/
The Gifted (Season 1)

The Gifted (Season 1)

TV serie လောကမှာ DC ကိုမမှီသေးဘူးဆိုတဲ့ ပရိတ်သတ်တွေရဲ့ မှတ်ချက်တွေကို ပြောင်းပြန်လှန်ပစ်ဖို့အတွက် Marvel ရဲ့ ခြေလှမ်းသစ်လို့ ဆိုရမဲ့ စီးရီးကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် The Gifted ကတော့ mutant ဇာတ်လမ်းတစ်ခုဖြစ်ပြီး X-men အဖွဲ့ပျောက်ကွယ်သွားပြီးနောက်ပိုင်း mutant တွေနဲ့ လူသားတွေအကြား ငြိမ်းချမ်းရေးပျောက်ဆုံးသွားတဲ့ ကာလကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ် ဒီကာလမှာ mutant တွေကို အန္တရာယ်ရှိသတ္တဝါများအဖြစ် လူတွေကသတ်မှတ်ပြီး Sentinal Services လို့ခေါ်တဲ့ mutant ဖမ်းဆီးရေး ရဲတပ်ဖွဲ့က mutant မှန်သမျှ လိုက်လံဖမ်းဆီးနေတဲ့အတွက် America မှာရှိတဲ့ mutant တွေအားလုံး Mutant Underground ဆိုတဲ့ လျှို့ဝှက်စခန်းတစ်ခုမှာ ပုန်းအောင်းနေကြရပါတယ် Mutant Underground အဖွဲ့က အပြင်မှာကျန်နေတဲ့ mutant တွေကို လိုက်လံရှာဖွေပြီး ကူညီပေးတဲ့အလုပ်ကိုလဲ လုပ်ဆောင်ကြပါတယ် ဒီဇာတ်လမ်းရဲ့ Timeline က 2017 နှစ်ဦးပိုင်းမှာ ထွက်ရှိခဲ့တဲ့ Legion TV series နဲ့ တစ်ချိန်ထဲပါပဲ Legion ကတော့ professor X ရဲ့ သားအကြောင်းရိုက်ကူးထားတာဖြစ်ပြီး The Gifted ထဲမှာတော့ Magneto ရဲ့သမီး Lorna Dane ပါဝင်ပါတယ် Lorna Dane က Quick Silver နဲ့ Scarlet Witch ပြီးရင် Magneto ရဲ့ တတိယမြောက် ကလေးဖြစ်ပါတယ် နောက်ထပ်ထူးခြားတာတစ်ခုက MCU ရုပ်ရှင်ကားတိုင်းလိုလိုမှာ cameo အဖြစ်ပါလေ့ရှိတဲ့ Stan Lee ကြီးက ဒီစီးရီးထဲမှာလဲ cameo အဖြစ်ပါဝင်ထားပါသေးတယ် Marvel TV show တွေထဲမှာဆိုရင် Stan Lee ရဲ့ ပထမဆုံး cameo ပါပဲ ဒါကတော့ စီးရီးကြည့်တာတောင် မသိနိုင်တဲ့ အကြောင်းတွေကို အဓိကပြောပြပေးသွားတာပါ ဇာတ်လမ်းကတော့ မညွှန်းတော့ပါဘူး စိတ်ဝင်စားရင် ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ

အညွှန်းကို ဇွန်မြတ်နိုးဆွေမှရေးပေးထားပါတယ်

Translated and Encoded by Zon Myat Noe Swe and Lin Htike Aung

Released: 2017-10-02Episodes: 21
Type: TVDuration: 45 minView: 7,160

The Gifted (Season 1) Episodes