/
Venom (2018) HC HDRip

Venom (2018) HC HDRip

ဇာတ်​လမ်းအကျဉ်း
———————-

Symbiotic lifeforms လို့​ခေါ်တဲ့ သက်​ရှိနှစ်​မျိုးကို ကူး​ပြောင်း​ပေါင်းစပ်​နိုင်​တဲ့ သက်​ရှိမျိုးစိပ်​ ၄ ​ကောင်​ကို သယ်​​ဆောင်​လာတဲ့ Life Foundation ရဲ့ ယာဉ်​ဟာ Malaysia မှာ ပျက်​ကျသွားခဲ့ပြီး​နောက်​ တစ်​​ကောင်​ဟာ လွတ်​​မြောက်​သွားခဲ့တယ်​ ။ ကျန်​ ၃ ​ကောင်​ကို​တော့ San Francisco ကို အမှားအယွင်းမရှိသယ်​​ဆောင်​လာခဲ့တယ်​ ။ Life Foundation ရဲ့ CEO ဖြစ်​သူ Carlton Drake ဟာ ဒီ Symbiosis ​တွေအ​ကြောင်း အ​တော်​ကို စိတ်​ဝင်​စား​နေခဲ့တယ်​ ။

Eddie Brock ဟာ ဂျာနယ်​လစ်​တစ်​​ယောက်​ဖြစ်​ပြီး သူနဲ့စေ့စပ်​ထားပြီးသားချစ်​သူ Anne Weying နဲ့အတူ ​နေထိုင်​​နေတာပါ ။ တစ်​ရက်​မှာ Brook ဟာ Life Foundation ရဲ့ လူသား​တွေကို စမ်းသပ်​မှုပြုလုပ်​​နေတဲ့အ​ကြောင်း သွား​ရောက်​ ​မေးမြန်းရင်း Brook နဲ့ Darke တို့ ထိပ်​တိုက်​​ရင်​ဆိုင်​​တွေ့ရပါ​တော့တယ်​ ။ အဲဒီ​နောက်​ Brook နဲ့ Anne တို့လည်း အလုပ်​ပြုတ်​ခဲ့ရပြီး နှစ်​ဦးသားလမ်းခွဲခဲ့ရပါ​တော့တယ်​ ။

၆လကြာပြီးတဲ့​နောက်​ Darke ဟာ ဒီ Symbiosis အ​ကြောင်း​အ​တော်​က​လေး​လေ့လာသိရှိလာပါတယ်​ ။ ဒါ​ပေမဲ့ Dora Skirth ဆိုတဲ့ Darke ရဲ့ သိပ္ပံပညာရှင်​တစ်​​ယောက်​က Darke ရဲ့ နည်းလမ်း​တွေကို သိပ်​မနှစ်​မြို့ပါဘူး ။ ဒီလိုနဲ့ သူမဟာ Brook ကို Life Foundation ကို တိတ်​တဆိတ်​​ခေါ်သွားပြီး Life Foundation လုပ်​​ဆောင်​​နေတာ​တွေကို ​ဖော်​ထုတ်​ဖို့ ကူညီခဲ့ပါတယ်​ ။

ဒီလိုနဲ့ Brook ဟာ Life Foundation ရဲ့ လုပ်​​ဆောင်​ချက်​​တွေကို ဓာတ်​ပုံရိုက်​မှတ်​တမ်းတင်​ပြီးတဲ့​နောက်​ Darke ရဲ့ စမ်းသပ်​ခံလူတစ်​​ယောက်​ဖြစ်​တဲ့ Maria ကို လွတ်​​မြောက်​​အောင်​လုပ်​လိုက်​တဲ့အခါ Maria ဟာ Brook ကို တိုက်​ခိုက်​ခဲ့ပြီး Maria ခန္ဓာကိုယ်​ထဲက Symbosis ဟာ Brook ခန္ဓာကိုယ်​ထဲ ကူး​ပြောင်းသွားပြီးတဲ့​နောက်​ …..

ဇာတ်​ကားအ​ပေါ်အမြင်
————————–

ကောင်းတဲ့အချက်​က​နေ စ​ပြောရရင်​ ဒီဇာတ်​ကားဟာ အချိန်​ ၁ နာရီ ၂၀ အတွင်းမှာ လုံးဝပျင်းစရာ မ​ကောင်းခဲ့ဘူး ။ ကြည့်​တဲ့သူကို လုံးဝမနားရ​အောင်​ ဆွဲ​ဆောင်​သွားနိုင်​ခဲ့ပါတယ်​ ။ CGI ​လည်း မဆိုးတာမို့ ကြည့်​ရသာ အရသာရှိပါတယ်​ ။

နောက်​တချက်​က Soundtrack အ​တော်​က​လေး ​ကောင်းပါတယ်​ ။ ကျွန်​​တော်​အကြိုက်​အ​တွေ့မိဆုံးက Soundtrack ပါပဲ ။ ဒီဇာတ်​ကားမှာ ဟာသအချို့ကို ထည့်​သွင်းထားပြီး ကြည့်​ရတာ ​ပေါ့ပါး​စေပါတယ်​ ။ ဒီလို ဟာသအချို့နဲ့ ​ပေါ့​ပေါ့ပါးပါး​ခေါ်သွားမို့ အချိန်​ကုန်​မှန်းမသိခဲ့လိုက်​ဘူး ။

အားနည်းချက်​က ဇာတ်​ညွှန်းလို့ မြင်​မိတယ်​ ။ ဒီလို​ပြောတာဟာ ဇာတ်​ညွှန်းမ​ကောင်းဘူးလို့ ဆိုလိုတာ မဟုတ်​ရပါ ။ သို့်​သော်​ ဇာတ်​ညွှန်းဟာ တ​ဖြောင့်​ကြီးသွား​နေတာမို့ တချို့သူ​တွေကို အနည်းငယ်​ အီ​စေပါတယ်​ ။

နောက်​တစ်​ချက်​က ဒီဇာတ်​ကား အချစ်​ ၊ အလွမ်း​လေး​တွေကို ထည့်​ထားတာဟာ သ​ဘောကျ ချင်​စရာ​ကောင်း​ပေမဲ့ သိပ်​ထူးထူးခြားခြားခံစားမှုမျိုးမရတာကလည်း အားနည်းချက်​ဖြစ်​သွားတယ်​လို့ မြင်​ပါတယ်​ ။

Final Fight Scene က​တော့ Black Panther နဲ့ ဆန့်​ကျင်​ဘက်​ပါပဲ ။ Black Panther မှာ CGI ညံ့​​ပေမဲ့ အရသာအ​တော်​အ​တော်​​တွေ့ခဲ့ရတယ်​ ။ ဒီဇာတ်​ကားမှာ​တော့ Final Fight Scene ကို အရသာမ​တွေ့ရုံမက အီလည်​လည်​ပါဖြစ်​သွား​စေတယ်​ ။

ဆိုရရင်​ ဒီဇာတ်​ကားဟာ အ​တော်​ကြည့်​လို့​ကောင်းတဲ့ဇာတ်​ကားလို့ ဆိုနိုင်​ပါတယ်​ ။ ဒါ​ပေမဲ့ ဇာတ်​ညွှန်းဟာ ရိုးရှင်းလွန်းပြီး Final Fight Scene မှာ အဖျားရှူးသွားပါတယ်​ ။ ဒါ​ကြောင့်​လည်း Critic ​တွေ မကြိုက်​ကြတာလို့ မြင်​မိပါတယ်​ ။ သို့​သော်​လည်း Venom ပရိတ်​သတ်​​တွေ ရုံမှာသွားကြည့်​ဖို့ ထိုက်​တန်​ပါတယ်​ ။

ရုပ်​ရှင်​အညွှန်းအား Movie Short Review facebook page မှ ကောက်​နုတ်​ဖော်​ပြထားပြီး Team Mmsub မှ အောင်​ပြည့်​ကျော်​၊
အောင်​မြတ်​သူ၊ ကျော်​ဇင်​လင်း တို့မှ ဘာသာပြန်​တင်​ဆက်​ပေးထားပါတယ်​။

Translated by Team Mmsub
Encoded by Aung Myat Thu

Genre: , Director: Actors: , , , Country: , Released: 05 Oct 2018
Score: 7.0 Duration: 112 min Quality: 720p Years: View: 12,252