/
Spider-man 2002

Spider-man 2002



Genre: , , Director: Actors: , , , Country: Released: 03 May 2002 Score: 7.3 Duration: 121 min Quality: Bluray 1080p, Bluray 720p Years: View: 6,298

#Unicode

Spiderman (2002)
=================

မြန်မာစာတန်းထိုး
==============

ပထမဆုံးသော Spidy ဇာတ်ကားဟာ
Peter နဲ့အတူတူ ပရိတ်သတ်ကိုသင်ယူလေ့လာရင်းနဲ့
အမြင်ကျယ်လာစေပါတယ်
ပင့်ကူအကိုက်ခံရပြီးနောက်မှာ ပြောင်းလဲလာတဲ့
ခန္ဓာဇီဝပိုင်းဆိုင်ရာတွေ ဥပမာ အဝေးမှုန်တဲ့ကောင်
မျက်မှန်တတ်စရာမလိုတော့တာ
လူ့ဖလံလေးက ကြွက်သားတွေတတ်လာတာ
နံရံတွေပေါ်တွယ်တတ်ဖို့ လက်ထိပ်ကဆူးညှောင့်တွေ
ထွက်လာပုံကိုအသေးစိတ်ရိုက်ပြတာ
(ပင့်ကူကိုက်ခံရပြီး အဲ့လိုထွက်လာဖို့ရူးခဲ့သေး)
ကြိုးမျှင် ထွက်တဲ့နည်းကိုမလုပ်တတ်သေးလို့
Spell ရွတ်သလိုမျိုးပါးစပ်ကလျှောက်အော်တာ
ကြိတ်ကြွေတဲ့ကောင်မလေးရဲ့အနမ်းကို
မိုးရေထဲမှာဇောက်ထိုးနမ်းခွင့်ရခဲ့တာ စသဖြင့်
သူ့ရဲ့အတွေ့အကြုံသစ်ကိုပရိတ်သတ်နဲ့တူတူ
မျှဝေ ခံစားစေတယ်

သူ့ကိုယ်သူ ဒီလိုတွေဖြစ်တာသိပြီဆိုတော့
လူတွေကယ်တင်မယ့် hero ကြီးလုပ်မယ်
စိတ်ကူးမရှိဘူး အရင်ဆုံးသူလုပ်တာ
ကြိုးဝိုင်းသွားပြီး ငွေရှာတာပဲ ချို့တဲ့စွာနေထိုင်လာတဲ့
သူအဖို့ ငွေရပေါက်ကိုအရင်ရှာတာမဆန်းသလို
လူသားသိပ်ဆန်တဲ့ပုံစံပါ ၊ ကြိတ်ကြွေနေရတဲ့
အိမ်နီးချင်းကောင်မလေးက သူဋ္ဌေးသားရဲ့ကားပေါ်
ပြေးတတ်သွားတဲ့မြင်ကွင်းဟာ သူ့အတွက်ရော
ပရိတ်သတ်ကိုပါကြေကွဲစရာပေါ့လေ
မွေးစားမိဘတွေရဲ့ အိမ်တွင်းရေးကိုလည်း
ကူညီချင်တဲ့သူဟာ လောကကြီးကိုကယ်တင်ဖို့ထက်
သူ့ကိုသူအဆင်ပြေအောင်အရင်ကြိုးစားရင်းက
မထင်မှတ်ထားတဲ့ ပြဿနာတွေကိုရင်ဆိုင်ရင်းက
Superhero အဖြစ်ကိုရောက်လာစေခဲ့ပါတယ်

ဒါကတော့ MCU နဲ့မဆိုင်သေးတဲ့
Marvel , DC ခွဲဖိုမပြောနဲ့ ဘာမှန်းမသိသေးတဲ့
ဟိုးအရင်က Superhero Fan တွေရဲ့လွမ်းမောဖွယ်
ပြန်တမ်းတဖွယ်ရာ Spider-Man ပေါ့။

Review_Crd_HOLLYWOOD_DOPE

Translated By Htut Khaung Zaw And Encoded By Lin Htike Aung

IMDb – 7.3/10
Genres: Action | Adventure | Sci-Fi

Download Type – Gofiles, Megaup, Archive, Filerocks
Download Size – 1080p Bluray (1.8GB), 720p Bluray (0.98GB)
Download Link – First Comment

#Zawgyi

Spiderman (2002)
=================

မြန်မာစာတန်းထိုး
==============

အမြင်​ကျယ်​လာ​စေပါတယ်
မျှ​ဝေ ခံစား​စေတယ်





IMDb – 7.3/10
