
ဆမ်နဲ့အဒမ်လှောင်ချိုင့်ထဲကျသွားပြီးနောက်မှာ ဒင်းန်ကမုဆိုးအလုပ်ကအနားယူပြီး ဆမ်ကိုကတိပေးထားတဲ့အတိုင်း လီဆာတို့သားအမိနဲ့အတူ သာမန်ဘဝမှာနေထိုင်နေတာ တနှစ်လောက်တောင်ရှိသွားပါပြီ။
ဆောက်လုပ်ရေးအလုပ်သမားတယောက်အဖြစ်နေထိုင်နေတဲ့ ဒင်းန်ဆီကို အမဲလိုက်စရာအမှုကအလိုလိုရောက်ရှိလာပါတယ်။ ဂျင်လို့ခေါ်တဲ့သတ္တဝါတကောင်ကိုလိုက်ရင်း ဂျင်ဆိပ်မိသွားတဲ့ဒင်းန်ကို ဆမ်ကကယ်တင်ထားပြီး သေပြီလို့ထင်ခဲ့တဲ့ အဖိုးနဲ့အမျိုးတချို့နဲ့ပါ ဒင်းန်ကိုမိတ်ဆက်ပေးလိုက်တဲ့အခါ လီဆာနဲ့ဘန်ကိုထားခဲ့ပြီး အမဲလိုက်တဲ့အလုပ်ကိုပဲဆက်လုပ်ဖို့ ဒင်းန်ဆုံးဖြတ်လိုက်ရပါတော့တယ်။
လှောင်အိမ်ထဲကျသွားတဲ့ဆမ်က ဘယ်လိုအသက်ပြန်`ရှင်လာခဲ့သလဲဆိုတာတော့ ဒီ season ရဲ့အကြီးဆုံးမေးခွန်းကြီးဖြစ်နေပါတယ်