
season 2 နောက်ဆုံးပိုင်းမှာ ဓားနဲ့ထိုးခံလိုက်ရတဲ့ဆမ်က သေသွားပေမဲ့ ဒင်းန်ကလမ်းဆုံနတ်ဆိုးမနဲ့ အပေးအယူလုပ်ပြီး သူ့ညီကိုအသက်ပြန်ရှင်စေပါတယ်။ တခြားလူတွေအတွက် စာချုပ်သက်တမ်းက10နှစ်ဆိုပေမဲ့ ဒင်းန်အတွက်ကတော့ 1နှစ်ပဲရလိုက်ပါတယ်။ ဒါကိုဆမ်သိသွားတဲ့အခါ စာချုပ်ကိုကိုင်ထားတဲ့နတ်ဆိုးနောက်ကို လိုက်ဖို့ကြိုးစားပါတော့တယ်။
အရင် season တွေထက်ပိုပြီး နတ်ဆိုးတွေအများကြီးကို ညီအကို၂ယောက်ထဲရင်ဆိုင်ကြရဦးမှာဖြစ်ပါတယ်။