/
Talvar (2015)

Talvar (2015)

ရှရုတီ တန်ဒန်ဆိုတဲ့ ဆယ့်လေးနှစ်အရွယ်ကလေးမလေးတစ်ယောက်ဟာ သူ့အခန်း သူ့အိပ်ယာပေါ်မှာပဲ

အိပ်နေတဲ့အတိုင်း အသတ်ခံခဲ့ရတယ်။ အလောင်းကို စတွေ့တာက သူ့မိဘနှစ်ပါးဖြစ်ပြီးတော့ တတိယတစ်ယောက်ကတော့

အိမ်ဖော် အမျိုးသမီးပါ။ ရဲတွေ ရောက်လာ စစ်ဆေးတာတွေ မေးမြန်းတာတွေ လုပ်တော့ မိဘနှစ်ပါးလုံးက အိမ်မှာ အလုပ်လုပ်တဲ့

(လူသတ်မှုဖြစ်တဲ့ အချိန်မှာပျောက်နေတဲ့) အသက်လေးဆယ်ကျော် အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ခမ်ပယ်

ဆိုတဲ့တစ်ယောက်လက်ချက်ဖြစ်လိမ့်မယ်လို့ ထွက်ဆိုကြတယ်။ ရဲတွေကလဲ အမှုက စောက်ရမ်းလွယ်တယ်

ချက်ချင်းပေါ်ပါပြီဆိုပြီးတော့ အဲ့ဒီ အလုပ်သမား နောက်ကို တပ်ဖြန့်လိုက်ကြတယ်။
နောက်တစ်နေ့ကျတော့ ရဲတွေ တကူးတက တက်မရှာခဲ့တဲ့ တိုက်တန်းကူးဝရန်တာလို နေရာမှာ သူတို့ရှာနေတဲ့

တရားခံလို့သတ်မှတ်ထားတဲ့ အလုပ်သမားရဲ့ အလောင်းကိုပါ တွေ့လိုက်ကြရပါတယ်။ အစပိုင်းက သူတို့ယူဆထားခဲ့တဲ့

သီအိုရီဖြစ်တဲ့ အလုပ်သမားက ကလေးမလေးကို မတရားကြံသတ်သွားတယ်ဆိုတဲ့ဟာ မဖြစ်နိုင်တော့တာကို သိလိုက်ရတဲ့နောက်

ရဲတွေဟာ တရားခံဖော်ဖို့အရေး နောက်ထပ်သီအိုရီတစ်ခုကို ဥာဏ်နီဥာဏ်နက်ပေါင်းစုံနဲ့ ဇာတ်လမ်းဆင်ကြပြန်တယ်။

ပထမတစ်ခုဟာ သမားရိုးကျပေမယ့် ဒုတိယ တစ်ခုကတော့ ယုတ်မာပက်စက်လွန်းတယ်ပြောရမယ်။ သေသူကလေးမရဲ့ မိဘ

နှစ်ပါးဟာ လူသတ်တရားခံဖြစ်ပါသတဲ့။ ဘယ်လို အချက်တွေကို မူတည်ပြီး သူတို့ ကောက်ချက်ဆွဲယူသွားသလဲဆိုတာ

စိတ်ဝင်စားဖို့သိပ်ကောင်းတယ်။
ဒီဇာတ်ကားဟာ ၂၀၀၈ ခုနှစ်က တကယ့်ဖြစ်ရပ်မှန် နာမည်ကြီး နှစ်လောင်းပြိုင်လူသတ်မှုဖြစ်တဲ့ Noida double murder

case ကိုအခြေခံတာပါ။ ရဲဘက်က ပေါ့ပေါ့လျော့လျော့ကိုင်တွယ်ခဲ့လို့ အလွယ်တကူ ဖြေရှင်းနိုင်စရာ အမှုတစ်ခုကနေ

အင်မတန်ရှုပ်ထွေးသွားပြီး မီဒီယာတွေ ပတ်ဝန်းကျင်တွေ အာရုံစိုက်မှုကို ရလာပြီး စီဒီအိုင်ကနေ လာဖြေရှင်းရတဲ့

အထိဖြစ်သွားခဲ့တယ်။ စီဒီအိုင်ကနေ တကယ်တမ်း လာစစ်ဆေးတဲ့ အချိန်မှာ နယ်မြေခံရဲတပ်ဖွဲ့က

စိတ်ထင်တိုင်းပေါက်ကရတွေလုပ်သွားခဲ့လို့ အဓိက သက်သေတွေ (လူသတ်လက်နက် ဒီအင်အေ လက်ဗွေ) အတော်များများက

ပျောက်ပျက်နေနှင့်ပြီးသားဖြစ်နေခဲ့ပြီးပြီ။ သူတို့ဘက်က နည်းစနစ်ကျကျ ဘယ်လိုပဲစစ်ဆေး သီအိုရီ ခိုင်မာနေခဲ့တယ်ဆိုရင်တောင်

ဝန်ခံမယ့်သူမရှိ ထွက်ချက်ပေးမယ့် လူသက်သေခံလဲ မရှိတော့ ဒီအမှုဟာ အော်တိုဂွမ်းသွားပါပြီ။
တကယ့် ဖြစ်ရပ်မှာရော ဇာတ်လမ်းထဲမှာပါသေသူကလေးမရဲ့ မိဘ နှစ်ပါးကို တရားခံလို့

တစ်သက်တစ်ကျွန်းချလိုက်တယ်ဆိုတာနဲ့ပဲ ဇာတ်သိမ်းသွားပါတယ်။ ဒါပေမယ့်ရုပ်ရှင်ထဲမှာတော့ အိန္ဒိယရဲ့ ရဲတပ်ဖွဲ့စွမ်းရည်

တရားရေးစနစ် စတာတွေကို ထိကပါး ရိကပါး ပုတ်ခတ်လိုဟန်ရှိတယ်။ သူ့သဘောအရ အပြင်မှာ တကယ်တမ်း တရားခံ

ခိုင်ခိုင်မာမာ မပြနိုင်တဲ့ အမှုမှာ မိဘတွေဟာ မတရား ခံလိုက်ရတဲ့အနေအထားကို ထင်ထင်ရှားရှားပြသွားပါတယ်။
အဓိက သရုပ်ဆောင်ဖြစ်တဲ့ irrfan khan ကို မိဘတွေမှာ အပြစ်မရှိဘူးဆိုတဲ့ concept ဘက်ကလိုက်တဲ့ ပထမ cdi အရာရှိအဖြစ်ထားတာတာ အသိသာကြိးပါ။ irrfan khan ကတော့ အထူးတလည် မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။ amazing spiderman တို့ jurrasic world တို့မှာ ကမ္ဘာသိပြီးသား။ ဒါပေမယ့် ဒီဇာတ်ကားမှာ သူဟာ ဇာတ်ပို့သက်သက်ပဲ။ မူရင်းဇာတ်ညွှန်းက

သိပ်စိတ်ဝင်စားစရာ ကောင်းလွန်းတော့ ဘယ်သူက အဓိက ဇာတ်ဆောင်ဆိုတာ မရှိတော့ လောက်အောင်ပါပဲ။ drishyam ကို

ကျွန်တော်ကြိုက်ခဲ့တာ မှန်ပေမယ့် ချီးကျူးတာ စောသွားတယ်လို့ပြောရမယ်။ဒီကားကတော့ ရုပ်ရှင်ကြည့်နေရတယ်လို့

မထင်ရပါဘူး။ တကယ့်အဖြစ်အပျက်တစ်ခုကို ကင်မရာတစ်လုံးနဲ့ တောက်လျှောက်ရိုက်ထားသလိုမျိုး တစ်ကွက်ချင်းစီက

ပီပြင်လွန်းတယ်။ သရုပ်ဆောင် တစ်ယောက်ချင်းရဲ့စရိုက်တွေ အကုန်လုံး သရုပ်ဆောင်နေတာ မဟုတ်ပဲ သူတို့ဟာသူတို့ ပင်ကို
အတိုင်း နေနေသလို အနုစိတ်လွန်းပါတယ်။
ဒီအမှုဟာ သေသူရဲ့ မိဘတွေကို တစ်သက်တစ်ကျွန်းချပြီး သိမ်းလိုက်ပေမယ့် သက်သေခိုင်ခိုင်မာမာမရှိဘူး။

အားလုံးဟာ ဖြစ်တန်ခြေတွေ အပေါ်မှာပဲ မူတည်ထားတာဖြစ်တဲ့ အတွက် မကျေနပ်သူတွေလဲရှိနေသေးတယ်။ဒီတော့

စုံထောက်ဝါသနာပါတဲ့သူတွေ အနေနဲ့ အောက်ပါ လင့်ခ် လေးကိုသွားပြီး ဘယ်သူက တကယ်တမ်းတရားခံဆိုတာ

ဖော်ထုတ်လို့ရတယ်။

https://en.wikipedia.org/wiki/2008_Noida_double_murder_case

ဘာသာပြန်တာရော အညွှန်းအရှည်ကြီး ရေးပေးတာရော အားလုံး ကို Waihan Lin Htin လက်ရာပဲဖြစ်ပါတယ်။

Genre: , , , Director: Actors: , , , Country: Released: 02 Oct 2015
Score: 8.2 Duration: 132 min Quality: 1080p Years: View: 3,907