/
When We First Met (2018)

When We First Met (2018)



Genre: , , Director: Actors: , , , Country: Released: 09 Feb 2018 Score: 6.4 Duration: 97 min Quality: 1080p Years: View: 4,436

ဟာသဇာတ်​မြူး​တွေအများဆုံးရိုက်​​လေ့ရှိတဲ့
Adam DeVine နဲ့ အလှနတ်​ဘုရားမ​လေး
Alexandra Daddario တို့တွဲဖက်ထားတဲ့
ဒီဇာတ်​ကား​လေးကလည်း Timeline Loop
အမျိုးအစားထဲမှာပါဝင်​​နေပြန်​ပါတယ်

ဇာတ်​လမ်းအ​ကျဉ်း …
Noah Ashby ဆိုတဲ့​ကောင်​​လေးဟာ
Avery Martin ဆိုတဲ့​ကောင်​မ​လေးကို
လွန်​ခဲ့​သော ၃နှစ်​​လောက်​က Holloween party
တစ်​ခုမှာမြင်​မြင်​ချစ်​ကြိုက်​ခဲ့မိ​ပေမယ့်
Avery ဘက်​က​တော့ ​သူငယ်​ချင်းထက်​မပိုပဲ
နောက်​ထပ်​တစ်​ခြား​လူတစ်​​ယောက်​နဲ့​စေ့စပ်ဖြစ်​ခဲ့ပါတယ်
ချစ်​သူရဲ့ ​စေ့စပ်​မင်္ဂလာပွဲကို​လာ​ရောက်​တတ်​​ပေးတဲ့
Noah ဟာပွဲမှာတည်​ခင်းဧည့်​ခံတဲ့အရက်​​တွေကို
အလွန်​အကျွံ​သောက်​မိလိုက်​ရာက​နေ
သူတို့နှစ်​​ယောက်​ပထမဆုံး Date ဖြစ်​ကြတဲ့
Bar ဆိုင်​​လေးကို​ရောက်​သွားပြီး အဲ့ဒီဆိုင်​​မှာရှိတဲ့
ဓာတ်​ပုံရိုက်​စက်​ကြီး​ပေါ်ထိုင်​ပြီး အသည်းကွဲ​နေရင်း
အိပ်​​ပျော်​သွားရာက​နေ စပါ​တော့တယ်​ …..

Netflix က​နေထပ်​မံထွက်​ရှိခဲ့ပြီး Timeline Loop
Comedy Type ဖြစ်​တဲ့အတွက်
ဇာတ်​လမ်းကအ​ထွေအထူး​ပြောစရာမရှိ
ပေါ့​ပေါ့ပါးပါး​လေးသွားထား​ပေမယ့်​လည်း
တကယ်​တမ်းကြည့်​မယ်​ဆိုရင်​ဒီကားမှာလည်း
သင်​ယူစရာ​လေး​တွေ သတိပြုစရာ​လေး​တွေ
ရှိ​နေပြန်​ပါတယ် ၊ ကိုယ်​ကချစ်​တယ်​လို့ထင်​ခဲ့မိ​ပေမယ့်
တကယ်​တမ်း ကိုယ်​နဲ့မအပ်​စပ်​ ဖူးစာမပါလို့မစုံတာကို
အတင်းကြီးလုပ်​ယူကြိုးစား​နေတဲ့အခါ
ကိုယ်​နဲ့သင့်​​တော်​ပြီး ထိုက်​တန်​တဲ့သူ​တွေကို
သတိမပြုမိပဲ လွဲ​ချော်​သွားတတ်​တယ်​ဆိုတာ​လေးကို
ပြသသွားတာမို့ တစ်​ဖတ်​သတ်​အချစ်​နဲ့
ကြိတ်​ချစ်​​နေရတဲ့သူ​တွေအဖို့ စိတ်​​ပြောင်းလဲဖြစ်​ပြီး
အလင်းရ​စေမယ့်​ဇာတ်​ကားဆိုလည်းမမှားပါဘူး။

Review by David Harry
Encoded by Myo Khant

Leave a Reply

Your email address will not be published. Required fields are marked *