/
ThirTEEN Terrors (2014) Complete

ThirTEEN Terrors (2014) Complete

Peemak ရဲ့အောင်မြင်မှုနောက်ပိုင်းမှာ မြန်မာပြည်က ပရိသတ်တွေ Thai horror တွေကို သဘောကျလာပြီး ထွက်သမျှထိုင်း သရဲကားနီးပါး
ဒီမှာ ရုံတင်ဖြစ်ခဲ့သလို အားလုံးနီးပါးလဲ အတိုင်းအတာ တစ်ခုထိပေါက်ခဲ့ပါတယ်။ The promise နောက်ပိုင်း ကောင်းကောင်းကန်းကန်း
သိပ်မထွက်သေးတဲ့အတွက် horror ပရိသတ်တွေအတွက် ဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်တယ်။

ThirTEEN Terrors လို့ခေါ်ပြီး ဒါရိုက်တာ ၁၃ ယောက် လက်စွမ်းပြဖန်တီးထားတဲ့ အပိုင်း ၁၃ ပိုင်းပါ စီးရီးလေးတစ်ခုပါ။
အပိုင်း တစ်ခုချင်းစီဟာ ရုပ်ရှင်တစ်ကားလို မတူညီတဲ့ဇာတ်လမ်းတစ်ခုဆီဖြစ်ပြီး အပိုင်းတိုင်းဟာ ဆယ်ကျော်သက်
လူငယ်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ၀ါသနာ ချစ်ခြင်းတရား အငြိုးအတေး စတာတွေကနေ ကြောက်စရာဖြစ်ရပ်တွေဆီခေါ်ဆောင်သွားတတ်တာကို
လှည့်ကွက်ကောင်းကောင်းတွေနဲ့ ဇာတ်လမ်းဆင်ထားတာဆိုတော့ Thai horror ကားကောင်းတွေကို တောင့်တနေတဲ့သူတွေ အတွက် ဒီဇာတ်လမ်းတွဲဟာ
အသင့်တော်ဆုံးလို့ထင်ပါတယ်။ ကြောက်စရာကောင်းရဲ့လားဆိုရင်တော့ လွန်ခဲ့တဲ့သုံးနှစ်က စကြည့်ဖူးတဲ့ အချိန်မှာ တစ်နေ့ကို သုံးပိုင်းလောက်ကြည့်ပြီး
အိမ်သာ တစ်ယောက်တည်းမသွားရဲ မှောင်နေတဲ့အခန်းတွေကို မဖွင့်ရဲတဲ့အထိ ခြောက်ခြားခဲ့တာပါ။

Translated by Waihan Lin Htin & Myo Khant
Encoded by Myo Khant
Review by Waihan Lin Htin

Genre: Country: Released: 2014-11-08Networks: Episodes: 13
Type: TVDuration: 45 minQuality: Year: View: 7,036

ThirTEEN Terrors (2014) Complete Episodes