/
Shock and Awe (2017)

Shock and Awe (2017)



Genre: , , Director: Actors: , , Country: Released: 20 July 2018 Score: 5.7 Duration: 1h 30min Quality: 1080p Years: View: 2,985

၂၀၀၁ခုနှစ်​ စက်​တင်​ဘာလ ၁၁ ရက်​​နေ့ဆိုတာ
အ​မေရိကန်​နိုင်​ငံအဖို့ ဒုတိယအကြိမ်​​မြောက်
အိပ်​မက်​ဆိုးကြီးလို့ ဆိုရင်​မမှားပါဘူး
(ပထမတစ်​ခုက ​​ဗီယက်​နမ်​နဲ့စစ်​ပွဲကိုဆိုလိုတာပါ)
9/11 attacks လို့နာမည်​တွင်​ခဲ့တဲ့
နယူး​​ယောက်​မြို့​ပေါ်ရှိ The Twin Towers
ကမ္ဘာ့ကုန်​သွယ်​​ရေးအမွှာ​စင်​တာကြီးနှစ်​ခုကို
အ​မေရိကန်​​လေ​ကြောင်းပိုင်​​တွေဖြစ်​တဲ့
AA 11 , UA 175 ​လေယာဉ်​နှစ်​စင်းဖြင့်
တိုက်​ခိုက်​ခံရတဲ့ ကမ္ဘာပျက်​​သော​နေ့တစ်​​နေ့ပါပဲ

အ​​မေရိကန်​လူမည်းသမ္မတအိုဘားမားရယ်​လို့
မဖြစ်​လာခင်​ကာလအချိန်​​တွေများမှာဆိုရင်
BBC မြန်​မာပိုင်းအစီအစဉ်​​တွေမှာ
အများဆုံးကြား​နေရတဲ့သတင်း​ခေါင်း​စဉ်​​တွေက
အ​မေရိကန်​သမ္မတ ​ဂျော့ရှ်​ဘုဂ်ျ​ ၊ ဆတ်​ဒန်​ ဟူစိန်​ ၊
အိုစမာ ဘင်​ဒလာတို့ဆိုတာ ဘာမှန်းမသိေးသတဲ့
က​လေး​တွေပါးစပ်​ဖျားမှာပင်​​ရေပန်းစား​ခဲ့​သော
နာမည်​ဆိုးနဲ့​ကျော်​ကြားခဲ့ကြတဲ့နိုင်​ငံ့ထိပ်​သီးကြီး​တွေပါ

Shock and Awe
ဖြစ်​ရပ်​မှန်​​ပေါ်ကိုအ​ခြေခံရိုက်​ကူးထားတဲ့
ဒီဇာတ်​ကားဟာလည်း ထိုစဉ်​ကာလတုန်းက
ဖြစ်​ပျက်​ခဲ့တဲ့အ​ကြောင်းအရာ​တွေရဲ့​နောက်​ကွယ်​နဲ့
ဖြစ်​လာရတဲ့အ​ကြောင်းအရင်း​ဖြစ်​ရပ်​မှန်​​တွေကို
ပြည်​သူ​တွေ​ရှေ့ထုတ်​​ဖော်​ပြဖို့ကြိုးစား​နေတဲ့
သတင်းထုတ်​​ဝေ​ရေးတိုက်​မှ ဂျာနယ်​လစ်​နှစ်​​ယောက်​နဲ့
အီရတ်​စစ်​ပွဲမှာ ကိုယ်​ခန္ဓာ​အောက်​ပိုင်း​သေခြင်းဖြင့်
တိုင်းပြည်​အတွက်​စ​တေးခံခဲ့တဲ့
လူမည်းစစ်​သား​လေးတစ်​​ယောက်​အ​ကြောင်းတို့နဲ့
ယှဉ်​တွဲပြထားတဲ့ စိတ်​ဝင်​စားဖွယ်​ရာ
နိုင်​ငံ​ရေး​နောက်​ခံဇာတ်​လမ်း​ကောင်းတစ်​ခုပါ

နာမည်​​ကျော်​မင်းသားကြီး​တွေဖြစ်​တဲ့
Woody Harrelyson , Tommy Lee Jone
မင်းသား​ James Marsden အပြင်
မင်းသမီး Milla Jovovich တို့နဲ့အားဖြည့်​ထားပါတယ်

Review by David Harry
Encoded by Myo Khant

Leave a Reply

Your email address will not be published. Required fields are marked *