![The Forgotten Army – Azaadi ke liye (2020) [Season 1] Completed](https://image.tmdb.org/t/p/w342/iEKRHJB9lb4qT56h6Pf6aulLmXr.jpg)
4th Century မှာပါ။ လူတွေက နေအဖွဲ့အစည်းထဲမှာ သွားလာနေထိုင်နေကြတယ်။ အဖွဲ့ကြီး ၃ ဖွဲ့ဆိုပြီး ခွဲလို့ရတယ်။ Earth, Mars နဲ့ Belt တဲ့။ Earth ကို UN က အုပ်ချုပ်တယ်။ နေအဖွဲ့အစည်းအတွင်း အကြီးမားဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားတယ်။
Mars ကတော့ Earth အောက်ကနေ ခွဲထွက်သွားတဲ့သူ။ Mars ကို Martian Congressional Republic က အုပ်ချုပ်တယ်။ Earth ထက်စာရင် လူဦးရေရော စစ်အင်အားရော အများကြီးနည်းပေမဲ့ နည်းပညာပိုင်းမှာ ပိုမြင့်တယ်။ စစ်ယာဉ်ပျံတွေက ပိုသစ်တယ်။
Earth နဲ့ Mars က မတည့်ဘူး။ အမြဲတမ်းနီးပါး စစ်ဖြစ်ဖို့ တာဆူနေတယ်။ နှစ်ဖက်လုံးမှာ တစ်ဖက်ကိုမုန်းတီးလို့ ဆော်ထည့်လိုက်မယ်လို့ တေးနေတဲ့သူတွေ ရှိပေမဲ့ စစ်ဖြစ်ရင် နှစ်ဖက်လုံး အထိနာမှာမို့လို့ တတ်နိုင်သလောက် ရှောင်နေကြလို့သာ စစ်မဖြစ်သေးတာ။ Earth နဲ့ Mars တို့ရဲ့ အပြင်ဘက်၊ နေအဖွဲ့အစည်းကြီးအလယ်က asteroid “belt” မှာ နေထိုင် အလုပ်လုပ်နေကြတဲ့ Belter တွေရှိတယ်။ သူတို့ကတော့ ဟို ၂ ဖွဲ့လုံးအောက်က ဖိနှိပ်ခံတွေပေါ့။ ဒါကြောင့်မို Inners တွေကို ဆန့်ကျင့်ပြီး သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေအတွက် ထကြွ လှုပ်ရှားဖို့ ပြင်နေကြတယ်။
အဲအချိန်မှာ ဇာတ်လိုက် James Holden ဆိုတာ Cantebury ဆိုတဲ့ ယာဉ်ပျံပေါ်မှာ အလုပ်လုပ်တယ်။ Belt က စခန်းတစ်ခုကို ရေခဲတုံးလာပို့တာ။ ရေခဲတုံးကြီးတွေကနေပဲ ရေနဲ့ လေ ပြန်လုပ်ကြတာကိုး။ ရောက်ခါနီး လမ်းမှာ အကူအညီတောင်းခံတဲ့ အချက်ပေးမှု တစ်ခုကို တွေ့တယ်။ ဒါနဲ့ပဲ အကူအညီလိုရင် ပေးရအောင်၊ ကယ်တင်ရအောင် အချက်ပေးတဲ့ နေရာကို သွားရာကနေ James Holden ရဲ့ ဘဝသာမကဘဲ နေအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ ရှေ့ရေးနဲ့ ဖြစ်တည်မှုကိုပါ ပြောင်းလဲ အဆုံးအဖြတ်ပေးမဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်လာပါတော့တယ်။
(အညွှန်းကို DatShin page မှ ပြန်လည်ကူးယူဖော်ပြသည်။)