/
The House That Jack Built(2018)

The House That Jack Built(2018)



Genre: , Director: Actors: , , Country: Released: 14 December 2018 (USA) Score: 7.2 Duration: 2h 32min Quality: 720p Years: View: 4,863

IMDb… 7.2

2018 ရဲ့ Horror လက်​ကျန်​ကားကောင်းတစ်​ကားကိုညွှန်း​ပေးရမယ်​ဆိုရင်
ဒီကားကိုပဲ ကျွန်​တော်​ ညွှန်း​ပေးချင်​ပါတယ်​။

တစ်​ခုခု​ကို​တွေးရင်းနဲ့ ​ခြောက်​ခြားတဲ့အဖြစ်​မျိုး၊
အမှန်​​တွေအမှား​တွေရဲ့ အလွန်​နယ်​ပယ်​တစ်​ခုဆီ ရောက်​သွားတဲ့ ခံစားချက်​မျိုး ကို အရသာခံ ခံစားကြည့်​ချင်​တယ်​ဆိုရင်​ ဒီဇာတ်​ကားကို
ကြည့်​ဖို့ ရှေးဦးစွာ တိုက်​တွန်းပါတယ်​။

ဘာသာပြန်​တဲ့သူ​တောင်​မှ ဒီကားကြည့်​ပြီး လူသတ်​ချင်​စိတ်​ဖြစ်​မိတဲ့အထိပဲ။

ကျယ်​ပြောလှတဲ့ လောကကြီးမှာ

အမှန်​အမှားဆိုတာကို ဘယ်​လိုခွဲခြားမလဲ။

အမှန်​အမှားဆိုတဲ့ ကန့်​သတ်​ချက်​တွေကို

ဘယ်​လိုပေတံနဲ့ မျဉ်းသားလိုက်​ကြတာလဲ။

လူအချင်းချင်းသတ်​မှတ်​ထားတဲ့ ကိုယ်​ကျင့်​တရား စံနှုန်းတွေနဲ့လား၊ အဲ့စံနှုန်းတွေကရော
တကယ်​ အမှန်​တရား စစ်​ရဲ့လား။

မှားနေပါတယ်​ဆိုတဲ့သူတွေကို ကျွန်​တော်​တို့ဘက်​က ရှုထောင့်​ပေတံနဲ့ သွားတိုင်းရင်တော့ သူမှားနေလိမ့်​မှာပေါ့။

သူ့ဘက်​က ရှုထောင့်​အမြင်​နဲ့ဆို ကျွန်​တော်​တို့အားလုံးက အမှားချည်းပဲ။

အမှန်​အမှားရဲ့ ဇစ်​မြစ်​ဟာ တစ်​ဦးနဲ့တစ်​ဦး
ရှုမြင်​တဲ့ Point of View မှာပဲ မူတည်​နေတာပါ။

“ဂျက်​”

ဥာဏ်​ကြီးရှင်​ အင်​ဂျင်​နီယာတစ်​ယောက်​၊

၂ နှစ်​ကြာ လူ​တွေကို ရက်​ရက်​စက်​စက်​သတ်​ဖြတ်​ခဲ့တဲ့ စိတ်​ဝေဒနာသည်​တယောက်​၊

လူသတ်​မှုကွင်းဆက်​တွေရဲ့ တရားခံတစ်​ယောက်​၊

သူ့ကို​ သေဒဏ်​စီရင်​ခါနီးအချိန်
နောက်​ဆုံးအ​နေနဲ့ သူ့စိတ်​လေး ပျော်​ရွှင်​အောင်
ဗာ့ဂ် ဆိုတဲ့လူက​ စကားစမြည်​​ပြောပေးရင်း
သူသတ်​ခဲ့တဲ့အမူ​တွေအ​ကြောင်း​ ပေါ့​ပေါ့ပါးပါး​ပြောပြ​နေတဲ့ပုံစံနဲ့ ရိုက်​ကူးထားပါတယ်​။

ပေါ့ပေါ့ပါးပါးပြောပြတယ်​ဆိုပေမယ့်
သတ်​ခဲ့တဲ့အမှုတွေကို ပြန်​ရိုက်​ပြထားတဲ့
လူသတ်​ခန်းတွေကတော့ တကယ်​ကို
ဝန်​လေးစရာပါ။

ဒီထက်​ပိုပြောရင်​ ဇာတ်​အရသာပျက်​မှာစိုးလို့
ဒီလောက်​နဲ့တင်​ ရပ်​ပါရစေ။

ကိုရဲရင့်​ထွန်း မှ ဘာသာပြန်​တင်​ဆက်​ထားပါတယ်​။

Translated by Ye Yint Htun
Encoded by Aung Myat Thu

Comments are closed.