/
The Girl in the Spider’s Web (2018)

The Girl in the Spider’s Web (2018)



Genre: , , , Director: Actors: , , , Country: , , , , Released: 09 Nov 2018 Score: 6.1 Duration: 117 min Quality: 720p Years: View: 4,902

Millennium Triology ဒါမှမဟုတ် Millennium book series လို့နာမည်ကျော်တဲ့ ၀တ္ထုတွေကို အသက်သွင်းထားတဲ့ ရုပ်ရှင်တွေဖြစ်တဲ့
(The Girl with the Dragon Tattoo / The Girl Who Played with Fire / The Girl Who Kicked the Hornet’s Nest) ဆွီဒင်ကား
သုံးကားတွဲ။ ၂၀၁၁ မှာဟောလိဝုဒ်က ပြန်ရိုက်ခဲ့တဲ့ rooney mara နဲ့ The Girl with the Dragon Tattoo တွေရဲ့ နောက်ဆက်တွဲ
ဖြစ်ပါတယ်။ မူရင်းဇာတ်ကားတွေကိုကြည့်ဖူးရင် ပိုကောင်းမှာဖြစ်ပေမယ့် သူ့ချည်းပဲ စကြည့်လို့လဲ အဆင်ပြေတဲ့ကားတစ်ကားပါပဲ။
နှိပ်စက်ခံ အနိုင်ကျင့်ခံခဲ့ရတဲ့ ငယ်ဘ၀ အတိတ်ဆိုးတွေက ရုန်းထွက်ဖို့ကြိုးစားနေတဲ့ လောကကြီးကို အရွဲ့တိုက်ချင်တဲ့ ဂျစ်ကန်ကန်
ဟက်ကာ ကောင်မလေးတစ်ယောက်။ လက်ရှိအချိန်မှာ ယောက်ျားတွေရဲ့ အနိုင်ကျင့်ခံ အနှိပ်စက်ခံ မိန်းမတွေကို ဥပဒေပြင်ပကနေ
လိုက် ကူညီတဲ့သူ။ တစ်နေ့မှာတော့ သူ့ကို ပရိုဂရမ်မာ တစ်ယောက်က အလုပ်တစ်ခုအပ်လာတယ်။ အလုပ်ကတော့
ကမ္ဘာ့ နျူကလီးယား လက်နက်တွေကို အလွယ်တကူ ရယူသုံးစွဲခွင့်ရနိုင်မယ့် ဖိုင်းယားဖော ဆိုတဲ့ ပရိုဂရမ်ကို အန်အက်စ်အေကနေ ပြန်ပြီး ရယူပေးဖို့ပါ။
.
အဲ့ဒါကို သူအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပေမယ့် အဲ့ဒီ ပရိုဂရမ်ကို မျက်စိကျလာတဲ့ စပိုက်ဒါဆိုတဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇ၀တ်ဂိုဏ်းတစ်ခု
ဆွီဒင် လုံခြုံရေးအဖွဲ့ တို့ကြားမှာ အဖြစ်အပျက်တွေရှုပ်ထွေးလာရုံသာမက သူမေ့ထားချင်တဲ့ ငယ်ဘ၀ အတိတ်ဆိုးတွေပါ ပြန်လည်ရောက်ရှိလာတဲ့အခါ..။

Translated by Waihan Lin Htin
Encoded by Myo Khant
Review by Waihan Lin Htin

Comments are closed.