![Supernatural (2005) [Season 5] Completed](https://image.tmdb.org/t/p/w342/iS7zar0YRMuziFHipxXySt3q1rt.jpg)
Wanda Vision ဆိုတဲ့ Comic Series ကတော့ Marvel Studio က Heros တွေဖြစ်တဲ့ Wanda နဲ့ Vision အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ် ။ အပြင်လောကမှာ သေသွားပြီဖြစ်တဲ့ Vision ဟာ ဒီ Pocket Reality လို့ခေါ်တဲ့ နေရာတစ်ခု မြို့တစ်မြို့ မှာ Wanda နဲ့အတူ ပျော်စရာ ဇနီးမောင်နှံအဖြစ် ရောက်လာသလိုမျိုး အစချီထားပါတယ် ။
Wanda ဟာ Vision တစ်ယောက်သေပြီးသားဆိုတဲ့အကြောင်းအရာတွေအပြင်၊ အပြင်လောကမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာတွေကို မေ့ပြီး ဒီ Pocket Reality ထဲမှာ တစ်ဖန်ပြန်ပြီး ဖန်တီးခံထားရပါတယ် ။ ဒီ Pocket Reality ဆိုတာကတော့ Jersey အနီးမှာဖြစ်လောက်တယ်ဆိုတာကိုလည်း plot မြှပ်ကွက်တွေအရသိနိုင်ပါတယ် ။ ဒီ Pocket Reality ထဲရောက်လာတဲ့ Wanda နဲ့ Vision ကို Marvel ရဲ့ နတ်ဆိုး Mephisto ဟာ သူ့အစေအပါးတွေကို ဘယ်လိုခိုင်းစေပြီး သူတို့ နှစ်ယောက်ကို ဘယ်လို ထောက်လှမ်းမလဲ စောင့်ကြည့်ပြီး ဘယ်လိုထိန်းချုပ်ကြမလဲ ဆိုတာကို အပိုင်းတစ်ပိုင်းချင်းစီတိုင်းမှာ စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ် ။
ဒီနတ်ဆိုး Mephisto ကရော သူငရဲပြည်ကလွတ်အောင်ကြိုးစားနေတာလား ၊အဲ့လိုဆိုရင်ရော ဘယ်လိုကြိုးစားမှာလဲ ။ သူတို့နှစ်ယောက် ရောက်နေတဲ့ နေရာ ကရောလုံခြုံရဲ့လား အိမ်နီးချင်းတွေကရော ယုံကြည်ရရဲ့ လား ဆိုတာစိတ်ဝင်စားစရာပါပဲ ။ Mephisto နတ်ဆိုးနဲ့ S.W.O.R.D agents တွေကရော သူတို့နှစ်ယောက် အနားကို ဘယ်လိုချဉ်းကပ်လာကြမလဲ ၊ ပြင်ပက အန္တရာယ်တွေကရော ဒီ Pocket Reality ထိဒုက္ခလိုက်ပေးနိုင်ပါ့မလား။ ဒီအန္တရာယ်အတိုက်အခိုက်တွေကိုရော Wanda နဲ့ Vision သူတို့နှစ်ယောက် ဘယ်လိုသိပြီး ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ် ။
အပိုင်းတစ်ပိုင်းရဲ့ Running time က နည်းပေမယ့် ဇာတ်လမ်းဇာတ်ကွက် အသေးစိတ်ကျတာအပြင် တစ်ပိုင်းစီတိုင်းမှာ မြှပ်ထားတဲ့ Easter eggs , hidden plot တွေ တကယ်ကို အများကြီးထည့်ထားပါတယ် ။ ပြောရရင် ပါတဲ့ နောက်ခံတေးသီချင်းတွေက အစ ဇာတ်လမ်းသဲလွန်စ မြှပ်ကွက် တွေဖြစ်နေတတ်တာပါ ။ Easter eggs ရှာရတာ နှစ်သက်တဲ့သူတွေအတွက် ဒီ Series လေးကိုအကြိုက်တွေ့မှာသေချာပါတယ် ။ သူတို့နှစ်ယောက်ရဲ့ တစ်ပိုင်းစီတိုင်းမှာမတူတဲ့ရယ်စရာ အလွဲလေးတွေကိုလည်းကြည့်ရှုရမှာပါ ။
ဒေါင်ပြီးကြည့်တဲ့အခါ အသံမထွက်ဘူး အသံမရဘူးဆိုသူများ ဒီနေရာလေး ကိုနှိပ်ပြီး အရင်ဖတ်ကြည့်ပေးပါ။