![Supernatural (2005) [Season 5] Completed](https://image.tmdb.org/t/p/w342/iS7zar0YRMuziFHipxXySt3q1rt.jpg)
The UNTAMED ( 陈情令) ဆိုတဲ့ဇာတ်လမ်းလေးက စာရေးဆရာမ Mo Xiang Tong Xiuရေးသားထားတဲ့ Mo Dao Zu Shi (魔道祖师) Novel ကို LA အဖြစ်နဲ့ ပြန်လည်ရိုက်ကူးထားတာပါ။
မူရင်း Novel က BL ဖြစ်ပေမယ့် LA မှာတော့ Bromance အဖြစ်မြင်တွေ့ရမှာပါ။
လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်မှာ ကျင့်ကြံသူလောကကို အုပ်ဆိုးခဲ့တာက ချီရှန်းဝမ်းဂိုဏ်းပါ…။ အဲဒီ ချီရှန်းဝန်းဂိုဏ်းဟာ ကူးစူးလန်ဂိုဏ်း ၊ ချင်းဟယ်နျဲ့ဂိုဏ်း ၊ ယွင်မုန့်ကျန်းဂိုဏ်းနဲ့ လန်လင်ကျင်းဂိုဏ်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်…။
ပျော်ပျော်နေတတ်ပြီး လွတ်လပ်တဲ့စိတ်ထားကိုပိုင်ဆိုင်သလို ဥာဏ်လည်းများတဲ့ ယွင်မုန့်ကျန်းဂိုဏ်းရဲ့ ပထမဆုံးတပည့် ဝေ့ဝူရှန့်ဟာ ကူးစူးလန်ဂိုဏ်းမှာ ပညာသွားသင်ရင်း မာနကြီးတဲ့ လန်ဒုတိယသခင်လေး လန်ဝမ့်ကျီးရဲ့ ပထမဆုံး သူငယ်ချင်းဖြစ်လာခဲ့ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံသူလောက စွန့်စားခန်းမှာ အရှုတ်အထွေးပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ချီးရှန်းဝမ်းဂိုဏ်းရဧ့ မိစ္ဆာဆန်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် မှောက်နက်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနေတယ်လို့ သတင်းတွေထွက်လာခဲ့တဲ့ ဝေ့ဝူရှန့်ဟာ….. သေဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာတော့ ကျင့်ကြံသူလောကမှာ သူ့အကြောင်းဟာ ဆိုးရွားလွန်းတဲ့ဒဏ္ဍာရီတစ်ပုဒ်အဖြစ်တွင်ကျန်ရစ်ခဲ့ပါတယ်။
တစ်နေ့မှာတော့… မော့ကျေးရွာရဲ့ အနှိမ်ခံ မော့ရွှမ်းယွီဆိုတဲ့လူငယ်လေးဟာ လက်စားချေဖို့အတွက် ဝေ့ဝူရှန့်ရဲ့ဝိညာဉ်ကိုဆင့်ခေါ်ပြီး ခန္ဓာကိုယ်အပ်နှင်းခဲ့ပါတယ်။
အဲဒီအခါမှာ တဖန်ပြန်လည်အသက်ရှင်လာခဲ့တဲ့ ဝေ့ဝူရှန့်ဟာ လန်ဝမ့်ကျီးနဲ့ ဘယ်လိုပြန်ဆုံမှာလဲ။ ဘယ်လိုအခက်အခဲ ပြသနာတွေကို ရင်ဆိုင်ရဦးမှာလဲဆိုတာကို စိတ်ဝင်စားဖွယ် ဖန်တီးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။