/
Then Came You

Then Came You



Genre: , , Director: Actors: , , , Country: Released: 01 Feb 2019 Score: 7.0 Duration: 97 min Years: View: 858

#Zawgyi




#Unicode

GOT ကြည့်တဲ့သူတွေကတော့ Aryaဆိုတဲ့ Maisie Williamsကိုသိကြမှာပါ။ ပုံမှန်မြင်နေကြ ယောကျာ်းဆန်တဲ့ Arya (Maisie Williams)ကို ကလေးဆန်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီကားထဲမှာ တွေ့ရမှာပါ။ Arya Fanတွေကို ကြိုတင်သတိပေးချင်တာက ဒီကားကြည့်ပြီး အသည်းကွဲရပါလိမ့်မယ် (တစ်ရှုးဆောင်ထားပါ) ?

ဇာတ်လမ်းအညွန်းအနေနဲ့ Calvinဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ငယ်ငယ်က အက်စီးဒန့်တစ်ခုကြောင့် ညီမလေးကို ဆုံရှုံးလိုက်ရပြီး ဆိုဒ်ကိုဝင်သွားပါတယ်။ Calvinဟာ သူမှာ မရှိတဲ့ကင်ဆာရောဂါကို ရှိတယ်အထင်နဲ့ ဆေးလိုက်ကုရင်း Skyeဆိုတဲ့ ကောင်မလေးနဲ့ တွေ့သွားပါတယ်။ Skyeက ကင်ဆာဖြစ်နေတဲ့ လူနာတစ်ယောက်ပါ။ Calvinနဲ့ Skyeတို့ ခင်သွားကြပြီး Skyeက သူမ မသေခင်မှာ လုပ်သွားချင်တဲ့အရာတွေကို Bucket listဆိုပြီး ပြုစုထားပါတယ်. Skyeက Calvinကို Bucket listအတိုင်းအတူတူလိုက်လုပ်ဖို့ အကူအညီတောင်းတော့ Calvinက လက်ခံခဲ့ရာ သူတို့နှစ်ယောက်ရဲ့ ပေါက်တရလျှောက်လုပ်ကြပါတယ်။ Calvinက လေဆိပ်မှာ အထုပ်အပိုး အတင်အချလုပ်တဲ့အလုပ် လုပ်ပါတယ်။ အဲဒီက လေယာဉ်မယ်လေး Izzyကိုကြိတ်ကြွေနေတာပါ။ အဓိက ဒီဇာတ်လမ်းမှာ သမီးရည်းစားအချစ်ဇာတ်လမ်းမျိုးထက် သူငယ်ချင်းလိုဖြူစင်တဲ့အချစ်မျိုး၊ မသေခင်မှာ လုပ်ချင်တာလုပ်ပြီး နောက်ဆုံးအချိန်ထိ ပျော်ပျော်နေသွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ကြောင်းကို တွေ့ရမှာဖြစ်ပါတယ်.. ဇာတ်ကားက Dramaကားပေမယ့် ကြည့်ရတာပျော်စရာပါ…. Me Before You လို ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက် နောက်ထပ်ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးပါ..

Calvin အဖြစ်နဲ့ Asa Butterfield၊ Skye အဖြစ်နဲ့ Maisie Williams၊ Izzy အဖြစ်နဲ့ Nina Dobrev တို့က အဓိက ဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး IMDb Ratingကတော့ 6.9/10ရှိပါတယ်

Comments are closed.