![The Expanse (2015) [Season 5]](https://image.tmdb.org/t/p/w342/5vQlVWkIMPhZ88OWchJsgwGEK9.jpg)
ဒီ series ကတော့ Marvel ဖန်တွေအတွက် marvelရဲ့ Phase 4 က show အသစ်ပါ။
The Falcon နဲ့ The Winter Soilder ကိုတော့ လူတိုင်းသိမှာပါ နှစ်ယောက်လုံးကို Captain America ရုပ်ရှင်တွေမှာ စမိတ်ဆက်ပေးခဲ့တာပါ။ Cap ရဲ့ Best friend 2 ယောက်လို့လဲပြောလို့ရပါတယ် ခု ဒီဇာတ်လမ်းမှာတော့ ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်တွေအဖြစ်နဲ့ အဓိကထားထားပါတယ်။
ဒီ showရဲ့ timeline ကတော့ Avengers : endgame အဖြစ်အပျက်တွေဖြစ်ပြီး လအနည်းငယ်အကြာလို့ သိရပါတယ်… Thanos ကြောင့် အမှုန့်ဖြစ်သွားတဲ့ လူတစ်ဝက်လဲ ပြန်ရောက်လာပြီး တစ်ကမ္ဘာလုံး ရှုပ်ရှက်တွေခတ်နေကြတယ် Civil War အပြီးတုန်းက Bucky က Wakanda ရောက်ပြီး Sam က Cap နဲ့အတူ ဝရမ်းပြေးဖြစ်တယ် …
Sam နဲ့ Bucky နှစ်ယောက်လုံးကလည်း Thanos လက်ချက်မိပြီး အမှုန့်ဖြစ်သွားခဲ့တဲ့ထဲပါပါတယ် Endgameမှာ Battle မှာမှ ပေါ်လာကြတာပါ အဲ့တော့ ၂ယောက်လုံးက 5 နှစ် အချိန်ဆုံးရှုံးထားတယ် ..
ခု အခြေအနေတွေမတည်ငြိမ်နဲ့ ကမ္ဘာကြီးမှာ ဘယ်လိုနေကြမလဲ ဒီ နှစ်ယောက် ဘယ်လိုကနေ ဘယ်လို အတူတွဲမိသွားမလဲ Endgame အဆုံးမှာ Cap က Sam ကိုပေးခဲ့တဲ့ သူ့ဒိုင်းကိုရော Sam ဘာလုပ်မလဲ Villain အသစ်တွေကိုရော ဘယ်လိုရင်ဆိုင်ကြမလဲ Avengers တွေကလဲ တကွဲတပြားဖြစ်နေပြီး တစ်ဝက်လောက်မရှိတော့ဘူးဆိုတော့ ဘာဆက်ဖြစ်မလဲ ဆိုတာရော Action အခန်းကောင်းကောင်းတွေရော ကြည့်ရမှာပါ