ဆိုၿပီး ေမွ်ာ္လင့္ေနဆဲပါ။ တစ္ေန႔မွာဂ်ိဳးကမာၻထဲကို ဘက္ဆိုတဲ့ စာေရးဆရာမျဖစ္ခ်င္သူေလး ေရာက္လာပါတယ္။
ဘက္နဲ႔ေတြ႕ၿပီးေတာ့ အခ်စ္အတြက္ဘာမဆိုလုပ္မယ္ဆိုတဲ့ အရာကအသက္ဝင္လာတယ္။ ဘက္ကို အႏၲရာယ္ေတြက ကာကြယ္ဖို႔ ဘက္ဘဝေလးလုံၿခဳံဖို႔က သူ႔တာဝန္လို႔ ဂ်ိဳးကခံယူထားတယ္။
ဂ်ိဳးက ဘက္ေနာက္ကိုမသိေအာင္လိုက္တယ္ ဘက္အိမ္ကိုမသိေအာင္ဝင္တယ္ ဘက္အေၾကာင္းေတြအားလုံးစုံစမ္းတယ္။ သူ႔အတြက္ကေတာ့ ဒါသူအခ်စ္အတြက္လုပ္ေနတာ။ ဘက္ကိုလုံၿခဳံေအာင္ လုပ္ေပးခ်င္လို႔။
ဂ်ိဳးပထမဆုံး ဘက္ကိုကာကြယ္ေပးရမွာက ဘက္ရဲ႕မေကာင္းတဲ့ရည္းစား ဘန္ဂ်ီရန္ကပဲ။ ဂ်ိဳးက ဘန္ဂ်ီကိုေျမေအာက္ခန္းထဲမွာ ဖမ္းလိုက္တယ္။ ဒါေပမဲ့ ဂ်ိဳးက လူသတ္သမားလဲမဟုတ္ျပန္ေတာ့ ဘန္ဂ်ီ႕ကို ဘာဆက္လုပ္ရမလဲမသိျပန္ဘူး။ ၿပီးေတာ့ ဘက္ရဲ႕ အႏၲရာယ္ေတြကလည္း ဒီတစ္ေယာက္ထဲရွင္းယုံနဲ႔မၿပီးသြားဘူး။ ေနာက္ဘယ္ႏွစ္ေယာက္ကို ဂ်ိဳးက ထပ္ဖမ္းရဦးမလဲ။ ၿပီးရင္ေရာဘာဆက္လုပ္မလဲ။
အခုေလာက္ဆို ဂ်ိဳးအခ်စ္ေတြက ဆိုက္ကိုဆန္ေနတာ သတိထားမိမွာပါ။ ဒါေတြကို ဘက္သိသြားရင္ေရာ ဘယ္လိုေတြဆက္ျဖစ္မလဲ။စဥ္းစား​ၾကည့္ေလ ကိုယ့္ကိုဘယ္ေလာက္ခ်စ္တယ္ေျပာေျပာ ကိုယ္မသိေအာင္ ကိုယ့္ေနာက္လိုက္ေနတာ ကိုယ့္အိမ္ကိုဝင္တာ ကိုယ္ေတာင္မသိတဲ့ ကိုယ့္ျပသနာေတြကို လိုက္ရွင္းေနတယ္ဆိုတာ စဥ္းစားၾကည့္တာနဲ႔ ေက်ာခ်မ္းစရာပဲ။
ဒီဇာတ္လမ္းရဲ႕ ထူးျခားမႈက ဂ်ိဳးက ဆိုက္ကိုဆန္ေပမဲ့ သူ႔ကို လူဆိုးလုံးလုံးျဖစ္ေအာင္ ဇာတ္မသြင္းထားဘူး။ သူကလူေတြကို ကူညီတယ္ သူ႔ဘာသာသူေအးေဆးေနတယ္ စာအုပ္စာေပေတြဖတ္တယ္။ တဖက္မွာလည္း ဘက္က တကယ္စြဲလမ္းခ်င္စရာ မိန္းကေလး သူ႔ဘဝေလးကိုသူအေကာင္းဆုံးႀကိဳးစားတည္ေဆာက္ေနတဲ့ မိန္းကေလးပါ။ ဒါေပမဲ့ သူကလည္း ဇယားေလးေတြရႈပ္တယ္ အကြက္ေလးေတြေ႐ႊ႕တယ္။ ဂ်ိဳးရဲ႕အခ်စ္နဲ႔ မတန္ဘူးေတာင္ ေျပာရမလိုပဲ။
အဲ့လို ဒြန္တြဲထားေတာ့ ဘယ္သူ႔ကို ေဒါသျဖစ္ရမယ္ မသိသလို ဘယ္သူ႔ကိုသနားရမယ္မွန္းမသိ​ျပန္ဘူး။ ဘယ္သူမွန္တယ္ ဘယ္သူမွားတယ္လဲ မေဝဖန္ႏိုင္ျပန္ဘူး။
တစ္ခါတစ္ေလ ႐ုပ္ရွင္ေတြၾကည့္ရင္ အဆုံးသတ္ကို ခန္႔မွန္းလို႔မရတာမ်ိဳးေလးေတြ ရွိတယ္မလား။ ဒီကားမွာေတာ့ အဆုံးသတ္မွာ ကိုယ္ဘာျဖစ္ေစခ်င္တယ္ဆိုတာေတာင္ ေတြးလို႔မရ​ႏိုင္​ေတာ့​ေအာင္ ကိုယ့္စိတ္ကို ဆိုက္ကိုဆန္ဆန္လွည့္စားသြားမဲ့ ကားမ်ိဳးမို႔ အားလုံးပဲ
ၾကည့္ရွဴအားေပးၾကပါဦး။

အညႊန္းေရးေပးထားတာကေတာ့ Rashida ပဲျဖစ္ပါတယ္။
အသက္ ၁၅ႏွစ္အထက္သူေတြပဲၾကည့္ရွဴဖို႔ တိုက္တြန္းလိုပါတယ္။
ဘာလို႔လဲဆိုေတာ့ ဇာတ္လမ္းထဲမွာ မိသားစုနဲ႔အတူ
ၾကည့္ရွဴလို႔မသင့္တဲ့အခန္းေတြပါ၀င္ေနလို႔ပဲျဖစ္ပါတယ္။

YOU 2018 Season 1 Complete Episodes

One response to “YOU 2018 Season 1 Complete”

Leave a Reply

Your email address will not be published. Required fields are marked *