/
Stronger

Stronger



Genre: , Director: Actors: , , , Country: Released: 29 Sep 2017 Score: 7.0 Duration: 119 min Quality: 720p Years: View: 590

ဂျက်ဖ် ဘော်မန်းဆိုတဲ့ကောင်လေးက ကြိုးစားဖို့စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပြီး ကော်စ်ကိုကြက်ကြော်ဆိုင်မှာ အလုပ်လုပ်နေသူဖြစ်ပါတယ် ဘော်စတွန်မြို့သားတစ်ဦးဖြစ်ပြီး အရက်စွဲနေတဲ့ အမေဖြစ်သူ ပတ်တီနဲ့အတူ တိုက်ခန်းကျဉ်းလေးတစ်ခုထဲမှာ နေထိုင်လျက်ရှိပါတယ်…. တစ်နေ့မှာ မြို့ထဲက အရက်ဆိုင်လေးထဲမှာ ဂျက်ဖ်က သူနဲ့ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ ချစ်စရာရည်းစားဟောင်းလေး အီရင်ကိုတွေ့လို့ အပြေးသွားခဲ့တယ် အီရင်က သူမအလုပ်လုပ်နေတဲ့ဆေးရုံအတွက် ဘော်စတွန်မာရသွန်ပြိုင်ပွဲမှာ အလှူငွေရဖို့ အလှူလိုက်ခံနေတာကို ဂျက်ဖ်သိသွားတဲ့အခါ အရက်ဆိုင်ထဲက လူတွေဆီ လိုက်ပြီးအလှူငွေကောက်ပေးခဲ့တယ် နောက်ပြီး နက်ဖြန် အီရင်အပြေးပြိုင်မဲ့ မာရသွန်ပြိုင်ပွဲရဲ့ ပန်းဝင်စည်းနားမှာ ဆိုင်းဘုတ်ကြီးကြီးကိုင်ပြီး စောင့်နေမယ်လို့လဲ အီရင်ကို ကတိပေးသွားခဲ့ပါတယ်….. ပုံမှန်ဆို အမြဲနောက်ကျတတ်တဲ့ ဂျက်ဖ်က ပြိုင်ပွဲနေ့မှာတော့ အီရင်ထက်အရင် ပန်းဝင်စည်းနားသွားပြီး ဆိုင်းဘုတ်ကိုင်လို့ စောင့်နေပါတော့တယ် အီရင်လဲ ပန်းဝင်စည်းနားရောက်ခါနီးရော ဂျက်ဖ်ရပ်နေတဲ့နေရာမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်….. ဆေးရုံရောက်သွားတဲ့ ဂျက်ဖ်က ဒူးအထက်ပိုင်းကစပြီး ခြေထောက်၂ဖက်လုံး ဖြတ်ပစ်လိုက်ရပါတယ် ဂျက်ဖ် သတိရလာတဲ့အခါမှာတော့ ဗုံးဖောက်တဲ့လူကို သူတွေ့ခဲ့ကြောင်း သူ့အကိုကို ပြောပြလိုက်ပါတယ် ဒီတော့ သူ့အမေက FBI ကိုဖုန်းဆက်ခေါ်လိုက်တဲ့အခါ…. ဒါကတော့ 2013ခုနှစ် ဘော်စတွန်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဗုံးပေါက်ကွဲမှုအပြီးမှာ အသက်ရှင်ခဲ့တဲ့ ဂျက်ဖ်ရဲ့ မလျော့သောဇွဲနဲ့ ကြိုးစားအားထုတ်မှုတွေကိုကြည့်ပြီး အင်အားတစ်ခုရရှိစေမယ်လို့ မျှော်လင့်မိပါတယ်…..

Translated by Zon Myat Noe Swe

Encoded by ZeroKyaw SoeLwin

ServerLanguageQualityLinks

Leave a Reply

Your email address will not be published. Required fields are marked *