/
Wild Wild West (1999)

Wild Wild West (1999)

1999တုန်းကထွက်ရှိထားပြီး Will Smith, Kevin Kline နဲ့ အတူ ကျွန်တော့်အသဲစွဲ မမကြီး Salma Hayek တို့ ပါဝင်ထားတဲ့
Wild Wild West ဆိုတဲ့ အက်ရှင်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းပုံစံလေးကတော့ ပြည်တွင်းစစ်သူရဲကောင်းဟောင်းတစ်ယောက်ဖြစ်ပြီး သေနတ်ပစ်ကျွမ်းတဲ့ လက်ရုံးရည်သမား Jim West နဲ့ ရုပ်ဖျက်အရမ်းကျွမ်းပြီး တီထွင်ညဏ်အရမ်းရှိတဲ့ နှလုံးရည်သမား Artemus Gordon တို့နှစ်ယောက်
သမ္မတရဲ့ တာဝန်ပေးမှုကြောင့် သိပ္ပံပညာရှင် လူဆိုးကြီး Dr. Arliss Loveless ကို တားဆီးဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။ ဇာတ်အိမ်က ရိုးရိုးလေးဖြစ်ပေမယ့် လက်ရုံးရည်သမားနဲ့ နှလုံးရည်သမားတို့ အချင်းချင်းပညာပြိုင်တာတွေ စကားနိုင်လုတာတွေက ဟာသမြောက်လှပြီး ထိုခေတ်ထိုအခါက အရည်အသွေးမနိမ့်ဘူးလို့ ပြောလို့ရမယ့် အထူးပြုလုပ်ချက်တွေကိုပါ ကြည့်ရမှာဖြစ်လို့ အချိန်ပေးရတာ တန်မယ့်ကားလေးတစ်ကားဖြစ်တယ်ဆိုတာ အသေအချာပါပဲ။

(DVDRip ကို 1080p နဲ့ ပြန်ကုဒ်ပေးထားတာဖြစ်သောကြောင့် စာတန်းထိုး လွဲချော်မှုများရှိရင် ခွင့်လွှတ်ပေးကြပါကုန်)

Encoded by Myo Khant

Genre: , , , Director: Actors: , , , Country: Released: 30 Jun 1999
Score: 4.9 Duration: 106 min Quality: 1080p Years: View: 2,366