/
Straight Outta Compton (2015)

Straight Outta Compton (2015)



Genre: , , , Director: Actors: , , , Country: Released: 14 Aug 2015 Score: 7.9 Duration: 147 min Quality: 720p Years: View: 5,737

Rotten Tomatoes… 88%
IMDb… 7.9

Straight Outta Compton ဆိုတာကတော့
၂၀၁၅ မှာထွက်ရှိလာတဲ့ rap ဂီတအခြေခံထားတဲ့
biographical drama ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားဟာ တချိန်က နာမည်ကျော်
အမေရိကန် ရက်ပ်အဖွဲတစ်ဖွဲ့ဖြစ်တဲ့
N.W.A အဖွဲ့ရဲ့အကြောင်းကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။

N.W.A အဖွဲ့ဟာဆိုရင် နာမည်ကြီးရက်ပ်အဆိုတော်များဖြစ်တဲ့
Ice Cube , Eazy E , Dr. Dre တို့ ပါဝင်ခဲ့ပါတယ်။
N.W.A အဖွဲ့ရဲ့ အောင်မြင်မှု ၊အခက်အခဲများ စတာတွေကို
Straight Outta Compton မှာရှုစားရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ 1986 ခုနှစ်မှာ
California ပြည်နယ် Compton မြို့ဟာ
အကျင့်ပျက်ရဲတွေကြီးစိုးရာနေရာဖြစ်ခဲ့ပါတယ်။
အသားအရောင်ခွဲခြားမှုများ မပပျောက်သေးဘဲ
လူမည်းဆို အကြောင်းမရှိအကြောင်းရှာဖမ်းတတ်ပါတယ်။
လူမည်းတွေကလည်း အုပ်စုဖွဲ့ သေနတ်ကိုင် ဆေးချ
ဆေးရောင်း သောင်းကျန်း စသည်ဖြင့် မြို့ဟာ
ပျက်စီးချင်တိုင်းပျက်စီးနေခဲ့ပါတယ်။ အဲ့ဒီလို
ပျက်စီးနေတဲ့မြို့တော်က ရက်ပ်ကိုရူးသွပ်တဲ့
လူငယ် ငါးယောက်ဟာ N.W.A ဆိုတဲ့ရက်ပ်ဂီတအဖွဲ့ကို
ဖွဲ့စည်းပြီး မကျေနပ်ချက်တွေ ပေါက်ကွဲသံစဉ်တွေကို
သီချင်းအဖြစ်ဖန်တီးကြတဲ့အခါမှာတော့ ပရိသတ်ရဲ့
တဟုန်ထိုး အားပေးမှုနဲ့အတူ F*ck the Police ဆိုတဲ့
သူတို့ရဲ့သီချင်းကြောင့် ရဲများနဲ့ထိပ်တိုက်တွေ့ကြတဲ့အခါ
………………………………………

ဒီဇာတ်ကားရဲ့ ဒါရိုက်တာက F. Gary Gray ဖြစ်ပြီး
Ice Cube နဲ့ Dr. Dre တို့ကလည်း produer များအဖြစ်
ပါဝင်ထားပါသေးတယ်။ Universal ကဖြန်ချီခဲ့ပြီး Box Office
$ 199.6 million အထိရရှိနေပါပြီ။ဒီဇာတ်ကားမှာ Ice Cube အဖြစ်
Ice Cube ရဲ့သား O Shea Jackson , Dr. Dre အဖြစ် Corey Hawkins
Eazy E အဖြစ် Jason Mitchell တို့အပြင် Tupac Shakur , Snoop Dogg
စတဲ့ ကျော်ကြားလှတဲ့နာမည်ကြီးရက်အဆိုတော်များကိုလည်း
ဇာတ်ကောင်အဖြစ်ထည့်သွင်းထားပါတယ်။

Hip Hop သမိုင်းကြောင်းမှာ
အရေးပါခဲ့တဲ့အဖွဲ့တစ်ဖွဲ့ရဲ့အကြောင်းဖြစ်တာမို့
ကြည့်လိုက်ပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။

ရုပ်​ရှင်​အညွှန်းကိုတော့ International Movie News – IMN page မှ ကူးယူဖော်​ပြထားပြီး
Team Mmsub မှ ဘာသာပြန်​တင်​ဆက်​ပေးထားပါတယ်​။

Translated by Team Mmsub
Encoded by Myo Khant

Ray-Ray Armstrong Authentic Jersey