/
The Originals

The Originals



Genre: , , , Actors: , , , Country: Released: 03 Oct 2013Episodes: 22 Type: TVScore: 8.3Duration: 45 minQuality: Year: View: 2,807







The Originals ဆိုတဲ့ TV Series တစ်ခုနဲ့ မိတ်ဆက်ပေးမယ် ကျွန်တော်တို့ ပရိသတ်တွေထဲမှာ Vampire Diaries တို့ Vampire ဇာတ်လမ်းတို့ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေက The Originals ဆိုတဲ့ စကားကို ဘာကိုပြောချင်လဲဆိုတာ သိမှာပါ .. Vampire Diaries ထဲမှာဆိုရင်လည်း စာဗေတွိုင်းညီနောင်တွေထက် ကြမ်းတဲ့ Original Vampire တွေရှိပါတယ် Klaus တို့ မိုက်ကယ်လ် တို့ပေါ့ သူတို့က Vampire တွေရဲ့ မူလအစပေါ့ .. ခု Series က Vampire တွေရဲ့ မူလအစ တွေရဲ့ Series .. သောက်ရမ်းကြမ်းတဲ့ Vampire တွေကို တွေ့ရမှာပါ .. ဒီ Series ကို ရိုက်ကူးပေးထားတာက Julie Plec ပါ … Joseph Morgan , Daniel Gillies , Claire Holt , Phoebe Tonkin စတဲ့ အနုပညာရှင်တွေ ပါဝင်ထားတယ် … Season 4 အထိထွက်ရှိထားပြီး 68 ပိုင်းတိတိရှိတယ် .. Season 4 ကို ဒီနှစ်ပိုင်းမှ ပြသထားတာလည်း ဖြစ်ပါတယ် ။။ The Originals ဆိုတဲ့ Series ကို The CW ဆိုတဲ့ ရုပ်သံလိုင်းက ပြသထားတာလည်း ဖြစ်ပါတယ် တစ်ပိုင်းကို 45 MINS တိတိရှိတယ် … The Originals ဆိုတဲ့ Series ဟာ 2013 OCT 3 ရက်နေ့ကတည်း စတင်ပြသခဲ့ Series လည်းဖြစ်တယ် .. ပြောရမယ်ဆိုရင် ဒီ Series က Vampire Diaries ထဲမှာပါတဲ့ Klaus ရဲ့ ဇာတ်လမ်းလို့လည်း ပြောလို့ရတယ် .. တော်တော်ကို ကြမ်းတယ် .. Klaus က Original Vampire တစ်ကောင် .. ပြီးရင် ရိုးရိုး Vampire ဟုတ်ဘူး Vampire တစ်ဝက် WereWolf ( သမန်းဝံပုလွေ ) တစ်ဝက် .. Klaus တို့က Mikaelson ဆိုတဲ့ မိသားစုက ဖြစ်ပြီး Klaus မှာ အစ်ကိုတစ်ယောက် ညီမတစ်ယောက် ရှိတယ် .. နောက်နှစ်ယောက်က Elijah နဲ့ Rebekah တို့ဖြစ်တယ် .. သူတို့နှစ်ယောက်ကလည်း သောက်ကြမ်း .. သုံးယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဘူး .. Vampire တွေကို Witch တွေက ကောင်းကောင်းနိုင်တယ်ဆိုတာလည်း ပရိသတ်ကြီး သိထားပြီး ဖြစ်မှာပါ .. Witch တွေကလည်း မူလအစတွေ … ပြီးရင် သမန်းဝံပုလွေတွေ လည်းပါတယ် .. The Origianls Series ဟာ IMDb 8.3/10 ရှိတယ်ဗျ .. Series ထဲမှာဆိုရင် Top 10 Series တွေထဲက ဇာတ်လမ်းတစ်ခု .. ဇာတ်လမ်းရဲ့ Season 1 မှာMarcel Gerad ဟာ Klaus က သူ့ကို Vampire အဖြစ်ပြောင်းပေးပြီးကတည်းက အရမ်းကို ကြမ်းသွားပြီး မြို့မှာ အရှင်သခင်တစ်ယောက်လို နေတယ် Marcel Gerard ကနေ Vampire အဖြစ် ပြောင်းပေးထားတဲ့သူတွေလည်း မနည်းဘူး နောက်လိုက်တွေ များတာပေါ့ .. အဲ့ဒီအချိန်မှာ Klaus ရဲ့ မိသားစုကအရမ်းချမ်းသာတယ် .. နောက်ပိုင်း Marcel Gerard တို့အဖွဲ့တွေဟာ Klaus ရဲ့ မိသားစုကိုပါ မထိမဲ့မြင်လုပ်လာကြတယ် .. Klaus က သူပြောင်းပေးထားတဲ့ သူ နဲ့ သူမိသားစု ကြားက ရန်ပွဲတွေမှာ ဗျာများလာတယ် .. တခုရှိတာက Klaus ကို သူ့အကိုရော သူ့ညီမရော သူပြောင်းပေးထားတဲ့ Marcel Gerard သုံးယောက်လုံး တစ်ယောက်မှာ မနိုင်ဘူး .. အဲအချိန်မှာ သမန်းဝံပုလွေရန်တွေ .. Witch တွေရဲ့ ရန်တွေ .. Vampire အချင်းချင်း ဗိုလ်လုပွဲတွေ .. သောက်ရမ်း ကြမ်းတဲ့ Battle တွေကို ပရိသတ်တွေ တွေ့မြင်ခံစားရမှာပါ .
Review by;Facebook
Encoding by Zero kyawsoelwin

4 responses to “The Originals”

  1. ဘာလို့ season 4 ကို တန်းတင်တာလဲဗျ

  2. အောင်လင်း says:

    season ဘယ်လောက်တွေလဲ အကို
    အစကစကြည့်လို့

  3. Chan says:

    အပိုင်း ၅ က ဆွဲလို့မရဘူး….။ ဖိုင်မရှိဘူး ပြောနေတယ်

  4. oprolevorter says:

    I genuinely enjoy looking at on this site, it has got good blog posts.

Leave a Reply

Your email address will not be published. Required fields are marked *