/
Sierra Burgess Is a Loser (2018)
Sierra Burgess Is a Loser (2018)
Genre: , , Director: Actors: , , , Country: Released: 07 Sep 2018 Score: 5.9 Duration: 105 min Quality: 720p Webrip Years: View: 623
#Unicode
Sierra Burgess is a Loser (2018)
========================
မြန်မာစာတန်းထိုး
===========
ဒီဇာတ်လမ်းလေးကတော့ crush ရှိသူတိုင်း ခံစားနားလည်နိုင်တဲ့ဇာတ်ကားလေးပါ။
ဒီကားလေးထဲက Sierra ဆိုတဲ့ ကောင်မလေးက ထူးချွန်ပေမဲ့ အဓိကဝနေတာကြောင့် သူကိုယ့်သူမလှဘူးလို့ ခံယူထားတဲ့ကောင်မလေးတစ်ယောက်ပါ။
အဲ့လိုမိန်းကလေးဆီကို ဂျေမီ ဆိုတဲ့ ခပ်လန်းလန်းကောင်လေးတစ်ယောက်က မက်ဆေ့ချ်မှားပို့လာခဲ့ပါတယ်။
Sierra ကလည်း ဒီကောင်လေးကို crush မိတော့ သူမကဘယ်သူဆိုတာဖွင့်ပြောဖို့လဲအဆင်မပြေ၊ ကောင်လေးစာတစ်ကယ်ပို့တာကလည်း ကျောင်းရဲ့အလန်းဆုံး Veronica ဆိုတဲ့ကောင်မလေးကိုဆိုတော့၊ Sierra အနေနဲ့ဘာတွေဘယ်လို
လုပ်မယ်ဆိုတာကို ဒီဇာတ်ကားလေးထဲမှာကြည့်ရှူရမှာဖြစ်ပါတယ်
Veronica ကလည်း ခပ်ဆိုးဆိုးလေးဆိုတော့ Sierra ကိုကူညီပေးမှာလား။ ကောင်လေးကရော Sierra လိုအရှုံးသမားလေးကိုပြန်ချစ်နိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။
ဒီကားက ဆယ်ကျော်သက်လေးတွေ အသည်းစွဲမင်းသားလေး Noah Centino နဲ့ Stranger Thing မှာနာမည်ရလာတဲ့ မင်းသမီးလေး Shannon Purser တို့အဓိကသရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးထဲက
Sunflower ဆိုတဲ့သီချင်းလေးကလည်း မင်းသမီးလေးကိုယ်တိုင်သီဆိုထားပြီး ပရိတ်သတ်ကြားမှာ နာမည်ရခဲ့ပါသေးတယ်။
စနေနေ့ညမှာ Mmsubtitles ပရိသတ်အပောင်းတို့ကိုကြည့်ရှူစေချင်တာမလို့ ကျွန်တော်တို့ရဲ့ဘာသာပြန်အသစ်လေး Rashida ကဘာသာပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်။
အညွှန်းကိုလဲ Rashida မှရေးပေးထားပါတယ်။
Translated By Rashida And Encoded By Lin Htike Aung
Download Type – Openload, Myandrive
Download Size – 882 Mb (720p Webrip)
Download Link – First Comment
#Zawgyi
Sierra Burgess is a Loser (2018)
========================
မြန်မာစာတန်းထိုး
===========
အဲ့လိုမိန်းကလေးဆီကို ဂျေမီ ဆိုတဲ့ ခပ်လန်းလန်းကောင်လေးတစ်ယောက်က မက်ဆေ့ခ်ျမှားပို့လာခဲ့ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *