/
Villain (2017)

Villain (2017)



Genre: , , Director: Actors: , , , Country: Released: 27 Oct 2017 Score: 6.6 Duration: 143 min Quality: 720p Years: View: 6,949

Ajay ရိုက်ကူးထားတဲ့ Drishyam ဆိုတဲ့ကားကို
ကြည့်ဖူးပါသလား
အဲ့ဒီကားထဲက
အတန်းပညာနိမ့်ပါးတဲ့ လူတစ်ယောက်က
ရဲမင်းကြီးကို အနိုင်ယူခဲ့လို့ ပါးစပ်အဟောင်းသား ဖြစ်ဖူးပါသလား…

စင်စစ် အဲ့ဒီကားကို တောင်ပိုင်းမင်းသားကြီး
(Mohanlal)မိုဟန်လယ်က မူရင်းရိုက်ကူးခဲ့တယ်လို့ 
ပြောရင်
ခင်ဗျားတို့ ပိုပြီးတော့များ အံ့သြသွားမလား

ကဲထားပါတော့
အခုကားကတော့ အဲ့ဒီလိုဇာတ်ကားကောင်းတွေကို ရိုက်တတ်တဲ့
တောင်ပိုင်းမင်းသားကြီး
မိုဟန်လယ်နဲ့  အက်ရှင်မင်းသားချော ဗီရှောတို့  အပြိုင်ကြဲထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်

ဇနီးသည်နဲ့ သမီးငယ်တို့  ကားအက်ဆီးဒင့်ဖြစ်ပြီး
ဆုံးပါးသွားလို့  ရဲအလုပ်ကနေ အနားယူတော့မယ့်
ရဲအရာရှိ မစ္စတာမက်သရူးတစ်ယောက်…..
အိမ်ဟောင်းကြီးတစ်လုံးမှာ ဖြစ်တဲ့
သုံးလောင်းပြိုင် လူသတ်မှုနောက်ကို လိုက်လံစုံစမ်းရင်း
ဇနီးသည်နဲ့ သမီးငယ်တို့  သေဆုံးရခြင်း အကြောင်းအရင်းအမှန်ကို သိလာရတဲ့နောက်မှာ….

တောင်ပိုင်းမင်းသားတွေထဲမှာတော့
မင်းသားဗီရှောက စုံထောက်ဇာတ်ရုပ်နဲ့  တော်တော်လိုက်ဖက်တဲ့ မင်းသားဖြစ်ပြီး
လျှို့ ဝှက်သည်းဖိုကားတွေနဲ့ တော်တော် အံဝင်ခွင်ကျဖြစ်တဲ့ မင်းသားလည်း ဖြစ်ပါတယ်…
ဖိုက်တင်တွေ အိုက်တင်တွေ
အပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့ မင်းသားဗီရှောနဲ့ 
အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာကိုပြပေးမယ့်
မင်းသားကြီး မိုဟန်လယ်တို့ ရဲ့ 
အကောင်းဆုံး အားပြိုင်မှုကို
ဒီဇာတ်ကားလေးမှာ ခံစားကြည့်ရှုလိုက်ပါ။

Review Credit: Ko Myint Thu (MLMC)
Translated by Myo Khant
Encoded by Myo Khant

Comments are closed.