/
Togo 2019

Togo 2019



Genre: Director: Actors: , , , Country: Released: 20 Dec 2019 Score: N/A Duration: N/A Quality: 720P Wed-Dl Years: View: 927

Togo (2019)

ခွေးချစ်တတ်သူ ကိုယ့်အဖို့ခွေးလိမ္မာဇာတ်လမ်းတွေ
ကြည့်ဖြစ်တိုင်းဆိုသလို အသည်းကွဲပါတယ်
မကြည့်ရသေးခင်ထဲက အဆုံးသတ် ဒီလိုဖြစ်လာမယ်လို့
ကြိုသိနေပါသော်လည်း မ​ဖြစ်လာခင်
ဇာတ်လမ်းတဝက်မှာတင် ထိရှရတဲ့အခန်းလေးတွေ
ကြုံတွေ့လိုက်ရပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့
Togo ဇာတ်လမ်းအကြောင်းပြောပြရရင်….

Togo(Dog) ဆိုပြီးစာလုံးလေးကို Google မှာ
ရိုက်ရှာကြည့်လိုက်ရင် သူနဲ့အတူ Balto ဆိုတဲ့
ခွေးလေးတစ်ကောင်ရဲ့ နာမည်ကို
Popular Search ထဲမှာတွဲမြင်ရမှာဖြစ်ပြီး
အဲ့ဒီကပ်လျက်မှာတော့ မသိတဲ့သူမရှိတဲ့
သစ္စာရှင်ခွေးလေး Hachikō ကိုတွဲတွေ့ရပါမယ်

Balto ဆိုတဲ့နာမည်ကို ငယ်ငယ်ထဲကရင်းနီးနေတဲ့
သူတွေအတော်များများရှိကြမှာပါ
ဟုတ်ပါတယ် 1995 မှာ Disney ကပဲ
Animation ကာတွန်းကားလေးအဖြစ်
ထုတ်လုပ်ပြသခဲ့ပြီး အောင်မြင်ပြီးနောက်မှာ
2002 မှာ Balto 2 နဲ့ 2004 မှာ Balto 3 ဆိုပြီး
စုစုပေါင်း သုံးကားထွက်ရှိခဲ့ပါတယ်

Togo ဇာတ်လမ်းပြောမှာ ဘာဖြစ်လို့
Balto နဲ့ယှဥ်နေရလဲဆိုတော့ Togo ကြည့်ပြီးသွားရင်
နားလည်လာကြမယ်လို့ထင်ပါတယ်
Togo နဲ့ Balto နှစ်ကောင်လုံးဟာ
Intelligent, Outgoing, Alert, Friendly, Gentle
အစရှိတဲ့စွမ်းရည်တွေနဲ့ပြည့်စုံတဲ့
Siberian Husky မျိုးစိတ်ခွေးဖြစ်တာခြင်းတူသလို
သူတို့နှစ်ကောင်ရဲ့ ဇာတ်လမ်းနဲ့ နေရပ်ကလည်း
မကွာကြားကြပါဘူး ကွာခြားသွားတာဆိုလို့
ပိုင်ဆိုင်တဲ့သခင်နဲ့ လုပ်ဆောင်ပုံလေးပဲရှိပါတယ်

Togo ကို 1913 December 5 မှာပေါက်ပြီး
1929 မှာအင်မတန်တာဝန်ကျေတဲ့ Sled Dog ခေါင်းဆောင်အဖြစ်ဂုဏ်ယူစွာအသက်ကုန်ခဲ့ပါတယ်

” He’s not a Sled Dog, He’s a Lead Dog ”

စကားလေးက ဇာတ်လမ်းတစ်လျှောက်လုံးမှာ
ခေါင်းထဲစွဲနေစေခဲ့တယ်
Sleg Dog ဆိုတာကတော့ အာတိတ်ဒေသတွေမှာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀၀ လောက်ထဲက
သေချာလေ့ကျင့်သင်ကြားပေး ထားတဲ့
စွတ်ဖားဆွဲတဲ့ခိုင်းခွေးတွေပဲဖြစ်ပါတယ်

ဒီနေရာမှာ Togo လေးက ဘယ်လိုအကြောင်းတွေနဲ့
Lead Dog ဖြစ်လာပြီး ဘာတွေနဲ့ရင်ဆိုင်ခဲ့ရလို့
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ရဲ့
Seward ပန်းခြံမှာ အသိအမှတ်ပြု ရုပ်ထုနဲ့
သူရဲကောင်းတင်ခံခဲ့ရတယ်ဆိုတဲ့အကြောင်းကို
မြင်တွေ့ရမှာ​ဖြစ်ပါတယ်

ထိုနည်းတူစွာပဲ 1919March 14 မှာပေါက်ဖွားပြီး
1933 မှာအသက်တိမ်းပါးသွားတဲ့
Balto ကိုလည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ
စင်ထရယ်ပန်းခြံမှာ လေးစားအသိအမှတ်ပြု
ရုပ်ထုထားရှိခဲ့ကြပါတယ်

ဇာတ်လမ်းအကျဥ်းကိုအနည်းငယ်ပြောရင်
1925 အာတိတ်စက်ဝိုင်း တောင်ဘက်ရှိ
Nome, Alaska မြို့လေးမှာ
Leonhard “Sepp” Seppala ဆိုသူနဲ့ဇနီးဖြစ်သူတို့ဟာ
Sled Dog တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်

တနေ့မှာတော့ သွားရေးလာရေးခက်ခဲကြမ်းတမ်းပြီး
ဆက်သွယ်ရေးအလွယ်အတူမရှိတဲ့ အဆိုပါမြို့လေးရဲ့
အိမ်တစ်လုံးသာသာရှိတဲ့ဆေးရုံမှာ
ရောဂါဆိုးတစ်ခုကြောင့်စုပြုံရောက်လာတဲ့
ကလေးလူနာတွေကိုကုသရန် ဆေးဝါးတွေကို
အသွားအပြန် မိုင် ၂၄၀ ကျော်ဝေးကွာတဲ့နေရာမှာ
သွားရောက်ယူဆောင်ဖို့ဖန်လာတဲ့အကြောင်း
ရိုက်ကူးထားတာဖြစ်ပါတယ်
ဖြစ်ရပ်မှန်ကိုအခြေထားတာဖြစ်တဲ့အပြင်
ခွေးချစ်သူတို့အဖို့ ဒီဇာတ်လမ်းကို
အခုလိုဆောင်းရာသီအကုန်ခင်ကာလမှ ကြည့်ဖို့
အသင့်တော်ဆုံးလည်းဖြစ်ပါတယ်

Togo (2019)

ေခြးခ်စ္တတ္သူ ကိုယ့္အဖို႔ေခြးလိမၼာဇာတ္လမ္းေတြ
ၾကည့္ျဖစ္တိုင္းဆိုသလို အသည္းကြဲပါတယ္
မၾကည့္ရေသးခင္ထဲက အဆုံးသတ္ ဒီလိုျဖစ္လာမယ္လို႔
ႀကိဳသိေနပါေသာ္လည္း မ​ျဖစ္လာခင္
ဇာတ္လမ္းတဝက္မွာတင္ ထိရွရတဲ့အခန္းေလးေတြ
ၾကဳံေတြ႕လိုက္ရၿပီး ျဖစ္ရပ္မွန္ကိုအေျခခံထားတဲ့
Togo ဇာတ္လမ္းအေၾကာင္းေျပာျပရရင္….

Togo(Dog) ဆိုၿပီးစာလုံးေလးကို Google မွာ
ရိုက္ရွာၾကည့္လိုက္ရင္ သူနဲ႔အတူ Balto ဆိုတဲ့
ေခြးေလးတစ္ေကာင္ရဲ့ နာမည္ကို
Popular Search ထဲမွာတြဲျမင္ရမွာျဖစ္ၿပီး
အဲ့ဒီကပ္လ်က္မွာေတာ့ မသိတဲ့သူမရွိတဲ့
သစၥာရွင္ေခြးေလး Hachikō ကိုတြဲေတြ႕ရပါမယ္

Balto ဆိုတဲ့နာမည္ကို ငယ္ငယ္ထဲကရင္းနီးေနတဲ့
သူေတြအေတာ္မ်ားမ်ားရွိၾကမွာပါ
ဟုတ္ပါတယ္ 1995 မွာ Disney ကပဲ
Animation ကာတြန္းကားေလးအျဖစ္
ထုတ္လုပ္ျပသခဲ့ၿပီး ေအာင္ျမင္ၿပီးေနာက္မွာ
2002 မွာ Balto 2 နဲ႔ 2004 မွာ Balto 3 ဆိုၿပီး
စုစုေပါင္း သုံးကားထြက္ရွိခဲ့ပါတယ္

Togo ဇာတ္လမ္းေျပာမွာ ဘာျဖစ္လို႔
Balto နဲ႔ယွဥ္ေနရလဲဆိုေတာ့ Togo ၾကည့္ၿပီးသြားရင္
နားလည္လာၾကမယ္လို႔ထင္ပါတယ္
Togo နဲ႔ Balto ႏွစ္ေကာင္လုံးဟာ
Intelligent, Outgoing, Alert, Friendly, Gentle
အစရွိတဲ့စြမ္းရည္ေတြနဲ႔ျပည့္စုံတဲ့
Siberian Husky မ်ိဳးစိတ္ေခြးျဖစ္တာျခင္းတူသလို
သူတို႔ႏွစ္ေကာင္ရဲ့ ဇာတ္လမ္းနဲ႔ ေနရပ္ကလည္း
မကြာၾကားၾကပါဘူး ကြာျခားသြားတာဆိုလို႔
ပိုင္ဆိုင္တဲ့သခင္နဲ႔ လုပ္ေဆာင္ပုံေလးပဲရွိပါတယ္

Togo ကို 1913 December 5 မွာေပါက္ၿပီး
1929 မွာအင္မတန္တာဝန္ေက်တဲ့ Sled Dog ေခါင္းေဆာင္အျဖစ္ဂုဏ္ယူစြာအသက္ကုန္ခဲ့ပါတယ္

” He’s not a Sled Dog, He’s a Lead Dog ”

စကားေလးက ဇာတ္လမ္းတစ္ေလၽွာက္လုံးမွာ
ေခါင္းထဲစြဲေနေစခဲ့တယ္
Sleg Dog ဆိုတာကေတာ့ အာတိတ္ေဒသေတြမွာ
လြန္ခဲ့တဲ့ႏွစ္ေပါင္း ၉၀၀၀ ေလာက္ထဲက
ေသခ်ာေလ့က်င့္သင္ၾကားေပး ထားတဲ့
စြတ္ဖားဆြဲတဲ့ခိုင္းေခြးေတြပဲျဖစ္ပါတယ္

ဒီေနရာမွာ Togo ေလးက ဘယ္လိုအေၾကာင္းေတြနဲ႔
Lead Dog ျဖစ္လာၿပီး ဘာေတြနဲ႔ရင္ဆိုင္ခဲ့ရလို႔
အေမရိကန္နိုင္ငံ ဝါရွင္တန္ၿမိဳ႕ေတာ္ရဲ့
Seward ပန္းၿခံမွာ အသိအမွတ္ျပဳ ႐ုပ္ထုနဲ႔
သူရဲေကာင္းတင္ခံခဲ့ရတယ္ဆိုတဲ့အေၾကာင္းကို
ျမင္ေတြ႕ရမွာ​ျဖစ္ပါတယ္

ထိုနည္းတူစြာပဲ 1919March 14 မွာေပါက္ဖြားၿပီး
1933 မွာအသက္တိမ္းပါးသြားတဲ့
Balto ကိုလည္း အေမရိကန္နိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ
စင္ထရယ္ပန္းၿခံမွာ ေလးစားအသိအမွတ္ျပဳ
႐ုပ္ထုထားရွိခဲ့ၾကပါတယ္

ဇာတ္လမ္းအက်ဥ္းကိုအနည္းငယ္ေျပာရင္
1925 အာတိတ္စက္ဝိုင္း ေတာင္ဘက္ရွိ
Nome, Alaska ၿမိဳ႕ေလးမွာ
Leonhard “Sepp” Seppala ဆိုသူနဲ႔ဇနီးျဖစ္သူတို႔ဟာ
Sled Dog ေတြနဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳၾကပါတယ္

တေန႔မွာေတာ့ သြားေရးလာေရးခက္ခဲၾကမ္းတမ္းၿပီး
ဆက္သြယ္ေရးအလြယ္အတူမရွိတဲ့ အဆိုပါၿမိဳ႕ေလးရဲ့
အိမ္တစ္လုံးသာသာရွိတဲ့ေဆး႐ုံမွာ
ေရာဂါဆိုးတစ္ခုေၾကာင့္စုျပဳံေရာက္လာတဲ့
ကေလးလူနာေတြကိုကုသရန္ ေဆးဝါးေတြကို
အသြားအျပန္ မိုင္ ၂၄၀ ေက်ာ္ေဝးကြာတဲ့ေနရာမွာ
သြားေရာက္ယူေဆာင္ဖို႔ဖန္လာတဲ့အေၾကာင္း
ရိုက္ကူးထားတာျဖစ္ပါတယ္
ျဖစ္ရပ္မွန္ကိုအေျခထားတာျဖစ္တဲ့အျပင္
ေခြးခ်စ္သူတို႔အဖို႔ ဒီဇာတ္လမ္းကို
အခုလိုေဆာင္းရာသီအကုန္ခင္ကာလမွ ၾကည့္ဖို႔
အသင့္ေတာ္ဆုံးလည္းျဖစ္ပါတယ္

#TogoMovie #DisneyPlus #Dave

#HOLLYWOOD DOPE

Translated By Aung Myint Oo

Encoded By Aung Myint Oo