![The Forgotten Army – Azaadi ke liye (2020) [Season 1] Completed](https://image.tmdb.org/t/p/w342/iEKRHJB9lb4qT56h6Pf6aulLmXr.jpg)
season 1 နောက်ဆုံးပိုင်းမှာနတ်ဆိုးဝင်ပူးထားတဲ့ ကားဒရိုင်ဘာက ဂျွန် ဆမ်နဲ့ဒင်းန်တို့ရဲ့ကားကိုဝင်တိုက်လိုက်တာကြောင့် ဒီ season ရဲ့ပထမဆုံးအပိုင်းမှာ သားအဖ ၃ ယောက်လုံးဆေးရုံရောက်နေကြပါတယ်။
ဂျွန်နဲ့ဆမ်ကဒဏ်ရာသိပ်မပြင်းကြပေမဲ့ ဒင်းန်ကတော့ ဆေးရုံထဲမှာဝိဉာဉ်လွင့်ပြီးလျှောက်သွားနေရမှာပါ သေလုမျောပါးဖြစ်နေတဲ့သားကိုကယ်နိုင်ဖို့ မဲရူးရဲဆန်စွာ ဆုံးဖြတ်လိုက်တဲ့ဂျွန်ရဲ့ အပေးအယူကြောင့် ဒင်းန်ကပြန်ရှင်လာခဲ့ပေမဲ့ ဂျွန်ကတော့သေဆုံးသွားရပါတယ်။ မျက်လုံးဝါနောက်ဆိုးကို အဖေမပါဘဲ ညီအကို၂ယောက်ထဲဆက်လိုက်ကြမဲ့ ဆမ်နဲ့ဒင်းန်တို့ရဲ့ စွန့်စားခန်းတွေနဲ့ ဆမ်ကဘာလို့ထူးခြားနေရလဲဆိုတဲ့ အဖြေတွေကို ဒီseason မှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။