/
Titanic

Titanic



Genre: , Director: Actors: , , , Country: Released: 19 Dec 1997 Score: 7.8 Duration: 194 min Quality: 1080p 5.1 Years: View: 4,724

#Unicode

Titanic
=======

မြန်မာစာတန်းထိုးအမှန်
=============

ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားကိုပြန်ချင်ခဲ့တာတော်တော်ကြာပါပြီ။
ကျွန်တော်ဘာသာပြန်တစ်ယောက်စဖြစ်ကတည်းကပါပဲ။
ဒါပေမဲ့အခုမှ ပြန်ချင်တဲ့စိတ်ပေါ်လာလို့ ပြန်ကြည့်လိုက်တာပါ။
အမှားတွေ ပါခဲ့ရင်လဲ ကြည့်ရှူတဲ့ပုရိသတ်က သည်းခံပြီးကြည့်ရှူပေးကြပါဦး။
အတတ်နိုင်ဆုံးအမှားမပါအောင်တော့ ပြန်ထားပါတယ်။

Translated And Encoded By Lin Htike Aung

Download Size –
Download Type – Mega nz, Mega Up, Myandrive
Download Link – First Comment

Titanic ရုပ်ရှင်ကို ဘာကြောင့်ကြိုက်ကြသလဲ

“ဘယ်တော့မှမမေ့တဲ့ရုပ်ရှင်ကားတစ်ကားလောက် ပြောစမ်းပါ”

ရုပ်ရှင်ဂျပိုးမဟုတ်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်ကို ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်၊ လူချင်းတွေ့တဲ့အခါပဲဖြစ်ဖြစ် မေးကြည့်လိုက်ပါ။ အတော်များများက Titanic ကို အရင်ဆုံးပြေးသတိရပါလိမ့်မယ်။ ပါးစပ်က ထုတ်မပြောရင်တောင် စိတ်ထဲမှာတော့ တွေးကောင်းတွေးမိမှာပါ။

ဘာကြောင့်လဲ။

Titanic ရုပ်ရှင်က ကမ္ဘာ့ဝင်ငွေအများဆုံးဇာတ်ကားအဖြစ် ၁၉၉၇ ကနေ ၂၀၀၉ အထိ ၁၂ နှစ်၊ ဒုတိယဝင်ငွေအများဆုံးအဖြစ် ၁၀ နှစ်ကြာအောင် ဘယ်လိုများ ရပ်တည်နိုင်ခဲ့သလဲ။ သာမန်ရုပ်ရှင်ကြည့်ပရိသတ်တွေတောင်မှ ဒီကားကို မမေ့မလျော့ ဖြစ်နေရလောက်အောင် ဒီရုပ်ရှင်က ဘာကောင်းကွက်တွေများ ရှိနေသလဲ။

“Titanic”

ဒီသင်္ဘောကြီးနာမည်ကို လူတိုင်းသိတယ်၊ ဇာတ်ကားမကြည့်ခင်ကတည်းက သိတဲ့သူရှိသလို ဇာတ်ကားကြည့်ပြီးမှ သိတဲ့သူလည်းရှိမယ်။ Titanic ဇာတ်ကား က အဲ့ဒီလူနှစ်စုလုံး ဘာဝေဖန်သံမှ ထွက်မလာအောင်လုပ်သွားနိုင်တာ သူ့ရဲ့ ပထမဆုံး ကောင်းကွက်ပဲ။

ပြောရရင် Titanic ဟာ ဖြစ်ရပ်မှန်ကိုပဲ ရိုက်ပြထားတာမဟုတ်ဘူး၊ ဒီဇာတ်အိမ်ထဲမှာမှ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတစ်ခု ပါဝင်နေတယ်။ ဒါဟာ ဒါရိုက်တာ James Cameron ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုအပေါ် တစ်မူထူးခြားတဲ့ ချဉ်းကပ်ပုံပဲ။ Titanic သင်္ဘောကြီးကို လူတိုင်း တန်ဖိုးထားတတ်လာဖို့၊ ဒီသင်္ဘောကြီး နစ်မြုပ်သွားတာကို နှမြောတသဖြစ်နေစေဖို့ဆိုတာ သင်္ဘောကြီးနစ်သွားတာကို ရိုက်ပြရုံလောက်နဲ့ မလုံလောက်မှန်း သူသိနေခဲ့တယ်။ ဒီတော့ သူဘာလုပ်သလဲ၊ လူတိုင်းခံစားတတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဒီဖြစ်ရပ်မှန်ဇာတ်အိမ်ထဲ ပစ်သွင်းလိုက်တော့တယ်။

Titanic ဇာတ်ကားထဲက Jack နဲ့ Rose တို့ဟာ အပြင်မှာ တကယ်ရှိတာ မဟုတ်ဘူး၊ ဖြစ်ရပ်မှန်ဇာတ်လမ်းဘောင်အတွင်းမှာ ခဏတာလှုပ်ရှားခွင့် ရခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေသက်သက်ပဲ။ ဒါပေမယ့် ဒီဇာတ်ကောင် နှစ်ယောက်ကပဲ Titanic သင်္ဘောကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို ပိုပြီး ကြွလာစေခဲ့တယ်။ သူတို့ရဲ့ဆက်နွယ်မှုကလည်း စိတ်ကူးယဉ် ဆန်ချင်စရာ။ သင်္ဘောပေါ်ကနေ ဘယ်သူ ပိုပြီးဝေးဝေး တံတွေးထွေးနိုင်လဲ ပြိုင်တာကအစ၊ အထက်တန်းစားဧည့်ဆောင်ထဲ ကိုယ်လုံးပေါ် ပန်းချီဆွဲတာ အလယ်၊ လူမသိအောင် ကုန်တင်ခန်းထဲ ချစ်တင်းနှောတဲ့အထိအဆုံး ချစ်သူရည်းစားတွေရဲ့အိပ်မက်တွေ အားလုံးနီးပါးကို သူတို့လုပ်ပြသွားခဲ့တယ်။ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်းမျိုး မကြိုက်တဲ့ပရိသတ် ဆိုတာ ခပ်ရှားရှားပဲမဟုတ်လား။

ပရိသတ်တွေအတွက်တော့ ဒီဇာတ်ကောင်နှစ်ယောက်ဟာ အသက်ရှုပေါက်ပဲ။ ဘယ်သူကတော့ အချိန် ၂ နာရီလုံးလုံး သင်္ဘောမောင်းတာနဲ့ သင်္ဘောနစ်တာပဲပြနေတာကို ဘယ်ကြည့်ချင်မလဲ။ သင်္ဘော တကယ် နစ်တဲ့အချိန်မှာတောင် James က သင်္ဘောကြီးနစ်နေတာထက် သူတို့နှစ်ယောက် ဘယ်လိုလွတ်အောင် ကြိုးစားနေသလဲဆိုတာကိုပဲ ပိုပြီးအလေးထားပြသွားတယ်။ တစ်နည်းပြောရရင် ပရိသတ်ကို လေယာဉ်ပေါ်ကနေ သင်္ဘောနစ်နေတာကို ကြည့်ခိုင်းမယ့်အစား အဲ့ဒီသင်္ဘောထဲ ဆောင့်ကန်ချလိုက်သလိုပဲ။ ပရိသတ်တွေပါ သူတို့နှစ်ယောက်ကို လွတ်စေချင်လာတယ်၊ ရှေ့မှာ စိတ်ကူးယဉ်ဆန်ဆန် တည်ဆောက်လာတဲ့ အချစ်ဇာတ်လမ်းတစ်ခုလုံးကို ပရိသတ်ကိုယ်တိုင်ကပါ အပျက်အစီးမခံချင်တော့အောင် ဇာတ်ကားက တဖြေးဖြေးပိုပိုဆွပေးလာတယ်။။ ဒီလိုနဲ့ ပရိသတ်ရဲ့ မသိစိတ်ထဲမှာ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းမြစ်ဖျားခံရာ ဒီသင်္ဘောကြီးကိုပါ မပျက်စီးစေချင်တော့ဘူး။ အမှတ်တရတွေအားလုံးက ဒီသင်္ဘောပေါ်မှာပဲ ရှိနေခဲ့တာကိုး။ ခမ်းနားလှပါတယ်ဆိုတဲ့ Titanic သင်္ဘောက ရေအောက်မှာ မလှမပ ဇာတ်သိမ်းသွားရသလိုပဲ ဒီသင်္ဘောပေါ်က အားကျစရာအချစ်ဇာတ်လမ်းလေးကလည်း ဝမ်းနည်းစွာပဲ အဆုံးသတ်သွားရတယ်။ ဒါဟာ Titanic ရဲ့ဖြစ်ရပ်မှန်နဲ့ Jack, Rose တို့ရဲ့စိတ်ကူးယဉ်ဇာတ်လမ်းကြားက တူညီမှုပဲ။ Jack ကိုသတ်တယ်၊ Jack နဲ့ Titanic ကို သွယ်ဝိုက်တဲ့နည်းနဲ့ James Cameron က ပေါင်းစည်းပြသွားခဲ့တယ်၊ Jack သေတဲ့အခန်းမှာ ငိုခဲ့တဲ့ပရိသတ်တွေဟာ Titanic သင်္ဘောကိုပါ ခေါင်းထဲစွဲသွားသလိုပေါ့။

Titanic ကို ကြိုက်ကြတာ ဒါကြောင့်ပဲလား ဆိုတော့ ဟုတ်တော့မဟုတ်ပါဘူး။ James Cameron က အချစ်ဇာတ်လမ်းအပြင် ကားလ်မာ့စ်ဝါဒ (Marxism) ကိုပါ ပါးပါးလေးပုတ်ပြသွားတယ်။ ဒါကတော့ နောက်မှသက်သက် အကျယ်ရေးပါဦးမယ်။ တစ်ချို့ကTitanic ဇာတ်ကားရဲ့ အချစ်ဇာတ်လမ်းကြောင့် ဝမ်းနည်းကြတယ်၊ တစ်ချို့ကျတော့လည်း အရင်းရှင်စနစ်ကို ဥပမာပြုနေတဲ့ ဒီသင်္ဘောကြီး နစ်မြုပ်သွားလို့ နိုင်ငံရေးရှုထောင့်ဖက်ကနေ ဝမ်းသာကြတယ်။ သင်္ဘောနစ်မြုပ်ပုံကအစ တိကျတာကြောင့်လည်း သမိုင်းပညာရှင်တွေက ကျေနပ်ကြပြန်တယ်။ James ဟာ ဘယ်ဖက်ကထောက်ထောက် ဟာကွက်မရှိရလေအောင် လုပ်ခဲ့သလားလို့တောင် ထင်ရလောက်တယ်။ ဒါကိုမှ James Hornor ရဲ့ နောက်ခံတေးဂီတနဲ့ Celine Dion ရဲ့ My Heart will Go On ကပါ သကာထပ်လောင်းလိုက်တော့ Titanic ဟာ အဖက်ဖက်က ပြည့်စုံလုနီးနီး ဇာတ်ကားတစ်ကားဖြစ်သွားခဲ့တယ်။

Titanic ရုပ်ရှင်ကားဟာ လူတိုင်းအတွက်

အကြိုက်ဆုံးရုပ်ရှင်ကားဖြစ်ချင်မှဖြစ်လိမ့်မယ်။
လူကြိုက်များလွန်းလို့ မုန်းရင်လည်း မုန်းကြလိမ့်မယ်။

ဒါပေမယ့် Titanic ဟာ ကမ္ဘာ့ဝင်ငွေအများဆုံးရုပ်ရှင်ကား ထိပ်ဆုံး ၅ ကားထဲမှာ သာမန်ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ရင်ဘတ်ချင်းအနီးစပ်ဆုံး၊ ခံစားရအလွယ်ကူဆုံး၊ အမှတ်အရနိုင်ဆုံး ဇာတ်ကားဖြစ်နေဦးမယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့ရနိုင်မှာမဟုတ်ပါဘူး။

Review #Crd_Ko_Arkar_Phyo

#Zawgyi

Titanic
=======

ျမန္မာစာတန္းထိုးအမွန္
=============

ကြၽန္ေတာ့္အေနနဲ႔ ဒီဇာတ္ကားကိုျပန္ခ်င္ခဲ့တာေတာ္ေတာ္ၾကာပါၿပီ။
ကြၽန္ေတာ္ဘာသာျပန္တစ္ေယာက္စျဖစ္ကတည္းကပါပဲ။
ဒါေပမဲ့အခုမွ ျပန္ခ်င္တဲ့စိတ္ေပၚလာလို႔ ျပန္ၾကည့္လိုက္တာပါ။
အမွားေတြ ပါခဲ့ရင္လဲ ၾကည့္ရွဴတဲ့ပုရိသတ္က သည္းခံၿပီးၾကည့္ရွဴေပးၾကပါဦး။
အတတ္ႏိုင္ဆုံးအမွားမပါေအာင္ေတာ့ ျပန္ထားပါတယ္။

Translated And Encoded By Lin Htike Aung

Download Size –
Download Type – Mega nz, Mega Up, Myandrive
Download Link – First Comment

Titanic ႐ုပ္ရွင္ကို ဘာေၾကာင့္ႀကိဳက္ၾကသလဲ

“ဘယ္ေတာ့မွမေမ့တဲ့႐ုပ္ရွင္ကားတစ္ကားေလာက္ ေျပာစမ္းပါ”

႐ုပ္ရွင္ဂ်ပိုးမဟုတ္တဲ့ ကိုယ့္သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို ဖုန္းဆက္ၿပီးပဲျဖစ္ျဖစ္၊ လူခ်င္းေတြ႕တဲ့အခါပဲျဖစ္ျဖစ္ ေမးၾကည့္လိုက္ပါ။ အေတာ္မ်ားမ်ားက Titanic ကို အရင္ဆုံးေျပးသတိရပါလိမ့္မယ္။ ပါးစပ္က ထုတ္မေျပာရင္ေတာင္ စိတ္ထဲမွာေတာ့ ေတြးေကာင္းေတြးမိမွာပါ။

ဘာေၾကာင့္လဲ။

Titanic ႐ုပ္ရွင္က ကမာၻ႔ဝင္ေငြအမ်ားဆုံးဇာတ္ကားအျဖစ္ ၁၉၉၇ ကေန ၂၀၀၉ အထိ ၁၂ ႏွစ္၊ ဒုတိယဝင္ေငြအမ်ားဆုံးအျဖစ္ ၁၀ ႏွစ္ၾကာေအာင္ ဘယ္လိုမ်ား ရပ္တည္ႏိုင္ခဲ့သလဲ။ သာမန္႐ုပ္ရွင္ၾကည့္ပရိသတ္ေတြေတာင္မွ ဒီကားကို မေမ့မေလ်ာ့ ျဖစ္ေနရေလာက္ေအာင္ ဒီ႐ုပ္ရွင္က ဘာေကာင္းကြက္ေတြမ်ား ရွိေနသလဲ။

“Titanic”

ဒီသေဘၤာႀကီးနာမည္ကို လူတိုင္းသိတယ္၊ ဇာတ္ကားမၾကည့္ခင္ကတည္းက သိတဲ့သူရွိသလို ဇာတ္ကားၾကည့္ၿပီးမွ သိတဲ့သူလည္းရွိမယ္။ Titanic ဇာတ္ကား က အဲ့ဒီလူႏွစ္စုလုံး ဘာေဝဖန္သံမွ ထြက္မလာေအာင္လုပ္သြားႏိုင္တာ သူ႔ရဲ႕ ပထမဆုံး ေကာင္းကြက္ပဲ။

ေျပာရရင္ Titanic ဟာ ျဖစ္ရပ္မွန္ကိုပဲ ႐ိုက္ျပထားတာမဟုတ္ဘူး၊ ဒီဇာတ္အိမ္ထဲမွာမွ စိတ္ကူးယဥ္အခ်စ္ဇာတ္လမ္းတစ္ခု ပါဝင္ေနတယ္။ ဒါဟာ ဒါ႐ိုက္တာ James Cameron ရဲ႕ ျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ခုအေပၚ တစ္မူထူးျခားတဲ့ ခ်ဥ္းကပ္ပုံပဲ။ Titanic သေဘၤာႀကီးကို လူတိုင္း တန္ဖိုးထားတတ္လာဖို႔၊ ဒီသေဘၤာႀကီး နစ္ျမဳပ္သြားတာကို ႏွေျမာတသျဖစ္ေနေစဖို႔ဆိုတာ သေဘၤာႀကီးနစ္သြားတာကို ႐ိုက္ျပ႐ုံေလာက္နဲ႔ မလုံေလာက္မွန္း သူသိေနခဲ့တယ္။ ဒီေတာ့ သူဘာလုပ္သလဲ၊ လူတိုင္းခံစားတတ္တဲ့ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ကို ဒီျဖစ္ရပ္မွန္ဇာတ္အိမ္ထဲ ပစ္သြင္းလိုက္ေတာ့တယ္။

Titanic ဇာတ္ကားထဲက Jack နဲ႔ Rose တို႔ဟာ အျပင္မွာ တကယ္ရွိတာ မဟုတ္ဘူး၊ ျဖစ္ရပ္မွန္ဇာတ္လမ္းေဘာင္အတြင္းမွာ ခဏတာလႈပ္ရွားခြင့္ ရခဲ့တဲ့ စိတ္ကူးယဥ္ဇာတ္ေကာင္ေတြသက္သက္ပဲ။ ဒါေပမယ့္ ဒီဇာတ္ေကာင္ ႏွစ္ေယာက္ကပဲ Titanic သေဘၤာႀကီးရဲ႕ ႀကီးက်ယ္ခမ္းနားမႈကို ပိုၿပီး ႂကြလာေစခဲ့တယ္။ သူတို႔ရဲ႕ဆက္ႏြယ္မႈကလည္း စိတ္ကူးယဥ္ ဆန္ခ်င္စရာ။ သေဘၤာေပၚကေန ဘယ္သူ ပိုၿပီးေဝးေဝး တံေတြးေထြးႏိုင္လဲ ၿပိဳင္တာကအစ၊ အထက္တန္းစားဧည့္ေဆာင္ထဲ ကိုယ္လုံးေပၚ ပန္းခ်ီဆြဲတာ အလယ္၊ လူမသိေအာင္ ကုန္တင္ခန္းထဲ ခ်စ္တင္းေႏွာတဲ့အထိအဆုံး ခ်စ္သူရည္းစားေတြရဲ႕အိပ္မက္ေတြ အားလုံးနီးပါးကို သူတို႔လုပ္ျပသြားခဲ့တယ္။ စိတ္ကူးယဥ္ဆန္တဲ့ အခ်စ္ဇာတ္လမ္းမ်ိဳး မႀကိဳက္တဲ့ပရိသတ္ ဆိုတာ ခပ္ရွားရွားပဲမဟုတ္လား။

ပရိသတ္ေတြအတြက္ေတာ့ ဒီဇာတ္ေကာင္ႏွစ္ေယာက္ဟာ အသက္ရႈေပါက္ပဲ။ ဘယ္သူကေတာ့ အခ်ိန္ ၂ နာရီလုံးလုံး သေဘၤာေမာင္းတာနဲ႔ သေဘၤာနစ္တာပဲျပေနတာကို ဘယ္ၾကည့္ခ်င္မလဲ။ သေဘၤာ တကယ္ နစ္တဲ့အခ်ိန္မွာေတာင္ James က သေဘၤာႀကီးနစ္ေနတာထက္ သူတို႔ႏွစ္ေယာက္ ဘယ္လိုလြတ္ေအာင္ ႀကိဳးစားေနသလဲဆိုတာကိုပဲ ပိုၿပီးအေလးထားျပသြားတယ္။ တစ္နည္းေျပာရရင္ ပရိသတ္ကို ေလယာဥ္ေပၚကေန သေဘၤာနစ္ေနတာကို ၾကည့္ခိုင္းမယ့္အစား အဲ့ဒီသေဘၤာထဲ ေဆာင့္ကန္ခ်လိုက္သလိုပဲ။ ပရိသတ္ေတြပါ သူတို႔ႏွစ္ေယာက္ကို လြတ္ေစခ်င္လာတယ္၊ ေရွ႕မွာ စိတ္ကူးယဥ္ဆန္ဆန္ တည္ေဆာက္လာတဲ့ အခ်စ္ဇာတ္လမ္းတစ္ခုလုံးကို ပရိသတ္ကိုယ္တိုင္ကပါ အပ်က္အစီးမခံခ်င္ေတာ့ေအာင္ ဇာတ္ကားက တေျဖးေျဖးပိုပိုဆြေပးလာတယ္။။ ဒီလိုနဲ႔ ပရိသတ္ရဲ႕ မသိစိတ္ထဲမွာ သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းျမစ္ဖ်ားခံရာ ဒီသေဘၤာႀကီးကိုပါ မပ်က္စီးေစခ်င္ေတာ့ဘူး။ အမွတ္တရေတြအားလုံးက ဒီသေဘၤာေပၚမွာပဲ ရွိေနခဲ့တာကိုး။ ခမ္းနားလွပါတယ္ဆိုတဲ့ Titanic သေဘၤာက ေရေအာက္မွာ မလွမပ ဇာတ္သိမ္းသြားရသလိုပဲ ဒီသေဘၤာေပၚက အားက်စရာအခ်စ္ဇာတ္လမ္းေလးကလည္း ဝမ္းနည္းစြာပဲ အဆုံးသတ္သြားရတယ္။ ဒါဟာ Titanic ရဲ႕ျဖစ္ရပ္မွန္နဲ႔ Jack, Rose တို႔ရဲ႕စိတ္ကူးယဥ္ဇာတ္လမ္းၾကားက တူညီမႈပဲ။ Jack ကိုသတ္တယ္၊ Jack နဲ႔ Titanic ကို သြယ္ဝိုက္တဲ့နည္းနဲ႔ James Cameron က ေပါင္းစည္းျပသြားခဲ့တယ္၊ Jack ေသတဲ့အခန္းမွာ ငိုခဲ့တဲ့ပရိသတ္ေတြဟာ Titanic သေဘၤာကိုပါ ေခါင္းထဲစြဲသြားသလိုေပါ့။

Titanic ကို ႀကိဳက္ၾကတာ ဒါေၾကာင့္ပဲလား ဆိုေတာ့ ဟုတ္ေတာ့မဟုတ္ပါဘူး။ James Cameron က အခ်စ္ဇာတ္လမ္းအျပင္ ကားလ္မာ့စ္ဝါဒ (Marxism) ကိုပါ ပါးပါးေလးပုတ္ျပသြားတယ္။ ဒါကေတာ့ ေနာက္မွသက္သက္ အက်ယ္ေရးပါဦးမယ္။ တစ္ခ်ိဳ႕ကTitanic ဇာတ္ကားရဲ႕ အခ်စ္ဇာတ္လမ္းေၾကာင့္ ဝမ္းနည္းၾကတယ္၊ တစ္ခ်ိဳ႕က်ေတာ့လည္း အရင္းရွင္စနစ္ကို ဥပမာျပဳေနတဲ့ ဒီသေဘၤာႀကီး နစ္ျမဳပ္သြားလို႔ ႏိုင္ငံေရးရႈေထာင့္ဖက္ကေန ဝမ္းသာၾကတယ္။ သေဘၤာနစ္ျမဳပ္ပုံကအစ တိက်တာေၾကာင့္လည္း သမိုင္းပညာရွင္ေတြက ေက်နပ္ၾကျပန္တယ္။ James ဟာ ဘယ္ဖက္ကေထာက္ေထာက္ ဟာကြက္မရွိရေလေအာင္ လုပ္ခဲ့သလားလို႔ေတာင္ ထင္ရေလာက္တယ္။ ဒါကိုမွ James Hornor ရဲ႕ ေနာက္ခံေတးဂီတနဲ႔ Celine Dion ရဲ႕ My Heart will Go On ကပါ သကာထပ္ေလာင္းလိုက္ေတာ့ Titanic ဟာ အဖက္ဖက္က ျပည့္စုံလုနီးနီး ဇာတ္ကားတစ္ကားျဖစ္သြားခဲ့တယ္။

Titanic ႐ုပ္ရွင္ကားဟာ လူတိုင္းအတြက္

အႀကိဳက္ဆုံး႐ုပ္ရွင္ကားျဖစ္ခ်င္မွျဖစ္လိမ့္မယ္။
လူႀကိဳက္မ်ားလြန္းလို႔ မုန္းရင္လည္း မုန္းၾကလိမ့္မယ္။

ဒါေပမယ့္ Titanic ဟာ ကမာၻ႔ဝင္ေငြအမ်ားဆုံး႐ုပ္ရွင္ကား ထိပ္ဆုံး ၅ ကားထဲမွာ သာမန္႐ုပ္ရွင္ၾကည့္ပရိသတ္ေတြအတြက္ ရင္ဘတ္ခ်င္းအနီးစပ္ဆုံး၊ ခံစားရအလြယ္ကူဆုံး၊ အမွတ္အရႏိုင္ဆုံး ဇာတ္ကားျဖစ္ေနဦးမယ္ဆိုတာေတာ့ ဘယ္သူမွ ျငင္းလို႔ရႏိုင္မွာမဟုတ္ပါဘူး။

Review #Crd_Ko_Arkar_Phyo