/
Sweet Home Alabama (2002)

Sweet Home Alabama (2002)



Genre: , Director: Actors: , , , Country: Released: 27 Sep 2002 Score: 6.2 Duration: 108 min Quality: 720p Years: View: 1,563

‘ ငယ်ချစ်ဦးဆိုတာ တစ်ချိန်က အခြေချနေထိုင်ဖူးတဲ့ နယ်မြို့လေးလိုပါပဲ ‘ တဲ့ ဘစိုင်းကပြောဖူးတယ်။
မယ်လာနီကာမိုက်ကယ် (Reese Witherspoon) ဟာခေတ်ရှေ့ပြေးတဲ့ တက်သစ်စ ဒီဇိုင်နာ တစ်ယောက်။
တစ်မြို့လုံးမှာ အရွေးချယ်သင့်ဆုံးဆိုတဲ့ လူပျိုတစ်ယောက်နဲ့ စေ့စပ်ထားတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းဟာ
သူ့အတွက် နတ်သမီးပုံပြင်တစ်ခုဖြစ်မလာခဲ့ဘူး။
သူ့မှာ လျှို့ဝှက်ချက်တစ်ချို့ရှိတယ်။ အဲ့ဒီလျှို့ဝှက်ချက်တွေထဲမှာ ဂျိတ်ခ်ဆိုတဲ့ လူတစ်ယောက်လဲ ပါဝင်နေပါတယ်။
ဂျိတ်ခ် (Josh Lucas) ဟာ မယ်လာနီရဲ့ကျောင်းနေဘက် ငယ်ချစ်ဦးတစ်ယောက်ပါ။ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကတည်းက
သူ ပို့ထားခဲ့တဲ့ ကွာရှင်းစာချုပ်ကို အခုချိန်ထိ လက်မှတ်မထိုးပေးတဲ့ ခပ်ညစ်ညစ်လူ။
အခုလို ရှေ့ဆက်ရမယ့်ဇာတ်လမ်းအတွက် အတိတ်ရဲ့ နှောင်ကြိုးတွေကို တစ်ခါတည်းဖြတ်ပစ်ဖို့ မယ်လာနီ
မွေးရပ်မြေနယ်မြို့လေးဖြစ်တဲ့ အယ်လာဘာမားကို ပြန်လာခဲ့တယ်။ တကယ်တမ်း..ပြန်ရောက်သွားတဲ့အခါ..
နယူးယောက်ခ်မှာ သူပိုင်ဆိုင်ထားတဲ့အောင်မြင်မှုတွေ နဲ့ ဘ၀ဟာ နယ်မြို့လေးနဲ့ယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့တာကို
မယ်လာနီ အချိန်မှီသဘောပေါက်နိုင်ပါ့မလား?

Sweet Home Alabama ဟာ 2000s ခုနှစ်တွေမှာ ခေတ်စားခဲ့တဲ့ နာမည်ကျော်ခဲ့တဲ့ အချစ်ဟာသကားတွေထဲက တစ်ကားပါ။
လှပတဲ့ နယ်မြို့လေးရဲ့ ရှုခင်းတွေ နောက်ခံသီချင်းကောင်းကောင်းလေးတွေနဲ့ ပုံဖော်ထားတဲ့ ဇာတ်လမ်းလှလှလေးတစ်ခုပါပဲ။

(အညွှန်းနဲ့ဘာသာပြန်သူ ကိုဝေဟံလင်းထင်ဖြစ်ပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *