/
Spider-Man 3 2007
Spider-Man 3 2007
Genre: , Director: Actors: , , , Country: Released: 04 May 2007 Score: 6.2 Duration: 139 min Quality: Bluray 1080p, Bluray 720p Years: View: 1,193
#Unicode
🕷🕸🕷Spiderman 3🕷🕸🕷 (2007)
____________________________________
မြန်မာစာတန်းထိုး
________________
ပီတာပါကာ အချစ်ရေးလေးကံကောင်းမယ်ကြံနေတုန်း
ထုံးစံအတိုင်း ဇာတ်ညွှန်းဆရာက ပီတာပါကာ့ကို
အချစ်ရေးကံမကောင်းစေချင်ဘူးနဲ့တူပါတယ်။
ထပ်ပြီးအဆင်မပြေမှုလေးတွေရှိခဲ့ပြန်ပါတယ်။
ဒီဇာတ်လမ်းမှာ ပီတာပါကာဟာ အရင်ကားတွေနဲ့မတူပဲ
ဗိလိန်နှစ်ယောက်ကို ရင်ဆိုင်ရပါတယ်။
သူတို့တွေကတော့
1.Venomဆိုတဲ့ အခြားဂြိုလ်ကမ္ဘာက Parasite(ကပ်ပါးကောင်)
တစ်မျိုးဖြစ်ပါတယ်။ အဲ့အကောင်တွေဟာ ကပ်ပါးကောင်ဖြစ်တာနဲ့အညီ
သူတို့ဆက်လက်ရှင်သန်နိုင်ဖို့ လက်ခံကောင်ကို ပူးကပ်ဖို့လိုအပ်ပါတယ်။
သူတို့ပူးကပ်နေချိန်မှာ side effect(ဘေးထွက်ဆိုးကျိုး)တွေတော့
ရှိလာပါတယ်။ အဲ့တာတွေကတော့ စိတ်ခံစားလွယ်တတ်တာမျိုးပါ။
ဝမ်းနည်းထိရှလွယ်တာမျိုးမဟုတ်ပဲ ကိစ္စရပ်အသေးလေးတွေမှာတောင်
ဒေါသထွက်တတ်တာမျိုးပါ။ ကိုယ့်အသက်ထက်ချစ်တဲ့သူကိုတောင်
ထိခိုက်စေတာမျိုးပါ။ ဒါပေမယ့် ကောင်းကျိုးအနေနဲ့တော့
Spidermanနဲ့တူတဲ့စွမ်းအားတွေအပြင် ကိုယ်ခံအားပိုမြှင့်စေပါတယ်။
2.Sandman ကတော့ စွမ်းအားတွေမတော်တဆရရှိသွားတဲ့
ရာဇဝတ်သားကောင်ပဲ ဖြစ်ပါတယ်။ ပီတာပါကာရဲ့ ဦးလေးသေဆုံးတဲ့
အမှုမှာကြံရာပါဖြစ်ပါတယ်။ သူအဲ့လိုလုပ်ရတဲ့အကြောင်းကတော့
သူ့သိပ်ချစ်ရတဲ့ ရောဂါရနေတဲ့သူ့သမီးလေးကြောင့်ပဲဖြစ်ပါတယ်။
ဆေးကုသဖို့ငွေကြေးတတ်နိုင်ခြင်းမရှိတော့တဲ့အဆုံး အလွယ်နည်းနဲ့
ဓားပြတိုက်ဖို့ကိုပဲ ဝမ်းနည်းစွာရွေးချယ်လိုက်ရပါတယ်။
အဲ့အမှုကြောင့်ပဲ အဖမ်းခံရပြီး သမီးစိတ်နဲ့ထောင်ဖောက်လာခဲ့ပါတယ်။
ဒီလိုနဲ့သိပ္ပံစမ်းသပ်ရေးဧရိယာထဲရောက်သွားတဲ့အချိန်မှာတော့
မထင်ထားလောက်တဲ့ စွမ်းအားတွေရရှိလာခဲ့ပါတယ်။
အစွမ်းတွေရရှိလို့သမီးကိုကုသဖို့အတွက် မတရားသောနည်းနဲ့
ငွေထပ်ရှာပြန်ပါတယ်။ အဲ့လိုနဲ့ ပင့်ကူလူသားနဲ့ တွေ့တဲ့အချိန်မှာ
သူတို့တိုက်ပွဲစတင်ခဲ့ရပါတယ်။
Sandmanနဲ့Venomဟာ တစ်နည်းနည်းနဲ့ပေါင်းမိသွားကြပြီး
Spidermanကိုသတ်ဖို့ လုပ်ကြပါတော့တယ်။
***ထပ်အပိုဆောင်းအနေနဲ့ကတော့ ပီတာပါကာက
ပင့်ကူလူသားဆိုတာ သိသွားပြီဖြစ်တဲ့ ဟယ်ရီဟာ သူ့အဖေကို
သတ်သွားပါတယ်ဆိုပြီး ပီတာပါကာကို လိုက်သတ်ဖို့လုပ်ပါသေးတယ်။
ဒီလိုနဲ့ Spidermanနဲ့တိုက်ခိုက်ရင်း ဒဏ်ရာရသွားတဲ့
အတိတ်မေ့သွားတဲ့ ဟယ်ရီဟာ ပီတာနဲ့အရင်လို
ခင်ခင်မင်မင်ပြန်နေသွားကြပါတယ်။ ဒါပေမယ့် အမြဲဒီလိုမေ့နေတာတော့
မဟုတ်ပြန်ပါဘူး တစ်နေ့ပြန်မှတ်မိလာတဲ့အချိန်လည်းရှိလာခဲ့ပါတယ်။
ဒါ့အပြင် ပီတာကလည်း Venomရဲ့လက်ခံကောင်ဖြစ်သွားခဲ့တာကြောင့်
သူချစ်ရတဲ့မယ်ရီဂျိန်းကို လက်မခံနိုင်အောင်ကို ဆက်ဆံခဲ့တာမျိုးတွေ၊
သူချစ်ရတဲ့အချစ်ဆုံးသူငယ်ချင်း ဟယ်ရီကို ထိခိုက်စေခဲ့တာမျိုးတွေ
လုပ်ခဲ့တဲ့အတွက် လက်ခံကောင်ထွက်သွားတဲ့အချိန်မှာနောင်တတွေကြီးစွာ
ရခဲ့ပါတယ်။
သူငယ်ချင်းဟယ်ရီကို အကြိမ်ကြိမ်ထိခိုက်စေခဲ့တဲ့ ပီတာ၊
ချစ်သူမယ်ရီဂျိမ်းစ်ကို အနိုင်ယူလိုစိတ်နဲ့ နိုင်စားပြခဲ့တဲ့ ပီတာ၊
Venomရဲ့ပူးကပ်ခံရမှုအတွင်း လူတွေအပေါ်ဆိုးရွားစွာ
ဆက်ဆံမိခဲ့တဲ့ ပီတာ၊
ကိုယ့်ဦးလေးကိုပစ်သတ်ခဲ့တယ့်အမှုကတရားခံလွတ်သွားတာတောင်
မရှင်းပစ်နိုင်ခဲ့တဲ့ ပီတာ၊
ဒီလိုနဲ့ပီတာကလည်း လူကောင်းတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ကိုကိုယ်ပဲ
အပြစ်တင်နေခဲ့ပါတော့တယ်။
အဲ့ဒီလိုနဲ့ ဗီလိန် နှစ်ယောက်ပေါင်းစည်းမိသွားတဲ့အခါ
ပီတာပါကာ တားဆီးနိုင်ပါ့မလား။
လူမှုရေးပြဿနာတွေရော ဖြေရှင်းလို့ရလိုက်နိုင်ပါ့မလား။
သူ့ချစ်သူကောင်မလေးနဲ့လည်း အဆင်ပြေပါ့မလားဆိုတာတွေကို
ဇာတ်ကားအပြည့်အစုံကြည့်ပြီး ခံစားနိုင်ပါပြီခင်ဗျာ။
========================================
ဒါကတော့ နောက်ဆက်မထွက်တော့တဲ့ Tobeyရဲ့ Spiderman4အကြောင်းဖြစ်ပါတယ်
Spiderman 4 အတွက် photo တွေleakဖြစ်ခဲ့ပေမယ့်
မထွက်လာခဲ့ပါဘူး။
ထွက်လာတဲ့ leaked photoတွေကတော့
လေထဲမှာတင်Mysterioနဲ့တိုက်ခိုက်နေတဲ့ပုံနဲ့
Mysterioကို ရဲစခန်းကို လိုက်ပို့နေတဲ့ပုံပဲဖြစ်ပါတယ်။
Mysterioကိုတော့ အခု၂၀၁၉မှာထွက်ရှိခဲ့တဲ့
Spiderman Far from Homeမှာ
တွေ့နိုင်ပါတယ်။ အဲ့ဇာတ်ကားကိုလည်း
မကြာခင်မှာအတတ်နိုင်ဆုံးအမြန် တင်ပေးမှာပါ။
ဒီလိုနဲ့ထွက်မလိုလိုနဲ့ Spiderman 4ဟာ
Reboot ပြန်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။
အဲဒီreboot versionကတော့
Andrewရဲ့ Amazing Spidermanပဲဖြစ်ပါတယ်။
အဲဒါကိုလည်း နောက်တစ်ပါတ်အတွင်းတင်ပေးပါမယ်။
အခု၂၀၁၉ Spidermanဖြစ်တဲ့
Tom Holland ကတော့ အရင်Spidermanနှစ်ယောက်နဲ့
Spiderverse ရိုက်ချသ်တယ်လို့ပြောဖူးပါတယ်။
အာမတော့မခံနိုင်ပါဘူးဗျ သူရိုက်ချင်တယ်လို့ပြောဖူးရုံပါ။
အဆုံးထိဖတ်ပေးတဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
အညွှန်းရေးပေးထားပြီးတော့ ဘာသာပြန်ပေးထားတဲ့သူကတော့ Htut Khaung Zaw ပဲဖြစ်ပါတယ်။
Translated By Htut Khaung Zaw And Encoded By Lin Htike Aung
Download Type – Gofile, Archive, Megaup, Filerocks
Download Size – 1080p Bluray (2.12 GB), 720p Bluray (1.15GB)
Download Link – First Comment
#Zawgyi
🕷🕸🕷Spiderman 3🕷🕸🕷 (2007)
____________________________________
မြန်မာစာတန်းထိုး
________________
သူတို့တွေကတော့