/
XX (2017)

XX (2017)



Genre: Director: , , , Actors: , , , Country: , Released: 17 Feb 2017 Score: 4.6 Duration: 80 min Quality: 1080p Years: View: 3,314

မတူညီတဲ့ အမျိုးသမီးဒါရိုက်တာ 4ယောက် ရိုက်ကူးထားတဲ့ ဒီ horror ဇာတ်ကားလေးက အပိုင်း 4ပိုင်းခွဲပြီး တင်ဆက်ထားပါတယ် ပထမတပိုင်းမှာ ခရစ္စမတ်ရောက်ခါနီးကာလဖြစ်ပြီး ဆူဆန်ဆိုတဲ့ အမျိုးသမီးက ရထားစီးပြီး သားဖြစ်သူ ဒန်နီရယ် သမီးဖြစ်သူ ဂျန်နီတို့နဲ့အတူ အိမ်ကိုပြန်လာပါတယ် လမ်းမှာ ဘူးတစ်ဘူးကိုင်လာတဲ့ လူတစ်ယောက်ကို ဒန်နီတွေ့သွားပြီး အထဲမှာဘာပါလဲလို့ မေးလိုက်မိတယ် အဲ့ဒီလူက အဖုံးကိုဖွင့်ပြလိုက်ပြီး ဒန်နီကလဲ စိုက်ကြည့်ခဲ့မိတယ် အဲ့ဒီအချိန်ကစပြီး ဒန်နီက ဘာအစာမှမစားတော့ဘဲ
၆ရက်မြောက်နေ့မှာတော့ ဒန်နီရဲ့အဖေက ဆရာဝန်နဲ့သွားပြခဲ့ပေမဲ့ ဒန်နီဘာလို့အစာမစားလဲဆိုတဲ့အဖြေကို ရှာမတွေ့ခဲ့ဘူး ဘူးထဲကအရာအကြောင်းကို ဒန်နီက ဂျန်နီကိုပါ ပြောပြလိုက်တဲ့အခါ ဂျန်နီလဲ အစာမစားတော့ဘူး
ဒန်နီနဲ့ ဂျန်နီက အဲ့ဒီအကြောင်းကို သူတို့အဖေကို ပြောပြလိုက်တဲ့အခါ သူတို့အဖေကပါ အစာမစားတော့ဘူး

အဲ့ဒါဘာကြောင့်လဲ ?????
အပိုင်းနှစ်မှာ မေရီဆိုတဲ့အမျိုးသမီးက သူ့သမီးမွေးနေ့မှာ ခင်ပွန်းဖြစ်သူ ရုံးခန်းထဲမှာ သေဆုံးနေတာကို တွေ့ခဲ့တယ်
မွေးနေ့ပွဲအတွက် ဧည့်သည်တွေလာတော့မှဖြစ်တဲ့အတွက် မေရီက အလောင်းကို ဖွက်ဖို့ကြိုးစားခဲ့တယ်
မေရီတစ်ယောက် ဒါကိုအောင်မြင်အောင် လုပ်နိုင်မှာလား ?????

အပိုင်းသုံးမှာ သူငယ်ချင်း 4ယောက်က တောထဲမှာ စခန်းချဖို့သွားးရင်း ထိတ်လန့်စရာနဲ့ကြုံတွေ့ခဲ့တယ်
သူတို့ကြုံတွေ့လိုက်ရတဲ့အရာက ဘာဖြစ်မလဲ ?????
အပိုင်းလေးမှာ ကိုရာက သူ့သားအန်ဒီနဲ့အတူ သူ့ယောကျာ်းဆီကနေ ထွက်ပြေးလာပြီး နယ်မြို့လေးတစ်ခုမှာသွားနေခဲ့တယ်
ဒန်ဒီရဲ့ 18နှစ်ပြည့်မွေးနေ့ရောက်ခါနီးမှာ အန်ဒီရဲ့ အမူအယာတွေပြောင်းလဲသွားပြီး မကောင်းဆိုးဝါးဆန်လာတယ် ကိုရာဘာဆက်လုပ်မှာလဲ ?????

(အညွှန်းကို ဇွန်မြတ်နိုးဆွေမှရေးပေးထားပါတယ်)

Translator – Waihan Lin Htin
Encoder – Zon Myat Noe Swe

Leave a Reply

Your email address will not be published. Required fields are marked *