/
The Painted Veil (2006)

The Painted Veil (2006)



Genre: , Director: Actors: , , Released: 19 January 2007 (USA) Score: 7.5 Duration: 1h 5min Quality: 480p, 720p Years: View: 2,275

The Painted Veil ဟာ 1920 ကို အခြေတည်ထားတဲ့ အချစ်ဇာတ်လမ်းလေး တစ်ခုပါပဲ။ အလယ်အလတ်တန်းစား ဆရာဝန်တစ်ယောက်ဖြစ်တဲ့
ဝေါလ်တာ နဲ့ အထက်တန်းစား မျိုးနွယ်က ဆင်းသက်လာတဲ့ ကစ်တီ ဆိုတဲ့ အမျိုးသမီးလေးဟာ အဆင်မပြေတဲ့ အကြောင်းပြချက်တွေနဲ့
လက်ထပ်ဖြစ်ခဲ့ပြီး ရှန်ဟိုင်းကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ရှန်ဟိုင်းမှာ ကောင်မလေးက တစ်ခြားသူတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားခဲ့တာကို
ဝေါလ်တာ သိလိုက်ရတဲ့ အချိန်မှာ ဖောက်ပြန်တဲ့ ဇနီးသည်ကို ပြန်လည် ကလဲ့စားချေတဲ့ အနေနဲ့ တရုတ်ပြည်က ဝေးလံခေါင်ဖြားတဲ့ ရွာလေး
တစ်ရွာကို ကပ်ဆိုက်စေနိုင်တဲ့ ရောဂါ တစ်ခုနဲ့ တိုက်ခိုက်ဖို့ အလုပ် ကိစ္စ တစ်ခုကို လက်ခံလိုက်မိသွားတဲ့အခါ..။
သူတို့နှစ်ယောက်ဆက်ဆံရေးဟာ ဘယ်လို အခြေအနေ ပြောင်းလဲသွားမလဲ?
.
ဒီဇာတ်ကားဟာ တစ်ချိန်က နာမည်ကျော် ၁၉၂၅ က ထွက်ရှိခဲ့တဲ့ The painted Veil ကိုပဲ အခြေခံထားတာပါ။ ရုပ်ရှင်ပွဲတော် အတော်များများမှာ
ရွေးချယ်ခံဇာတ်ကားအဖြစ် ပါဝင်ခဲ့သလို ဆုတွေလဲ လျာထားခံရခဲ့တာတွေ ရှိတယ်။ ခေါင်းဆောင် မင်းသား မင်းသမီးတွေက Naomi watts (King Kong)
နဲ့ Edward Norton ( The Incredible Hulk ) ဖြစ်ပါတယ်။ IMDB rating ကလဲ 7.5 ဆိုတော့ ဒီကားဟာ ကားကောင်းတစ်ကားဖြစ်နေမှာ မလွဲပါဘူး
Translated By Hsu Myat Mon Htet
Encoded By Lin Htike Aung