/
Te3n (2016)

Te3n (2016)

မင်းသားကြီး Amitabh Bachchan အပြင် ကျွန်တော်အရမ်းသဘောကျတဲ့
သဘာဝမင်းသားကြီး Nawazuddin Siddiqui လဲ ပါဝင်ထားပြီး
နာမည်ကြီးမင်းသားအရှိန်အဝါတွေမယူပဲ
တစ်ကိုယ်တော် အမျိုးသမီးဇာတ်ဆောင်နေရာကနေ
ရဲဝံစွာ သရုပ်ဆောင်ပြီး ဆုတွေ ခနခနတက်သိမ်းလေးရှိတဲ့
မင်းသမီးချောမမကြီး Vidya Balan လဲ ပါဝင်ထားတဲ့ ဒီဇာတ်ကားကို
ကောင်းတယ်မကောင်းဘူး အထွေအထူးညွှန်းပြနေစရာလိုမယ်မထင်တော့ပါဘူး။
ဇာတ်လမ်းပုံစံလေးက လှည့်ကွက်ပေါင်းများစွာနဲ့ စိတ်ဝင်စားစရာတွေအပြည့်ပါ။
ဂျွန်ဆိုတဲ့ အဖိုးကြီးတစ်ဦးဟာ လွန်ခဲ့တဲ့ရှစ်နှစ်က ပြန်ပေးဆွဲခံလိုက်ရပြီး
ပျောက်ဆုံးသွားတဲ့ မြေးလေးကို ရှစ်နှစ်တိုင်တိုင် လက်မလျှော့ပဲ
မနားတမ်း ရှာဖွေစုံစမ်းနေသူတစ်ဦးပါ။ ရဲတွေကိုယ်တိုင်က
လက်လျှော့လိုက်ပြီ ဖြစ်ပေမယ့် ဂျွန်ကတော့ စုံစမ်းဆဲစုံစမ်းမြဲဖြစ်ပါတယ်။
တစ်နေ့ ထူးဆန်းစွာ ကလေးတစ်ယောက် ပြန်ပေးဆွဲခံလိုက်ရပါတယ်။
ပြန်ပေးဆွဲသွားတဲ့ပုံစံ ခြိမ်းခြောက်တဲ့ပုံစံတွေက လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက
ဂျွန်ရဲ့မြေးလေး ပြန်ပေးဆွဲခံရတဲ့ ပုံစံနဲ့ တစ်ထပ်တည်း သွားတူနေပါတယ်။
ထို့နောက်………….

Translated by Waihan Lin Htin
Encoded by Myo Khant

Genre: , , Director: Actors: , , , Country: Released: 10 Jun 2016
Score: 7.3 Duration: 136 min Quality: 720p Years: View: 3,026