![The Expanse (2015) [Season 1] completed](https://image.tmdb.org/t/p/w342/wikmaI7OVqmq2O9HfknkzxX6Ygu.jpg)
အခုမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ Sex Education ပဲဖြစ်ပါတယ် Netflix ရဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး rating ကောင်းကောင်းရထားတဲ့ကားလေးပါ
season ကတော့နှစ်ခုထွက်ရှိပြီးဖြစ်ပါတယ် Age limitedကတော့18+ပါ အနောက်ပိုင်းနိုင်ငံတွေရဲ့ပွင့်လင်းတဲ့အနေအထားနဲ့ Sex Educationအကြောင်းကိုရိုက်ပြထားတဲ့ကားလေးပါ
ဒီကားလေးမှာ မော်ဒဲလ်ကျောင်းမှာတက်နေတဲ့ အိုတစ်စ်ဆိုတဲ့ကောင်လေးက ပွင့်လင်းမြင်သာတဲ့အမြင်ရှိတဲ့ sex therapist အမေနဲ့တူတူနေရတဲ့ ကောင်လေး သူ့မှာလည်းလိင်ပိုင်းဆိုင်ရာပြဿနာတစ်ခုရှိပြီး အမေ့အကူအညီမယူဘဲသူ့ဘာသာဖြေရှင်းနိုင်စွမ်းရှိတယ်လို့ယုံကြည်တဲ့ကောင်လေးပါ
တစ်နေ့တော့ သူတစ်ယောက်တည်းမဟုတ်ဘဲသူ့ကျောင်းက တော်တော်များများက sex problemsတွေရှိတယ်ဆိုတာသိသွားတဲ့အခါမှာတော့ သူရယ် မေ့ဗ်ဝိုင်လီဆိုတဲ့ကောင်မလေးရယ် သူ့ရဲ့ဂေးသူငယ်ချင်း အဲရစ်ရယ်တို့နဲ့ပေါင်းပြီး underground clinic တစ်ခုကျောင်းမှာဖွင့်လိုက်ပါတော့တယ် နောက်ပိုင်းမှာတော့ ဘယ်သူတွေကဘယ်လိုပြဿနာတွေကြုံပြီး အိုတစ်စ်ကဘယ်လိုဖြေရှင်းပေးမလဲဆိုတာကတော့…