/
The Attacks of 26/11 (2013) 720p

The Attacks of 26/11 (2013) 720p



Released: 01 Mar 2013 Score: 6.8 Duration: 116 min View: 3,212

9/11 တိုက်ခိုက်မှုဟာ တစ်ကမ႓႓ာလုံးကို တုန်လှုပ်သွားစေသလို မွမ်ဘိုင်းမြို့ 2008 ခုနှစ် နိုဝင်ဘာလ 11 ရက် 9နာရီခွဲမှာ ဖြစ်သွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာလည်း အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘာသာရေးဆိုင်ရာစိန်ခေါ်မှုတွေ လူမျိုးဇာတ်ခွဲခြားမှုပြဿနာတွေနဲ့ အချိန်ပြည့်ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲ့ဒီဘာသာရေးပြဿနာတွေဖြစ်ပွားရတဲ့အထဲမှာ Lashkar-e-Taiba ကလည်း အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ Lashkar-e-Taiba ဆိုတာ အူရသူလို မှန်ကန်သောတပ်မတော် လို့ အဓိပ္ပာယ်ရပြီး တောင်အာရှရဲ့အကြီးမားဆုံးသော အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါတယ်။ Lashkar-e-Taiba ကို ၁၉၈၇ ခုနှစ် အာဖဂန်နစ္စတန်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အိုစမာဘင်လာဒင်ရဲ့ထောက်ပံ့မှုကို ရရှိထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မွမ်ဘိုင်းမြို့ ၂၆/၁၁ တိုက်ခိုက်မှုကို Lashkar-e-Taiba က ပြုလုပ်ခဲ့တာဖြစ်ပြီး လူ၁၀၀ကျော်သေဆုံးကာ ၃၀၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၆/၁၁ ဖြစ်ရပ်ကို အခြေပြုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ခံယူချက်တွေ အစ္စလာမ်ဘာသာရဲ့စစ်မှန်တဲ့အယူအဆတွေကို ပြည့်ဝစွာဖော်ပြထားတဲ့ action ကားတစ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ Aung Pyae Kyaw (Prometheus) ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဆိုင်ရာအသုံးအနှုန်းများကို Salah Huddin နဲ့ Moe Hein ကနေ ပံ့ပိုးကူညီပေးထားပါတယ်။ မှားယွင်းမှုများပါဝင်နေလျှင်လည်း အစ္စလာမ်ဘာသာဝင်များအနေနဲ့ မေတ္တာပြည့်ဝစွာနားလည်ခွင့်လွှတ်ပေးကြမယ်လို့ ယုံကြည်မိပါတယ်ခင်ဗျာ… (ကမ႓ာမြေကြီးငြိမ်းချမ်းပါစေ)

Encoded by Myo Khant

Comments are closed.