/
The Sixth Sense (1999) 720p

The Sixth Sense (1999) 720p



Released: 06 Aug 1999 Score: 8.1 Duration: 107 min View: 2,983

မိဘ​မွေးတည်​းက ကိုယ်​ခန္ဓာအ​ကောင်​းပတိရှိတဲ့လူတိုင်​းမှာ
အမြင်​ ၊ အကြား ၊ အနံ့ ၊ အထိအ​တွေနဲ့
အရသာဟူ၍ ငါးပါး​သော အာရုံနဲ့ပြည်​့စုံ​လေ့ရှိကြပါတယ်​
အဲ့ဒီထဲမှာ မသိစိတ်​ထဲမှာအလိုလိုသိ​နေမြင်​​နေတဲ့
စိတ်​ခံစားချက်​ကို​တော့ ဆဋ္ဌမ​မြောက်​အာရုံလို့​ခေါ်ပါတယ်​

သိပ္ပံနည်​းပညာနဲ့​တွေးမယ်​ဆို​တောင်​
ဦး​နှောက်​ရဲ့အလုပ်​လုပ်​နိုင်​စွမ်​းပိုမိုမြင်​့မားတယ်​လို့ဆိုရမှာပါ
ဒီအ​ကြောင်းကို Scarlet Johanssan ရဲ့
Lucy ကိုကြည့်​ဖူးတဲ့သူ​တွေ ပိုနားလည်​ကြမှာပါ

အဓိကဆိုလိုချင်​တဲ့အ​ကြောင်းက
အကယ်​၍သင်​ဟာတစ်​​ယောက်​ထဲရှိ​နေတဲ့အချိန်​မှာပဲဖြစ်​​စေ
တစ်​ခုခုကို အာရုံစိုက်​​နေတုန်​းမှာပဲဖြစ်​​စေ
ရုတ်​တရတ်​ ​ကျောထဲစိမ်​့သွား​အောင်​ ​အေးသွားမျိုး
​မြန်​မာစကားနဲ့ ​ကျောချမ်​းတယ်​ဆိုတဲ့ ခံစားမှုမျိုး
ကြုံဖူးကြမယ်​ဆိုရင်​ ​သေချာတာက အဲ့ဒီခံစားချက်​ဟာ
ကောင်းတဲ့အလားအလာမှာ​တော့မဟုတ်​ကြပါဘူး

​နောက်​တစ်​နည်​းထပ်​​ပြောရရင်​
ဘာက ဘယ်​လိုဖြစ်​မယ်​​တော့မသိ​ပေမယ်​့
တစ်​စုံတစ်​ခုဖြစ်​​တော့မှာကို ကြိုသိ​နေတဲ့စိတ်​စသဖြင်​့
ပုံမှန်​လူတစ်​​ယောက်​ မမြင်​နိုင်​မ​သိနိုင်​တဲ့အရာ​တွေကို
သိ​နေ မြင်​​နေတယ်​ဆိုတာဟာ အဲ့ဒီလူရဲ့
ဆဋ္ဌမအာရုံဟာ သူများ​တွေထက်​နိုးကြားပြီး
အလုပ်​ပိုလုပ်​တဲ့ ဦး​နှောက်​ပိုင်​ရှင်ဖြစ်​ဖို့များပါတယ်​

The Sixth Sense ဟာ 1999 ခုနှစ်​မှာထွက်​ရှိခဲ့ပြီး
ဒါရိုကျ​တာ M. Night Shyamalan ရဲ့ 
နာမည်​​ကျော်​လက်​ရာ​တွေထဲကတစ်​ခုဖြစ်​သလို
ဒေါ်လာ 40Million ​လောက်​သုံးပြီး 
Box Office 672.8Million ပြန်​လည်​သိမ်းပိုက်​နိုင်​ခဲ့ပါတယ်
Sings(2002) , The Happening(2008) ,
The Last Airbender(2010) , After Earth(2013)
အစရှိတဲ့ဇာတ်​လမ်​း​တွေဟာသူ့ရဲ့နာမည်​​ကျော်​
ဇာတ်​လမ်​း​တွေလည်​းဖြစ်​ပါတယ်​

​ပြောရမယ်​ဆိုရင်​သူဟာ Bollywood ​ကားမရိုက်​တဲ့
India ဒါရိုက်​တာတစ်​​ယောက်​လို့ပင်​ဆိုရမလို
အခု​ 2019 မှာ​နောက်​ဆုံးထွက်​ရှိထားတဲ့ 
Glass ဇာတ်​လမ်​းဟာဆိုရင်​ 2000 ပြည်​့နှစ်​မှာထွက်​ရှိတဲ့
မင်​းသားကြီး Bruce Wills ,Samuel L. Jackson တို့နဲ့
ရိုက်​ကူးခဲ့ပြီးထားတဲ့ Unbreakable နဲ့ 
2016 မှာ မင်​းသား James McAvoy နဲ့ Spilt တို့​ရဲ့
၁၆ နှစ်​အကြာ ဇာတ်​အိမ်​နှစ်​ခုကိုဆွဲစိ​ပေါင်းစပ်​ပြနိုင်​တဲ့
စိတ်​ကူးစိတ်​သန်​းနဲ့တင်​ ​လေးစားဖို့​ကောင်​း​နေပါပြီ

The Sixth Sense အ​ကြောင်​းပြန်​သွားရရင်​
မြို့​တော်​ဝင်​က​တောင်​ ဂုဏ်​ပြုဆုချီးမြှင်​့ခြင်​းခံထားရတဲ့
က​လေးစိတ်​ကျန်းမာ​ရေးအထူးကုဆရာဝန်
​Malcolm Crowe ဟာထိုဆုရရှိခြင်​းအတွက်​
ချစ်​ဇနီးနဲ့အတူ​အေးချမ်​းစွာ​အောင်​ပွဲခံ​နေတုန်​းညမှာပဲ
လူတစ်​​ယောက်​ကသူတို့အိပ်​ခန်းထဲကို​ရောက်​နှင့်​​နေပါတယ်
ထိုလူဟာ Malcolm ရဲ့ က​လေးလူနာဖြစ်​ခဲ့ဖူးသူဖြစ်​ပြီး
စိတ်​ကျန်​းမာ​ရေးချို့တဲ့​နေတာမို့ အသင်​့ပါလာတဲ့
​သေနတ်​နဲ့ Malcolm ကိုတစ်​ချက်​ပစ်​ပြီး
သူ့​ခေါင်​းကိုသူပစ်​ပြီးအဆုံးစီရင်​သွားခဲ့ပါတယ်​

ထိုအခန်​းအပြီးမ​ှာ တစ်​နှစ်​ခန်​့ကြာဆိုတဲ့စာတန်​းနဲ့
ဒေါက်​တာMalcolm ဟာ မိဘ​​နှစ်​ပါးကွဲကွာမှု​ကြောင့်
စိတ်​​ရောဂါဝင်​​နေတဲ့ ​ကောင်​​လေးတစ်​​ယောက်​ကို
လိုက်​လံစုံစမ်း​နေရာကစပြီး ဇာတ်​လမ်းဟာ
တောက်​​လျှောက်​ဆွဲ​ခေါ်သွားချက်​ဟာ
​အေး​အေးငြိမ်​့ငြိမ်​့​လေးနဲ့ Jump-Scare တစ်​ချက်​မှမပါပဲ
သည်​းထိတ်​ရင်​ဖိုနဲ့ ​စောင်​့ကြည်​့ရတဲ့ဇာတ်​လမ်​းပါ
Ending မှာသုံးထားတဲ့ မြှုပ်​ကွက်​လှည့်​ကွက်​​လို့​ခေါ်တဲ့
Twist ​လေးဟာဆိုရင်​ဖြင့်​ အံ့သြလွန်းလို့
ပါးစပ်​အ​ဟောင်​းသားနဲ့ကျန်​​နေခဲ့မယ်​ဆိုတာ​သေချာပါတယ်​

Review by Dave
Encoded by Myo Khant

Comments are closed.