/
The Lake House (2006)

The Lake House (2006)



Genre: , , Director: Actors: , , , Country: Released: 16 Jun 2006 Score: 6.8 Duration: 99 min Quality: 720p Years: View: 2,575

2006ခုနှစ်က ထွက်ရှိခဲ့တဲ့ Keanu Reeves နဲ့ Sandra Bullock တို့ အဓိက
ပါဝင်သရုပ်ဆောင်ထားတဲ့ LDRS အချစ်ကားလေးပါ။
ဒါပေမယ့် အများသူငါလို မြို့တွေခြား နိုင်ငံတွေခြားတဲ့ LDRS မျိုးမဟုတ်ပါဘူး။
ဒီဇာတ်ကားလေးရဲ့ LDRS က အချိန်တွေခြားနေတဲ့ LDRS ပါ။
ဒီလိုဗျာ Kate Forster(Sandra Bullock) ဟာ မှန်တွေနဲ့ တည်ဆောက်ထားတဲ့
ရေကန်ဘေးက အိမ်လေးကို 2006 ခုနှစ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
အဲ့ဒီအိမ်လေးမှာ နေရတာသဘောကျပေမယ့် အလုပ်ကြောင့် သူဟာ
ပြောင်းရွှေ့ရပါတော့မယ် ဒါကြောင့် ဒီအိမ်လေးကို ပြောင်းလာမယ့်လူကို
ကြိုဆိုတဲ့အနေနဲ့ အိမ်လေးနားက စာတိုက်ပုံးလေးမှာ
အိမ်လေးကနေကြိုဆိုပါတယ် အသစ်ပြောင်းလာတဲ့သူရေ
ဒီအိမ်လေးမှာ ကျွန်မပျော်ရွှင်ခဲ့ရသလို ရှင်လဲပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် လို့
ရေးပြီး စာလေးတစ်စောင်ထည့်ခဲ့ပါတယ်။
Alex Wyler (Keanu Reeves) ဟာ 2004 ခုနှစ်မှာ လူမနေတာ
နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ရေကန်ဘေးက မှန်နဲ့တည်ဆောက်ထားတဲ့
အိမ်လေးကို ဝယ်ယူလိုက်ပါတယ်။ သူနေထိုင်ပြီး သူ့အိမ်နားက စာတိုက်ပုံးမှာ
စာလာမလာ သွားစစ်ကြည့်တဲ့အခါ 2006 ခုနှစ်က Kate ပို့လိုက်တဲ့စာလေးကို
ရပါတော့တယ်။ သူဖတ်ကြည့်ပြီး ကြောင်သွားတာပေါ့ ဒီအိမ်မှာ လူမနေတာ
နှစ်ပေါင်းများစွာ ရှိပြီလေ။ အဲ့ဒါနဲ့ ထိုစာတိုက်ပုံးလေးကနေပဲ
မင်းဘာကိုဆိုလိုတာလဲ ဒီအိမ်မှာ လူမနေတာ နှစ်ပေါင်းများစွာရှိနေပြီဥစ္စာ
လာနောက်နေတာလား အဲ့လိုမျိုး စာပြန်ထည့်လိုက်ပါတယ်။
အဲ့ဒီစာကလဲ စာတိုက်ပုံးကနေ 2006 ခုနှစ်က Kate ဆီရောက်သွားပါတယ်။
ပြောရရင် အဲ့ဒီစာတိုက်ပုံးလေးက အချိန်နှစ်ခုခြား ဆက်သွယ်ရေးကိရိယာလေးတစ်ခုလို ဖြစ်နေတာပါ။
အဲ့လိုနဲ့ ၂၀၀၆ ခုနှစ်က Kate နဲ့ 2004 ခုနှစ်က Alex တို့ဟာ အပြန်အလှည်စာတွေပို့ရင်းချစ်မိသွားပါတော့တယ်။
အချိန်ခြားနားနေတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုတော့
ဒီဇာတ်ကားလေးမှာ ကြည့်ရှူလိုက်ပါနော်
2006ခုနှစ်က ထွက်ခဲ့တဲ့ကားလေးဆိုပေမယ့် အခုပြန်ကြည့်တာတောင်
ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းနေဆဲပါပဲ

Reveiw by Myo Khant
Encoded by Myo Khant

Leave a Reply

Your email address will not be published. Required fields are marked *