/
The Order 2019 Season 1

The Order 2019 Season 1



Genre: , , Actors: , , , Country: Released: 07 Mar 2019Networks: Episodes: 10 Type: TVScore: 6.9Duration: 60 minQuality: Year: View: 556







#Unicode

The Order 2019
================

မြန်မာစာတန်းထိုး
===============

ဒီလျှို့ဝှက်သည်းဖိုမှော်ပညာဇာတ်လမ်းတွဲကဆိုရင် ဒီနှစ် ၂၀၁၉ မတ်လကမှ အသစ်ထွက်ရှိထားတာပါ။ season 1 ပဲထွက်သေးပေမဲ့ ဇာတ်ကားကအောင်မြင်ခဲ့တဲ့အတွက် netflix က နောက်season လည်းထပ်လာမယ်လို့ ကြော်ငြာထားပါတယ်။ အပိုင်းအနေနဲ့ကတော့
ှSeason 1 မှာ 10 ပိုင်းပဲပါရှိမှာဖြစ်ပါတယ်။ နောက်လာမယ့် Season 2 ကိုလဲ ကျွန်တော်တို့ MMsubtitles ကနေ ဘာသာပြန်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ စောင့်မျှော်ကြည့်ရှူနိုင်ပါတယ်။
ဒီဇာတ်ကားရဲ့အညွှန်းကိုမပြောခင် ဒီဇာတ်ကားအခြေခံထားတဲ့ လျှို့ဝှက်အဖွဲ့အစည်းအကြောင်းကို အနည်းငယ်ပြောပြချင်ပါတယ် ။
အနောက်နိုင်ငံတွေရဲ့ တက္ကသိုလ်တွေမှာ လျှို့ဝှက်အဖွဲ့အစည်းတွေရှိကြတဲ့ကိစ္စက အရမ်းနာမည်ကြီးပါတယ်။ ဒါပေမဲ့အဲ့လိုအဖွဲ့အစည်းတွေက တကယ်ကိုလျှို့ဝှက်တာကြောင့် သူတို့ဘာတွေလုပ်တယ်၊ ဘယ်သူတွေအဖွဲ့မှာပါတယ် ဆိုတာတွေကို ဘာမှသေချာမသိရပါဘူး။
ဥပမာပြောရရင် ဗာဂျီးနီးယားတက္ကသိုလ်က ၇အဖွဲ့အစည်း၊ ရေးတက္ကသိုလ်က ဦးခေါင်းခွံနဲ့အရိုးများအဖွဲ့အစည်းတွေကကျော်ကြားပါတယ်။ တခြားနာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ အောက်စ်ဖို့ဒ် ဟားဗဒ်နဲ့ အခြားတက္ကသိုလ်တွေမှာလည်း ဒီလိုအဖွဲ့အစည်းတွေရှိကြပါတယ်။ တချို့အဖွဲ့အစည်းတွေကလည်း ပရဟိတလုပ်ငန်းတွေကို လူသိမခံပဲလုပ်ကြပါတယ်။ တချို့အဖွဲ့အစည်းတွေကြတော့လည်း မကောင်းတဲ့ကိစ္စတွေလုပ်တယ်လို့နာမည်ကျော်ကြပြန်တယ်။ ဘယ်သူမှတော့သေချာမပြောနိုင်ပါဘူး ။ ဒါပေမဲ့ အဖွဲ့အစည်းတွေရှိတာကတော့ သေချာပါတယ် ၊ နာမည်ကျော်တွေများစွာက အဲ့လိုအဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးကြပါတယ်။ ဥပမာ ဂျော့ ဒဗျလျူ ဘု့ချ်နဲ့ ဂျွန်ကယ်ရီတို့က ဦးခေါင်းခွံနဲ့အရိုးများအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ခဲ့ဘူးတယ်လို့ ဝန်ခံဖူးပါတယ်။ ဒါပေမဲ့ အဖွဲ့အကြောင်းကိုတော့ ဘာမှပြောပြလို့မရဘူးလို့ နှစ်ယောက်လုံးကပြောကြပါတယ်။
ဒီဇာတ်ကားထဲက လျှို့ဝှက်အဖွဲ့အစည်းကတော့ ဘယ်ဂရေ့တက္ကသိုလ်က နှင်းဆီပြာလျှို့ဝှက်အဖွဲ့ပါ။ဒီအဖွဲ့အစည်းက မှော်ပညာကို သင်ကြားပေပြီးလက်တွေ့လဲအသုံးချပါတယ်။ အဖွဲ့မှာကောင်းကွက်လေးတွေရှိသလို မှော်ပညာကိုအလွဲသုံးစားလုပ်နေသူတွေကလည်း ရှိနေပြန်တယ်။ ဒီဇာတ်လမ်းထဲမှာ ဂျက်လို့ခေါ်တဲ့ ကောင်လေးကို သူ့အဖိုးက ဒီအဖွဲ့ထဲကိုဝင်စေချင်ပါတယ်။ ကောင်လေးရဲ့မိခင်က သူ့ကိုယ်သူသတ်သေသွားတာပါ။ အဲ့လိုသတ်သေတာက နှင်းဆီပြာအဖွဲ့ထဲရောက်နေတဲ့ ဂျက်ရဲ့အဖေကြောင့်လို့ထင်တဲ့အတွက် သူကသူ့မြေးကို အဖွဲ့ထဲဝင်ခိုင်းပြီး ပြန်လက်စားချေခိုင်းတာပါ။ ဂျက်ခမျာမှာတော့ အဖိုးဆန္ဒအတိုင်း ဘယ်ဂရေ့တက္ကသိုလ်ကိုလည်းဝင်ခွင့်ရအောင်ကြိုးစား၊ အဖွဲ့ထဲလဲခက်ခက်ခဲခဲနဲ့ရအောင် ဝင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့အဖိုးထင်သလိုတော့ အဖွဲ့ထဲဝင် လက်စားချေဆိုသလိုတော့မရိုးရှင်းပါဘူး။ သူ့အဖေကလည်းအဲ့အချိန်မှာ အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေပြီလေ။
ဒီကြားထဲ ဂျက်ကမမျှော်လင့်ပဲ နောက်လျှို့ဝှက်အဖွဲ့တစ်ခုထဲလည်းရောက်သွားပြန်ရော။ နှင်းဆီပြာကမှော်ပညာသုံးတယ် နောက်အဖွဲ့အစည်းကမှော်ကိုမုန်းတယ်။ အဲ့တော့နှစ်ဖွဲ့လုံးမှာ အဖွဲ့ဝင်သွားဖြစ်တဲ့ဂျက် ဘယ်လိုလုပ်မလဲ။ လက်စားချေစေချင်တဲ့ သူအဖိုးဆန္ဒကလည်းရှိသေးတယ်။ ပြီးတော့ သူပထမဆုံးသဘောကျမိတဲ့ကောင်မလေးက နှင်းဆီပြာအဖွဲ့က သူ့စီနီယာလေးလဲဖြစ်နေပြန်တော့ သူဒီအရှုပ်အထွေးတွေကို ဘယ်လိုရှင်းမလဲ၊ ဘယ်လိုမှော်ပညာတွေကိုသုံးမလဲ ကြည့်ရှုလိုက်ပါဦး။

IMDb – 6.9/10

Genres: Drama | Fantasy | Horror

အညွှန်းရေးပေးထားပြီးတော့ ဘာသာပြန်ပေးထားတဲ့သူကတော့ Translator အသစ်ကလေးဖြစ်တဲ့ Rashida ပဲဖြစ်ပါတယ်။

Translated By Rashida And Encoded By Lin Htike Aung

Download Type – Openload, Zippyshare, Megaup, Filerocks
Download Size – Average 500 MB (720p Web)
Download Link – First Comment

#Zawgyi

The Order 2019
================

ျမန္မာစာတန္းထိုး
===============

ဒီလွ်ိဳ႕ဝွက္သည္းဖိုေမွာ္ပညာဇာတ္လမ္းတြဲကဆိုရင္ ဒီႏွစ္ ၂၀၁၉ မတ္လကမွ အသစ္ထြက္ရွိထားတာပါ။ season 1 ပဲထြက္ေသးေပမဲ့ ဇာတ္ကားကေအာင္ျမင္ခဲ့တဲ့အတြက္ netflix က ေနာက္season လည္းထပ္လာမယ္လို႔ ေၾကာ္ျငာထားပါတယ္။ အပိုင္းအေနနဲ႔ကေတာ့
ွSeason 1 မွာ 10 ပိုင္းပဲပါရွိမွာျဖစ္ပါတယ္။ ေနာက္လာမယ့္ Season 2 ကိုလဲ ကြ်န္ေတာ္တို႔ MMsubtitles ကေန ဘာသာျပန္ေပးမွာျဖစ္တဲ့အတြက္ေၾကာင့္မလို႔ ေစာင့္ေမွ်ာ္ၾကည့္ရွဴႏုိင္ပါတယ္။
ဒီဇာတ္ကားရဲ႕အၫႊန္းကိုမေျပာခင္ ဒီဇာတ္ကားအေျခခံထားတဲ့ လွ်ိဳ႕ဝွက္အဖြဲ႕အစည္းအေၾကာင္းကို အနည္းငယ္ေျပာျပခ်င္ပါတယ္ ။
အေနာက္ႏိုင္ငံေတြရဲ႕ တကၠသိုလ္ေတြမွာ လွ်ိဳ႕ဝွက္အဖြဲ႕အစည္းေတြရွိၾကတဲ့ကိစၥက အရမ္းနာမည္ႀကီးပါတယ္။ ဒါေပမဲ့အဲ့လိုအဖြဲ႕အစည္းေတြက တကယ္ကိုလွ်ိဳ႕ဝွက္တာေၾကာင့္ သူတို႔ဘာေတြလုပ္တယ္၊ ဘယ္သူေတြအဖြဲ႕မွာပါတယ္ ဆိုတာေတြကို ဘာမွေသခ်ာမသိရပါဘူး။
ဥပမာေျပာရရင္ ဗာဂ်ီးနီးယားတကၠသိုလ္က ၇အဖြဲ႕အစည္း၊ ေရးတကၠသိုလ္က ဦးေခါင္းခြံနဲ႔အ႐ိုးမ်ားအဖြဲ႕အစည္းေတြကေက်ာ္ၾကားပါတယ္။ တျခားနာမည္ႀကီးတကၠသိုလ္ေတြျဖစ္တဲ့ ေအာက္စ္ဖို႔ဒ္ ဟားဗဒ္နဲ႔ အျခားတကၠသိုလ္ေတြမွာလည္း ဒီလိုအဖြဲ႕အစည္းေတြရွိၾကပါတယ္။ တခ်ိဳ႕အဖြဲ႕အစည္းေတြကလည္း ပရဟိတလုပ္ငန္းေတြကို လူသိမခံပဲလုပ္ၾကပါတယ္။ တခ်ိဳ႕အဖြဲ႕အစည္းေတြၾကေတာ့လည္း မေကာင္းတဲ့ကိစၥေတြလုပ္တယ္လို႔နာမည္ေက်ာ္ၾကျပန္တယ္။ ဘယ္သူမွေတာ့ေသခ်ာမေျပာႏိုင္ပါဘူး ။ ဒါေပမဲ့ အဖြဲ႕အစည္းေတြရွိတာကေတာ့ ေသခ်ာပါတယ္ ၊ နာမည္ေက်ာ္ေတြမ်ားစြာက အဲ့လိုအဖြဲ႕အစည္းေတြမွာ အဖြဲ႕ဝင္ျဖစ္ခဲ့ဖူးၾကပါတယ္။ ဥပမာ ေဂ်ာ့ ဒဗ်လ်ဴ ဘု႔ခ်္နဲ႔ ဂၽြန္ကယ္ရီတို႔က ဦးေခါင္းခြံနဲ႔အ႐ိုးမ်ားအဖြဲ႕မွာ အဖြဲ႕ဝင္ျဖစ္ခဲ့ဘူးတယ္လို႔ ဝန္ခံဖူးပါတယ္။ ဒါေပမဲ့ အဖြဲ႕အေၾကာင္းကိုေတာ့ ဘာမွေျပာျပလို႔မရဘူးလို႔ ႏွစ္ေယာက္လံုးကေျပာၾကပါတယ္။
ဒီဇာတ္ကားထဲက လွ်ိဳ႕ဝွက္အဖြဲ႕အစည္းကေတာ့ ဘယ္ဂေရ႔တကၠသိုလ္က ႏွင္းဆီျပာလွ်ိဳ႕ဝွက္အဖြဲ႕ပါ။ဒီအဖြဲ႕အစည္းက ေမွာ္ပညာကို သင္ၾကားေပၿပီးလက္ေတြ႕လဲအသံုးခ်ပါတယ္။ အဖြဲ႕မွာေကာင္းကြက္ေလးေတြရွိသလို ေမွာ္ပညာကိုအလြဲသံုးစားလုပ္ေနသူေတြကလည္း ရွိေနျပန္တယ္။ ဒီဇာတ္လမ္းထဲမွာ ဂ်က္လို႔ေခၚတဲ့ ေကာင္ေလးကို သူ႔အဖိုးက ဒီအဖြဲ႕ထဲကိုဝင္ေစခ်င္ပါတယ္။ ေကာင္ေလးရဲ႕မိခင္က သူ႔ကိုယ္သူသတ္ေသသြားတာပါ။ အဲ့လိုသတ္ေသတာက ႏွင္းဆီျပာအဖြဲ႕ထဲေရာက္ေနတဲ့ ဂ်က္ရဲ႕အေဖေၾကာင့္လို႔ထင္တဲ့အတြက္ သူကသူ႔ေျမးကို အဖြဲ႕ထဲဝင္ခိုင္းၿပီး ျပန္လက္စားေခ်ခိုင္းတာပါ။ ဂ်က္ခမ်ာမွာေတာ့ အဖိုးဆႏၵအတိုင္း ဘယ္ဂေရ႕တကၠသိုလ္ကိုလည္းဝင္ခြင့္ရေအာင္ႀကိဳးစား၊ အဖြဲ႕ထဲလဲခက္ခက္ခဲခဲနဲ႔ရေအာင္ ဝင္ခဲ့ရပါတယ္။ ဒါေပမဲ့ သူ႔အဖိုးထင္သလိုေတာ့ အဖြဲ႕ထဲဝင္ လက္စားေခ်ဆိုသလိုေတာ့မ႐ိုးရွင္းပါဘူး။ သူ႔အေဖကလည္းအဲ့အခ်ိန္မွာ အဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္ေနၿပီေလ။
ဒီၾကားထဲ ဂ်က္ကမေမွ်ာ္လင့္ပဲ ေနာက္လွ်ိဳ႕ဝွက္အဖြဲ႕တစ္ခုထဲလည္းေရာက္သြားျပန္ေရာ။ ႏွင္းဆီျပာကေမွာ္ပညာသံုးတယ္ ေနာက္အဖြဲ႕အစည္းကေမွာ္ကိုမုန္းတယ္။ အဲ့ေတာ့ႏွစ္ဖြဲ႕လံုးမွာ အဖြဲ႕ဝင္သြားျဖစ္တဲ့ဂ်က္ ဘယ္လိုလုပ္မလဲ။ လက္စားေခ်ေစခ်င္တဲ့ သူအဖိုးဆႏၵကလည္းရွိေသးတယ္။ ၿပီးေတာ့ သူပထမဆံုးသေဘာက်မိတဲ့ေကာင္မေလးက ႏွင္းဆီျပာအဖြဲ႕က သူ႔စီနီယာေလးလဲျဖစ္ေနျပန္ေတာ့ သူဒီအရႈပ္အေထြးေတြကို ဘယ္လိုရွင္းမလဲ၊ ဘယ္လိုေမွာ္ပညာေတြကိုသံုးမလဲ ၾကည့္ရႈလိုက္ပါဦး။

IMDb – 6.9/10

Genres: Drama | Fantasy | Horror

အညႊန္းေရးေပးထားျပီးေတာ့ ဘာသာျပန္ေပးထားတဲ့သူကေတာ့ Translator အသစ္ကေလးျဖစ္တဲ့ Rashida ပဲျဖစ္ပါတယ္။

Translated By Rashida And Encoded By Lin Htike Aung

Download Type – Openload, Zippyshare, Megaup, Filerocks
Download Size – Average 500 MB (720p Web)
Download Link – First Comment

The Order 2019 Season 1 Episodes

Leave a Reply

Your email address will not be published. Required fields are marked *