/
Split (2016)

Split (2016)



Genre: , Director: Actors: , , , Country: Released: 20 Jan 2017 Score: 7.3 Duration: 117 min Quality: 1080p Years: View: 3,127

ဇာတ်​ကားအ​ကြောင်းမ​ပြောခင်​​လေး
မင်းသား James McAvoy ရဲ့ သရုပ်​​ဆောင်​မှု​တွေကို
အရင်​ဆုံးချီးကျူးပါရ​​စေ အ​ကြောင်းက
ဒီဇာတ်​လမ်းထဲမှာ ပါဝင်​တဲ့ဇာတ်​​ကောင်​ဟာ
တစ်​ဦး​တစ်​​ယောက်​ထဲရဲ့ ဟန်​ပန်​အမူရာကို
သရုပ်​​ဆောင်​​ပေးရရုံမဟုတ်​ပါပဲ ခန္ဓာကိုယ်​တစ်​ခုထဲနဲ့
လူ​ပေါင်းများစွာရဲ့ စိတ်​ခံစားချက်​ကိုယ်​ဟန်​အမူအရာ​တွေကို
တစ်​ထိုင်​ထဲ​ပြောင်းလဲ သရုပ်​​ဆောင်​ပြနိုင်​တဲ့စွမ်းရည်​ပါပဲ

ဇာတ်​လမ်းသ​ဘောအရဆိုရရင်​ ….
အထက်​မှာ​ပြောခဲ့သလိုနဲ့ ​ပေးထားတဲ့နာမည်အတိုင်း
Kevin Wendell Crumb ဆိုသူလူတစ်​ဦးရဲ့
မှတ်​ဥာဏ်​​တွေထဲမှာ ပုံစံစရိုက်​မတူ လိင်​အမျိုးစားမတူတဲ့
လူ ၂၃ သုံး​​ယောက်​က ရှင်​သန်​​နေထိုင်​ကြတယ်​လို့ဆိုပါတယ်
dissociative identity disorder (DID) လို့​​ပြောတယ်
သို့​ပေမယ့်​ ထို ၂၃​ယောက်​လုံး​တော့မရှိ​တော့ပါဘူး
လတ်​တ​လောသူနဲ့အတူ ရင်​ဆိုင်​ဖြတ်​သန်း​နေတဲ့​သူငါး​ယောက်
Dennis / Patricia / Hedwig /
Barry / Orwell / Jade တို့ဖြစ်​ပြီး ထိုအထဲမှာမှ
ကိုးနှစ်​အရွယ်​က​လေးတစ်​​ယောက်​ ၊ မိန်းမတစ်​​ယောက်​နဲ့
gay တစ်​​ယောက်​ပါဝင်​​တာ စသဖြင့်
မြင်​​တွေ့ရမယ်​ဆို​ပေမယ့်​ တစ်​ခြားကွဲထွက်​​နေတဲ့သူ​တွေကို​တော့
မထင်​ထားတဲ့​နေရာမှာ မြင်​​တွေ့ရမယ်​ဆိုတာပါပဲ
သူတို့ဟာ သ​ဘောတူညီချက်​ဖြင့်​ အလှည့်​ကျ အလင်းထဲကို
ထွက်​ကြတယ်​ဆို​ပေမယ့်​ ၂၅ ​ယောက်​​မြောက်​​သော
စိတ်​ခန္ဓာခွဲထပ်​မံထွက်​​ပေါ်လာတဲ့ အခါမှာ
Kevin တစ်​​ယောက်​ ဘယ်​လိုမျိုး​တွေနဲ့ ရင်​ဆိုင်​​ဖြေရှင်းနိုင်​မလဲ
သူပြ​နေတဲ့စိတ်​ကုဆရာဝန်​နဲ့ ​ရောဂါ​ပျောက်​ကင်း​အောင်
စွမ်း​နိုင်​ပါ့မလားဆိုတာ ကိုယ်​တိုင်​ရှုစားကြည့်​တဲ့အခါ​တွေ့ရမှာပါ
နောက်​ဆက်​တွဲထပ်​မံထွက်​ရှိဖို့ အရိပ်​​ယောင်​ပြသွား​ပေမယ့်
လုံးဝမထင်​မှတ်​ထားတဲ့ ကိုယ်​ခွဲ​တွေကို​တော့
ခု review ​ရေးဖို့လုပ်​ရင်းနဲ့မှ ​တွေ့ခဲ့ရ​တော့
ပိုပြီးအံ့အားသင့်​စိတ်​ဝင်​စားဖို့​ကောင်း​အောင်​​ဖြစ်​​စေလို့
နှစ်​ခါ​လောက်​ကြည့်​မှ ဇာတ်​လမ်းသ​ဘောကို
ပိုမိုသ​ဘော​ပေါက်​​စေမယ့်​ကားလို့​တောင်​​တွေးမိတယ်

အခု ဒီကားကတော့ ကျွန်တော်တို့ Website မှာ တင်ဆက်ထားတဲ့
Unbreakable ရဲ့ အဆက်ပါ
2019 မှာ ဒီကားရဲ့ အဆက်ဖြစ်တဲ့ Glass လဲ ထွက်ဖို့ရှိပါသေးတယ်

Review by David Harry

Leave a Reply

Your email address will not be published. Required fields are marked *