/
The Notebook 2004

The Notebook 2004



Genre: , Director: Actors: , , , Country: Released: 25 Jun 2004 Score: 7.8 Duration: 123 min Quality: 1080p 5.1, Bluray 720p Years: View: 1,352

#Unicode

The Notebook (2004)
________________________

မြန်မာစာတန်းထိုးအမှန်
____________________

Translated By Rashida And Encoded By Lin Htike Aung

Download Type – Megaup, Archive
Download size – 1080p 5.1CH (2GB), 720p Bluray (1GB)
Download Link – First Comment

မနက်ခင်းရဲ့ အလင်းရောင်ဟာ မြက်ခင်းစိမ်းကလေးတွေပေါ်ကို ဖြေးဖြေးသာသာ ထိုးစွနေတဲ့အခိုက်အတန့်မျိုး …… ဌက်ကလေးတွေဟာလည်း ကိုယ်စီအသိုက်အမြုံကို စွန့်ခွာကြတဲ့အချိန် … နေ့တစ်နေ့ရဲ့ အဖွင့်စာမျက်နှာ … နံနက်ခင်းတစ်ခုရဲ့အလှပဆုံးအချိန် …

သက်ကြီးတွေကိုပြုစုတဲ့ဂေဟာကြီးတစ်ခုရဲ့ အရှေ့ဘက်ထိုင်ခုံတန်းလေးမှာ အဖိုးကြီးနဲ့အဖွားကြီးတို့ထိုင်နေခဲ့ကြတယ်။
သူတို့နှစ်ဦးဟာ ခရီးအတော်အတန်ရောက်ခဲ့ပြီထင်ပါရဲ့ ချစ်ခြင်းတွေ နားလည်မှုတွေအသာထားပါအုန်း … နှစ်ဦးသား မနက်ခင်းတစ်ခုကို တုန့်ပြန်ပုံဟာတင် အဖိုးကြီးနဲ့အဖွားကြီးတို့ရဲ့ အခြေအနေကိုပြောပြနေလေရဲ့။ ဒီမနက်ခင်းတိုင်းဟာ အထူးအဆန်းဟုတ်ပုံမပေါ်။ မနက်ခင်းရဲ့ သန့်ရှင်းတဲ့ လေပြေလေးတွေဟာလည်း သူတို့အတွက် မက်မက်မောမော ရှုရှိုက်လောက်တဲ့အထိမဟုတ်ပြန်။
ထူးထူးဆန်းဆန်းပါဘဲ အဖွားကြီးဟာ အဖိုးကြီးထက် ပိုတည်ငြိမ်တယ်။ သူ့ကိုကြည့်ရတာ ဘဝရဲ့နောက်ဆုံးအချိန်မှာ အရာရာကို လက်မြောက်အရှုံးပေးထားခဲ့သလိုတောင် ထင်ရတယ်။ အကြည့်တွေ ဒါ့အပြင်မျက်ဝန်းစိုစိုအောက်က ရစ်ကြောင်းအစင်းလေးတွေဟာ အဖွားကြီးရဲ့ ဖြတ်သန်းလာတဲ့ အချိန်ကာလတွေကို သက်သေထူနေလေရဲ့။
သေချာတာတော့ လှပချောမွေ့ခဲ့ပုံမပေါ်။
အဖိုးကြီးရဲ့ပေါင်ပေါ်မှာ ဖုန်တက်ပြီး အိုဟောင်းနေတဲ့ စာအုပ်တစ်အုပ်ကိုတင်ထားလေရဲ့။ စာအုပ်ဟာ မြင်လိုက်တာနဲ့ အကြိမ်ထောင်ပေါင်းများစွာ ဖွင့်ဖတ်ထားပြီးခဲ့မှန်း သိနိုင်တဲ့အထိကို နွမ်းအိုနေခဲ့ပြီ။

စာအုပ်သာအိုတာ … အဖိုးဖတ်ပြတဲ့ စာအုပ်ထဲကစကားလုံးတွေကတော့ ဘယ်တော့မှ အိုနိုင်မယ်မထင်။ ဒီစာအုပ်နဲ့အစပြုခဲ့တဲ့ အဖွားရဲ့ မနက်ခင်းတွေဟာ ရေတွက်လို့ရမှာ မဟုတ်။ တန်ဖိုးဖြတ်လို့ရမှာ မဟုတ်။ အဖိုးဖတ်ပြတဲ့ စာသားတွေဟာ မနေ့ကဖတ်ခဲ့ပြီးသားလည်း ဖြစ်ကောင်းဖြစ်မယ် ဒါမှမဟုတ် ပြီးခဲ့တဲ့ အပတ်ကဖတ်ပြခဲ့တဲ့အပိုင်းတိုကလေးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကိုတော့ အဖွားတစ်ယောက် ဘယ်တော့မှသိနိုင်မယ်မထင်။

အဖွားဟာ အလ်ဇိုင်းမားရောဂါခံစားနေရတာ အချိန်အတော်ကြာခဲ့ပြီ။ မှတ်ညဏ်တွေဟာလည်း ယိုယွင်းနေခဲ့ပြီ။ မနေ့ကပြောခဲ့တာတွေကိုလည်း
ဒီနေ့မယ် ပြန်ပြောပြနိုင်မယ်မထင်။ သူ့ဘဝခရီးလမ်းကြီးအကြောင်းဆိုရင် ဝေလာဝေးပေါ့။ မြက်ခင်းပေါ်မှာ အဖိုးနဲ့အတူ လှဲလျောင်းရင်းကြည့်ခဲ့တဲ့ ကြယ်ပွင့်ကလေးတွေကိုလည်း မှတ်မိနိုင်တော့မယ်မထင်။ သူတို့နှစ်ယောက် ပထမဦးဆုံးတွေ့ခဲ့တဲ့အချိန် ……
ပထမဦးဆုံးကျခဲ့တဲ့ မျက်ရည် ……
ပထမဦးဆုံးဝေးကွာခဲ့တဲ့ အခိုက်အတန့် ……
ဒါတွေကို မှတ်မိနိုင်တော့မယ်မထင်။
ဒါတွေကို အဖိုးကတော့ သိပ်ဂရုစိုက်ဟန်မပေါ်။
သူဖတ်ပြခဲ့တဲ့စာတွေကို မိနစ်ပိုင်းအတွင်း အဖွားဟာ မေ့ကောင်းမေ့သွားနိုင်ပါရဲ့။ သူပြောခဲ့တဲ့ ရယ်စရာအကြောင်းတွေကို အဖွားဟာ
ရယ်နေရင်းနဲ့ဘဲ မေ့သွားကောင်းမေ့သွားနိုင်ပါရဲ့။
ဒါလည်း ဘာအရေးလဲ ……
အချစ်ဆိုတာ သူနဲ့ အတူရှိတဲ့ စက္ကန့်ပိုင်းကလေးမှာ အပြုံးနှစ်ခုထပ်တူကျရေး မဟုတ်လေလား … ။

အဖိုးဖတ်ပြနေတဲ့ စာအုပ်အကြောင်းကို ပြောရအောင်လား … ။ အချိန်ကား ၁၉၄၆ ခုနှစ်။
Noah တစ်ယောက် ဒုတိယကမ္ဘာစစ်ကြီးက ပြန်လာကာစ။ ကမ္ဘာစစ်ကြီးတစ်ခုပြီးခဲ့ပြန်ပြီ။ လူသန်းပေါင်းများစွာ သေခဲ့ပြန်ပြီ။ ကံကောင်းသည်ပြောရမလားမသိ Noah ကတော့ အသက်ရှင်လျက် မြောက်ကယ်ရိုလိုင်းနားဒေသကို ပြန်လာနိုင်ခဲ့ပြီ။ သို့ပေမယ့် သူ့ကို ကောင်မလေးတစ်ယောက်ရဲ့ ပုံရိပ်တွေဟာ ခြောက်လန့်နေဆဲ။ ခြောက်လန့်နေတယ်ဆိုပေမယ့် စွဲမက်ခြင်းတွေများတဲ့ ခြောက်လန့်မှု။ တပ်မက်မှုတွေပါတဲ့ ခြောက်လန့်ခြင်းပေါ့။
လွန်ခဲ့တဲ့ ၁၄ နှစ်တိတိက သူမြင်ခဲ့တဲ့ကောင်မလေး … ။
Allie … Noah …
သူတို့တတွေ အတူဖြတ်သန်းခဲ့တဲ့ကာလဟာ နွေရာသီလေးတစ်ခုတည်း။ အချစ်တစ်ခု ပေါက်ဖွားဖို့ရာ အချိန်ကာလအများကြီးမလိုဘဲ Only the Right Time is needed ဆိုသလို သူတို့တတွေရဲ့ Summer ဟာ ထင်တာထက်ပိုလှပခဲ့တယ်။ စစ်ကြီးမတိုင်ခင်ရော စစ်ကြီးအတွင်းမှာရော Noah ဟာ Allie ကိုမေ့လို့ရခဲ့ပုံမပေါ်။ မေ့သွားအောင်လည်း ကြိုးစားခဲ့ပုံလည်းမပေါ်။ ကြိုးစားချင်ပုံလည်းမပေါ်။
အခု Noah ပြန်လာတော့ Allie ဟာ နောက်တစ်ယောက်နဲ့ စေ့စပ်ပြီးခဲ့ပြီ။
သို့ပေမယ့် Allie ကိုယ်တိုင်လည်း Noah ကိုမေ့မရနိုင်ခဲ့ပြန်ဘူး။ သူတို့တစ်ယောက်အပေါ် တစ်ယောက် ထားတဲ့ခံစားချက်တွေဟာ
အချိန်နဲ့လိုက်ပြီး မှိန်ဖျော့သွားနိုင်တာမျိုးမဟုတ်ဘူူး။ မဟာမိတ်နဲ့နာဇီတို့ကြားက စစ်ပွဲကြီးကြောင့်လည်း အချစ်လျော့သွားမှာမဟုတ်ပြန်ဘူး။

ဇာတ်လမ်းအကြောင်းကို ဒီလောက်ပြောတာနဲ့တင် Notebook ဆိုတာ Romance ကားမှန်းခန့်မှန်းလို့ရလောက်ပြီ။ ဒီဇာတ်လမ်းရဲ့ ပိုင်ရှင်ကတော့ Nicholas Sparks.… အချစ်ဇာတ်လမ်းများရဲ့ ခေါင်းကိုင်ဖခင်ကြီး။
Sparks ရဲ့ဇာတ်လမ်းတွေကို ပြန်ရိုက်တဲ့ရုပ်ရှင်အကြောင်းပြောတိုင်း ကျနော့်မှာ စာအုပ်နဲ့ရုပ်ရှင်ကို ချိန်ထိုးပြောရတဲ့ အခက်အခဲရှိတယ်။ အတော်ကြီးတဲ့ အခက်အခဲ။ အမြဲလိုလိုဘဲ စာအုပ်ဟာ အလေးချိန်အသာစီးလေ့ရှိတယ်။
ဒါပေမယ့် Notebook ကတော့ အဲ့လိုမဟုတ်ဘဲ ဘက်မျှတယ်လို့ဆိုလို့ရတာမျိုး။ Notebook ဟာ Sparks ရဲ့ ပထမဆုံးဝတ္ထုဖြစ်သလို အအောင်မြင်ဆုံး ဝတ္ထုလည်းဖြစ်ပြန်တယ်။

တကယ်တော့ ဒီဇာတ်လမ်းဟာ Sparks ရဲ့ ဇနီးရဲ့ အဖိုးအဖွားတို့အကြောင်းကို အခြေခံထားတာလို့ သူကိုယ်တိုင်တစ်ခါပြောဖူးတယ်။ သူ့ဇနီးက ဒီအဖိုးနဲ့အဖွားကိုသိပ်ချစ်တာ။ ကောလိပ်တက်နေတုန်းမှာတောင် အပတ်တိုင်း အဖိုးနဲ့အဖွားစီကို ကားမောင်းသွားလောက်တဲ့ အထိကိုချစ်တာတဲ့။ အဖိုးနဲ့အဖွားကလည်း နှစ် ၆၀ကျော် ချစ်ခဲ့ ကြင်နာခဲ့ကြတဲ့ အချစ်ရဲ့ပြယုဂ်ကြီးတွေ မဟုတ်လေလား။ ဒီလိုနဲ့ Sparks တို့ မင်္ဂလာဆောင်ဖို့ အချိန်ကျပါလေရော။ မင်္ဂလာမဆောင်ခင် တစ်ရက်အလိုမှာ ဖုန်းကောလ်တစ်ခုဝင်လာတယ်။ အဖိုးနဲ့အဖွားတို့ရဲ့ ဆရာဝန်ကဆက်ပြီး သူတို့ရဲ့ကျန်းမားရေးဆိုးရွားလာလို့ မင်္ဂလာဆောင်တက်ဖို့မဖြစ်တော့တဲ့အကြောင်း သတင်းပေးတဲ့ ဖုန်းကောလ်။ ဒီဖုန်းကောလ်ဟာ
Sparks ရဲ့ ဇနီးကို မျက်ရည်ဝဲစေခဲ့တဲ့ ဖုန်းကောလ်ပါဘဲ။ ဒီလိုနဲ့ မင်္ဂလာဆောင်မယ့်နေ့ကို ရောက်လာပါလေရဲ့။
Sparks တို့ မင်္ဂလာဆောင်တဲ့ ချာ့ချ်ကျောင်းကြီးရဲ့ အနောက်ဖက် ပန်းခြံကလေးရဲ့ အလယ်တည့်တည့်မှာ စားပွဲခုံတစ်ခုရှိပြန်တယ်။ ခုံပေါ်မှာ ဘူးကလေးတစ်ဘူး။ ပန်းရင်ထိုးကလေးတွေထည့်ထားတဲ့ ဘူးကလေး။
ဒီဘူးကလေးထဲက ရင်ထိုးတွေကို သက်ဆိုင်သူတွေ ယူသွားပြီးတဲ့အခါမှာ ခရင်မ်အနှစ်ရောင် ပန်းရင်ထိုးလေးနှစ်ခုဟာ ကျန်နေခဲ့တယ်။
ဒါဟာ အဖိုးနဲ့အဖွားတို့အတွက် စီစဉ်ထားတဲ့ ရင်ထိုးကလေးပါတဲ့။

တကယ်တမ်း Notebook စာအုပ်ဖြစ်လာတဲ့ အကြောင်းအရင်းကိုမေးလေတော့ Sparks က ဘာပြောလဲဆိုတော့ … “ကျုပ်တို့မင်္ဂလာဆောင်ကြတယ်။ ပျော်ကြတယ်။ ရွှင်ကြတယ်။ လူတွေကိုနှုတ်ဆက်တယ်။ ကကြတယ်။ ခုန်ကြတယ်။ နောက်ပြီး ဟိုတယ်ပြန်အိပ်လိုက်တယ်။ မနက်ခင်းလည်းရောက်ရော ကျုပ်ဇနီးက ကျုပ်ဘက်အခြမ်းအိပ်ယာဘက်ကို လှိမ့်ပြီး သူ့ရဲ့ လှပရွှန်းတောက်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ ကျုပ်ကိုစိုက်ကြည့်ပြီးမေးတယ်။ “ကျွန်မကိုချစ်လား”တဲ့။ ကျုပ်ကလည်း ချစ်တာပေါ့လို့ပြန်ဖြေတယ်။ ဒီတော့ သူမကပြန်ပြောတယ် “အဲ့တာဆိုရင် ကျွမ်မအတွက် ရှင်တစ်ခုလုပ်ပေးရတော့မယ်”တဲ့ … And I said
“Yes, Ma’am”

ဒီလိုနဲ့ဘဲ သိပ်လှတဲ့ The Notebook ဆိုတဲ့ဇာတ်လမ်းလေးတစ်ခုဖြစ်လာပါတော့တယ်။

“ကျနော်က ဘာမှထူးထူးခြားခြား လူတစ်ယောက်မဟုတ်ဘူး။ ရိုးရိုးသာမန်လူတစ်ယောက်။ ကျနော့်အတွက် အမှတ်တရ စိုက်ထူထားတဲ့ ကျောက်တိုင်တွေလည်းမရှိဘူး။ မကြာခင်မှာဘဲ ကျနော့်နာမည်ကို လူတွေမေ့သွားကြလိမ့်မယ်။ ဒါပေမယ့် ကျနော့်ဘဝတစ်လျှောက် ကျနော့်ရဲ့နှလုံးသားတစ်ခုလုံးနဲ့ အသက်ရှင်ခြင်းနဲ့ ဝင်သက် ထွက်သက်တိုင်းနဲ့အတူ လူတစ်ယောက်ကိုပဲ ချစ်ခဲ့ဖူးတယ်။ ကျနော့်အတွက်ကတော့ ဒါဟာ လုံလောက်တာထက်ပိုတယ်”

(ရာရာ)

#Zawgyi

The Notebook (2004)
________________________

ျမန္မာစာတန္းထိုးအမွန္
____________________

Translated By Rashida And Encoded By Lin Htike Aung

Download Type – Megaup, Archive
Download size – 1080p 5.1CH (2GB), 720p Bluray (1GB)
Download Link – First Comment

မနက္ခင္းရဲ႕ အလင္းေရာင္ဟာ ျမက္ခင္းစိမ္းကေလးေတြေပၚကို ေျဖးေျဖးသာသာ ထိုးစြေနတဲ႔အခိုက္အတန္႔မ်ိဳး …… ဌက္ကေလးေတြဟာလည္း ကိုယ္စီအသိုက္အျမံဳကို စြန္႔ခြာၾကတဲ႔အခ်ိန္ … ေန႔တစ္ေန႔ရဲ႕ အဖြင့္စာမ်က္ႏွာ … နံနက္ခင္းတစ္ခုရဲ႕အလွပဆံုးအခ်ိန္ …

သက္ႀကီးေတြကိုျပဳစုတဲ႔ေဂဟာႀကီးတစ္ခုရဲ႕ အေရွ႔ဘက္ထိုင္ခံုတန္းေလးမွာ အဖိုးႀကီးနဲ႔အဖြားႀကီးတို႔ထိုင္ေနခဲ႔ၾကတယ္။
သူတို႕ႏွစ္ဦးဟာ ခရီးအေတာ္အတန္ေရာက္ခဲ႔ၿပီထင္ပါရဲ႕ ခ်စ္ျခင္းေတြ နားလည္မႈေတြအသာထားပါအုန္း … ႏွစ္ဦးသား မနက္ခင္းတစ္ခုကို တုန္႔ျပန္ပံုဟာတင္ အဖိုးႀကီးနဲ႔အဖြားႀကီးတို႔ရဲ႕ အေျခအေနကိုေျပာျပေနေလရဲ႕။ ဒီမနက္ခင္းတိုင္းဟာ အထူးအဆန္းဟုတ္ပံုမေပၚ။ မနက္ခင္းရဲ႕ သန္႔ရွင္းတဲ႔ ေလေျပေလးေတြဟာလည္း သူတို႔အတြက္ မက္မက္ေမာေမာ ရႈရိႈက္ေလာက္တဲ႔အထိမဟုတ္ျပန္။
ထူးထူးဆန္းဆန္းပါဘဲ အဖြားႀကီးဟာ အဖိုးႀကီးထက္ ပိုတည္ျငိမ္တယ္။ သူ႔ကိုၾကည့္ရတာ ဘဝရဲ႕ေနာက္ဆံုးအခ်ိန္မွာ အရာရာကို လက္ေျမာက္အရံႈးေပးထားခဲ႔သလိုေတာင္ ထင္ရတယ္။ အၾကည့္ေတြ ဒါ့အျပင္မ်က္ဝန္းစုိစုိေအာက္က ရစ္ေၾကာင္းအစင္းေလးေတြဟာ အဖြားႀကီးရဲ႕ ျဖတ္သန္းလာတဲ႔ အခ်ိန္ကာလေတြကို သက္ေသထူေနေလရဲ႕။
ေသခ်ာတာေတာ့ လွပေခ်ာေမြ႔ခဲ႔ပံုမေပၚ။
အဖိုးႀကီးရဲ႕ေပါင္ေပၚမွာ ဖုန္တက္ၿပီး အိုေဟာင္းေနတဲ႔ စာအုပ္တစ္အုပ္ကိုတင္ထားေလရဲ႕။ စာအုပ္ဟာ ျမင္လိုက္တာနဲ႔ အႀကိမ္ေထာင္ေပါင္းမ်ားစြာ ဖြင့္ဖတ္ထားၿပီးခဲ႔မွန္း သိႏိုင္တဲ႔အထိကို ႏြမ္းအိုေနခဲ႔ၿပီ။

စာအုပ္သာအိုတာ … အဖိုးဖတ္ျပတဲ႔ စာအုပ္ထဲကစကားလံုးေတြကေတာ့ ဘယ္ေတာ့မွ အိုႏိုင္မယ္မထင္။ ဒီစာအုပ္နဲ႔အစျပဳခဲ႔တဲ႔ အဖြားရဲ႕ မနက္ခင္းေတြဟာ ေရတြက္လို႔ရမွာ မဟုတ္။ တန္ဖိုးျဖတ္လို႔ရမွာ မဟုတ္။ အဖိုးဖတ္ျပတဲ႔ စာသားေတြဟာ မေန႔ကဖတ္ခဲ႔ၿပီးသားလည္း ျဖစ္ေကာင္းျဖစ္မယ္ ဒါမွမဟုတ္ ၿပီးခဲ႔တဲ႔ အပတ္ကဖတ္ျပခဲ႔တဲ႔အပိုင္းတိုကေလးလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဒါကိုေတာ့ အဖြားတစ္ေယာက္ ဘယ္ေတာ့မွသိႏိုင္မယ္မထင္။

အဖြားဟာ အလ္ဇိုင္းမားေရာဂါခံစားေနရတာ အခ်ိန္အေတာ္ၾကာခဲ႔ၿပီ။ မွတ္ညဏ္ေတြဟာလည္း ယိုယြင္းေနခဲ႔ၿပီ။ မေန႔ကေျပာခဲ႔တာေတြကိုလည္း
ဒီေန႔မယ္ ျပန္ေျပာျပႏိုင္မယ္မထင္။ သူ႔ဘဝခရီးလမ္းႀကီးအေၾကာင္းဆိုရင္ ေဝလာေဝးေပါ့။ ျမက္ခင္းေပၚမွာ အဖိုးနဲ႔အတူ လွဲေလ်ာင္းရင္းၾကည့္ခဲ႔တဲ႔ ၾကယ္ပြင့္ကေလးေတြကိုလည္း မွတ္မိႏိုင္ေတာ့မယ္မထင္။ သူတို႔ႏွစ္ေယာက္ ပထမဦးဆံုးေတြ႔ခဲ႔တဲ႔အခ်ိန္ ……
ပထမဦးဆံုးက်ခဲ႔တဲ႔ မ်က္ရည္ ……
ပထမဦးဆံုးေဝးကြာခဲ႔တဲ႔ အခိုက္အတန္႔ ……
ဒါေတြကို မွတ္မိႏိုင္ေတာ့မယ္မထင္။
ဒါေတြကို အဖိုးကေတာ့ သိပ္ဂရုစိုက္ဟန္မေပၚ။
သူဖတ္ျပခဲ႔တဲ႔စာေတြကို မိနစ္ပိုင္းအတြင္း အဖြားဟာ ေမ့ေကာင္းေမ့သြားႏိုင္ပါရဲ႕။ သူေျပာခဲ႔တဲ႔ ရယ္စရာအေၾကာင္းေတြကို အဖြားဟာ
ရယ္ေနရင္းနဲ႔ဘဲ ေမ့သြားေကာင္းေမ့သြားႏိုင္ပါရဲ႕။
ဒါလည္း ဘာအေရးလဲ ……
အခ်စ္ဆိုတာ သူနဲ႔ အတူရွိတဲ႔ စကၠန္႔ပိုင္းကေလးမွာ အၿပံဳးႏွစ္ခုထပ္တူက်ေရး မဟုတ္ေလလား … ။

အဖိုးဖတ္ျပေနတဲ႔ စာအုပ္အေၾကာင္းကို ေျပာရေအာင္လား … ။ အခ်ိန္ကား ၁၉၄၆ ခုႏွစ္။
Noah တစ္ေယာက္ ဒုတိယကမာၻစစ္ႀကီးက ျပန္လာကာစ။ ကမာၻစစ္ႀကီးတစ္ခုၿပီးခဲ႔ျပန္ၿပီ။ လူသန္းေပါင္းမ်ားစြာ ေသခဲ႔ျပန္ၿပီ။ ကံေကာင္းသည္ေျပာရမလားမသိ Noah ကေတာ့ အသက္ရွင္လ်က္ ေျမာက္ကယ္ရိုလိုင္းနားေဒသကို ျပန္လာႏိုင္ခဲ႔ၿပီ။ သို႔ေပမယ့္ သူ႔ကို ေကာင္မေလးတစ္ေယာက္ရဲ႕ ပံုရိပ္ေတြဟာ ေျခာက္လန္႔ေနဆဲ။ ေျခာက္လန္႔ေနတယ္ဆိုေပမယ့္ စြဲမက္ျခင္းေတြမ်ားတဲ႔ ေျခာက္လန္႔မႈ။ တပ္မက္မႈေတြပါတဲ႔ ေျခာက္လန္႔ျခင္းေပါ့။
လြန္ခဲ႔တဲ႔ ၁၄ ႏွစ္တိတိက သူျမင္ခဲ႔တဲ႔ေကာင္မေလး … ။
Allie … Noah …
သူတို႔တေတြ အတူျဖတ္သန္းခဲ႔တဲ႔ကာလဟာ ေႏြရာသီေလးတစ္ခုတည္း။ အခ်စ္တစ္ခု ေပါက္ဖြားဖို႔ရာ အခ်ိန္ကာလအမ်ားႀကီးမလိုဘဲ Only the Right Time is needed ဆိုသလို သူတို႔တေတြရဲ႕ Summer ဟာ ထင္တာထက္ပိုလွပခဲ႔တယ္။ စစ္ႀကီးမတိုင္ခင္ေရာ စစ္ႀကီးအတြင္းမွာေရာ Noah ဟာ Allie ကိုေမ့လို႔ရခဲ႔ပံုမေပၚ။ ေမ့သြားေအာင္လည္း ႀကိဳးစားခဲ႔ပံုလည္းမေပၚ။ ႀကိဳးစားခ်င္ပံုလည္းမေပၚ။
အခု Noah ျပန္လာေတာ့ Allie ဟာ ေနာက္တစ္ေယာက္နဲ႔ ေစ့စပ္ၿပီးခဲ႔ၿပီ။
သို႔ေပမယ့္ Allie ကိုယ္တိုင္လည္း Noah ကိုေမ့မရႏိုင္ခဲ႔ျပန္ဘူး။ သူတို႔တစ္ေယာက္အေပၚ တစ္ေယာက္ ထားတဲ႔ခံစားခ်က္ေတြဟာ
အခ်ိန္နဲ႔လိုက္ၿပီး မွိန္ေဖ်ာ့သြားႏိုင္တာမ်ိဳးမဟုတ္ဘူူး။ မဟာမိတ္နဲ႔နာဇီတို႔ၾကားက စစ္ပြဲႀကီးေၾကာင့္လည္း အခ်စ္ေလ်ာ့သြားမွာမဟုတ္ျပန္ဘူး။

ဇာတ္လမ္းအေၾကာင္းကို ဒီေလာက္ေျပာတာနဲ႔တင္ Notebook ဆိုတာ Romance ကားမွန္းခန္႔မွန္းလို႔ရေလာက္ၿပီ။ ဒီဇာတ္လမ္းရဲ႕ ပိုင္ရွင္ကေတာ့ Nicholas Sparks.… အခ်စ္ဇာတ္လမ္းမ်ားရဲ႕ ေခါင္းကိုင္ဖခင္ႀကီး။
Sparks ရဲ႕ဇာတ္လမ္းေတြကို ျပန္ရိုက္တဲ႔ရုပ္ရွင္အေၾကာင္းေျပာတိုင္း က်ေနာ့္မွာ စာအုပ္နဲ႔ရုပ္ရွင္ကို ခ်ိန္ထိုးေျပာရတဲ႔ အခက္အခဲရွိတယ္။ အေတာ္ႀကီးတဲ႔ အခက္အခဲ။ အျမဲလိုလိုဘဲ စာအုပ္ဟာ အေလးခ်ိန္အသာစီးေလ့ရွိတယ္။
ဒါေပမယ့္ Notebook ကေတာ့ အဲ႔လိုမဟုတ္ဘဲ ဘက္မွ်တယ္လို႔ဆိုလို႔ရတာမ်ိဳး။ Notebook ဟာ Sparks ရဲ႕ ပထမဆံုးဝတၳဳျဖစ္သလို အေအာင္ျမင္ဆံုး ဝတၳဳလည္းျဖစ္ျပန္တယ္။

တကယ္ေတာ့ ဒီဇာတ္လမ္းဟာ Sparks ရဲ႕ ဇနီးရဲ႕ အဖိုးအဖြားတို႔အေၾကာင္းကို အေျခခံထားတာလို႔ သူကိုယ္တိုင္တစ္ခါေျပာဖူးတယ္။ သူ႔ဇနီးက ဒီအဖိုးနဲ႔အဖြားကိုသိပ္ခ်စ္တာ။ ေကာလိပ္တက္ေနတုန္းမွာေတာင္ အပတ္တိုင္း အဖိုးနဲ႔အဖြားစီကို ကားေမာင္းသြားေလာက္တဲ႔ အထိကိုခ်စ္တာတဲ႔။ အဖိုးနဲ႔အဖြားကလည္း ႏွစ္ ၆၀ေက်ာ္ ခ်စ္ခဲ႔ ၾကင္နာခဲ႔ၾကတဲ႔ အခ်စ္ရဲ႕ျပယုဂ္ႀကီးေတြ မဟုတ္ေလလား။ ဒီလိုနဲ႔ Sparks တို႔ မဂၤလာေဆာင္ဖို႔ အခ်ိန္က်ပါေလေရာ။ မဂၤလာမေဆာင္ခင္ တစ္ရက္အလိုမွာ ဖုန္းေကာလ္တစ္ခုဝင္လာတယ္။ အဖိုးနဲ႔အဖြားတို႔ရဲ႕ ဆရာဝန္ကဆက္ၿပီး သူတို႔ရဲ႕က်န္းမားေရးဆိုးရြားလာလို႔ မဂၤလာေဆာင္တက္ဖို႔မျဖစ္ေတာ့တဲ႔အေၾကာင္း သတင္းေပးတဲ႔ ဖုန္းေကာလ္။ ဒီဖုန္းေကာလ္ဟာ
Sparks ရဲ႕ ဇနီးကို မ်က္ရည္ဝဲေစခဲ႔တဲ႔ ဖုန္းေကာလ္ပါဘဲ။ ဒီလိုနဲ႔ မဂၤလာေဆာင္မယ့္ေန႔ကို ေရာက္လာပါေလရဲ႕။
Sparks တို႔ မဂၤလာေဆာင္တဲ႔ ခ်ာ့ခ်္ေက်ာင္းႀကီးရဲ႕ အေနာက္ဖက္ ပန္းျခံကေလးရဲ႕ အလယ္တည့္တည့္မွာ စားပြဲခုံတစ္ခုရွိျပန္တယ္။ ခံုေပၚမွာ ဘူးကေလးတစ္ဘူး။ ပန္းရင္ထိုးကေလးေတြထည့္ထားတဲ႔ ဘူးကေလး။
ဒီဘူးကေလးထဲက ရင္ထိုးေတြကို သက္ဆိုင္သူေတြ ယူသြားၿပီးတဲ႔အခါမွာ ခရင္မ္အႏွစ္ေရာင္ ပန္းရင္ထုိးေလးႏွစ္ခုဟာ က်န္ေနခဲ႔တယ္။
ဒါဟာ အဖိုးနဲ႔အဖြားတို႔အတြက္ စီစဥ္ထားတဲ႔ ရင္ထိုးကေလးပါတဲ႔။

တကယ္တမ္း Notebook စာအုပ္ျဖစ္လာတဲ႔ အေၾကာင္းအရင္းကိုေမးေလေတာ့ Sparks က ဘာေျပာလဲဆိုေတာ့ … “က်ဳပ္တို႔မဂၤလာေဆာင္ၾကတယ္။ ေပ်ာ္ၾကတယ္။ ရႊင္ၾကတယ္။ လူေတြကိုႏႈတ္ဆက္တယ္။ ကၾကတယ္။ ခုန္ၾကတယ္။ ေနာက္ၿပီး ဟိုတယ္ျပန္အိပ္လိုက္တယ္။ မနက္ခင္းလည္းေရာက္ေရာ က်ဳပ္ဇနီးက က်ဳပ္ဘက္အျခမ္းအိပ္ယာဘက္ကို လွိမ့္ၿပီး သူ႔ရဲ႕ လွပရႊန္းေတာက္ေနတဲ႔ မ်က္ဝန္းတစ္စံုနဲ႔ က်ဳပ္ကိုစိုက္ၾကည့္ၿပီးေမးတယ္။ “ကြ်န္မကိုခ်စ္လား”တဲ႔။ က်ဳပ္ကလည္း ခ်စ္တာေပါ့လို႔ျပန္ေျဖတယ္။ ဒီေတာ့ သူမကျပန္ေျပာတယ္ “အဲ႔တာဆိုရင္ ကြ်မ္မအတြက္ ရွင္တစ္ခုလုပ္ေပးရေတာ့မယ္”တဲ႔ … And I said
“Yes, Ma’am”

ဒီလိုနဲ႔ဘဲ သိပ္လွတဲ႔ The Notebook ဆိုတဲ႔ဇာတ္လမ္းေလးတစ္ခုျဖစ္လာပါေတာ့တယ္။

“က်ေနာ္က ဘာမွထူးထူးျခားျခား လူတစ္ေယာက္မဟုတ္ဘူး။ ရိုးရိုးသာမန္လူတစ္ေယာက္။ က်ေနာ့္အတြက္ အမွတ္တရ စိုက္ထူထားတဲ႔ ေက်ာက္တိုင္ေတြလည္းမရွိဘူး။ မၾကာခင္မွာဘဲ က်ေနာ့္နာမည္ကို လူေတြေမ့သြားၾကလိမ့္မယ္။ ဒါေပမယ့္ က်ေနာ့္ဘဝတစ္ေလွ်ာက္ က်ေနာ့္ရဲ႕ႏွလံုးသားတစ္ခုလံုးနဲ႔ အသက္ရွင္ျခင္းနဲ႔ ဝင္သက္ ထြက္သက္တိုင္းနဲ႕အတူ လူတစ္ေယာက္ကိုပဲ ခ်စ္ခဲ႕ဖူးတယ္။ က်ေနာ့္အတြက္ကေတာ့ ဒါဟာ လံုေလာက္တာထက္ပိုတယ္”

(ရာရာ)

One response to “The Notebook 2004”

Leave a Reply

Your email address will not be published. Required fields are marked *