/
Sui Dhaaga: Made in India (2018)

Sui Dhaaga: Made in India (2018)

အရင်တုန်းက အိန္ဒိယမှာ လက်မှုပညာတစ်ခုဖြစ်တဲ့
အပ်ချုပ်လုပ်ငန်းဆိုတာ ရပ်ကွက်ရဲ့ ဖက်ရှင်ဆိုင်တစ်ခုဆိုလဲ
မမှားသလို အပ်ချုပ်သမားတွေရဲ့ ဝမ်းရေဟာလဲ
ဒီ အပ်ချုပ်ဆိုင်လေးပါပဲ။ အထည်စလေးတွေ ဝယ်
အပ်ချုပ်ဆိုင်မှာ မိမိဝတ်ချင်တဲ့ပုံစံလေး ပြောပြီး အပ်
ရက်ချိန်းစေ့ရင် ပြန်သွားယူ ရိုးရိုးလေးပဲ
လက်ရာကောင်းရင်ကောင်းသလို အဲ့ဒီ အပ်ချုပ်ဆိုင်ဟာ
နာမည်ရတယ် အပ်ထည်များများရတယ်
ကိုယ်ပိုင်ဖန်တီးမှုတွေလဲ ဆိုင်တိုင်းလိုလိုမှာ ရှိကြတယ်ဗျ
ဒါပေမယ့် တရုတ်ကနေ ရယ်ဒီမိတ်တွေ ဈေးပေါပေါနဲ့
ဝင်လာတဲ့အခါမှာတော့ အပ်ချုပ်ဆိုင်တွေ
အရင်လို ဝင်ငွေမမှန်တော့တဲ့အပြင် တချို့ဆို
ရရာအလုပ်ဝင်လုပ်ရတဲ့ဘဝ တချို့ဆို
အထည်ချုပ်စက်ရုံတွေမှာ နေ့စားလစား နဲ့ လုပ်စားရတဲ့ဘဝတွေ
ရောက်ကုန်ကြတယ်။ ဒါပေမယ့် အဲ့ဒီထဲမှာမှ
ဗာဂျီ နဲ့ မန်တာ ဆိုတဲ့ လင်မယားနှစ်ဦးကတော့
မိမိအတတ်ပညာနဲ့ မိမိရဲ့ဖန်တီးမှု ဒီဇိုင်းကို
ကိုယ့်နာမည်နဲ့ ဂုဏ်ယူဝင့်ကြွားစွာ ထုတ်လုပ်
ရောင်းချမယ်ဆိုတဲ့ အိမ်မက်တစ်ခု ရှိပါတယ်။
အဲ့ဒီ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ လုပ်ရင်း
ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမယ် ဘယ်လို
ပင်ပန်းဆင်းရဲမှုတွေနဲ့ ကြုံတွေ့ပြီး ဘယ်လိုမျိုး
အောင်မြင်မှုကို ရယူမလဲဆိုတာတွေကို ဒီကားလေးမှာ
အားပါးတရ ရှူစားမှာပါ။

ဒီဇာတ်ကားလေးမှာ Student of the year နဲ့ စတင်လူသိများလာတဲ့ မင်းသားချော Varun Dhawan နဲ့
PK မင်းသမီးလို့ အများခေါ်ကြတဲ့ မင်းသမီးချော Anushka Sharma တို့က
အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်

Translated by Waihan Lin Htin & Myo Khant
Encoded by Myo Khant

Genre: , Director: Actors: , , , Country: Released: 28 Sep 2018
Score: 6.9 Duration: 122 min Quality: 720p Years: View: 6,900