/
Sheep & Wolves (2016)

Sheep & Wolves (2016)

ဂရေး ဆိုတဲ့အရွယ်ရောက်နေတဲ့ ဝံပုလွေတစ်ကောင်ဟာ ပျော်ပျော်နေတတ်သူပါ။
အပျော်လွန်ပြီ အပျက်ဖြစ်ရတာတွေကလည်း အကြိမ်ကြိမ်ပေါ့.. ။
ဂရေးမှာ ချစ်သူရှိတယ်.. ။
ဘီယမ်ကာ ဆိုတဲ့ မျက်ဝန်းပြာအစုံပိုင်ရှင် ဝံပုလွေ နတ်မိမယ်လေး..
အရွယ်ရောက်လာတဲ့ သူတို့နှစ်ဦးအတွက် အိုးအိမ်ထူထောင်ဖို့အရေး ဆွေးနွေးရာမှာ ဂရေးရဲ့ ခပ်ပျော်ပျော် ပေါ့ပေါ့ဆဆနဲ့ အလေးအနက်မရှိတတ်တဲ့ အကျင့်စရိုက်တွေကြောင့် မိန်းမသားဖြစ်တဲ့ ဘီယမ်ကာ က ဖိအားပေးလိုက်ခြင်းကနေ အခုလို ဇာတ်လမ်းကောင်းလေးဖြစ်လာခဲ့ရတာပါပဲ။
* ချစ်သူရဲ့ ပြုပြင်ပြောင်းလဲဖို့ တွန်းအားပေးမှုကနေ..
တကယ်ပဲ ဂရေးတစ်ယောက် ပြောင်းလဲနိုင်မှာလား…
.
* အသက်အရွယ်ကြောင့် ဝုံပုလွေအုပ် ခေါင်းဆောင်အဖြစ်ကနေ အနားယူတော့မယ့် မာဂရာရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် လက်ရုံးရည်ယှဉ်ပွဲမှာ ဂရေး တစ်ယောက် ဘယ်လို.. ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေ ကြုံလာရမလဲ..
.
* သိပ်ပြီးတော့ စပွိုင်တွေမထည့်ချင်ဘူးဗျာ..
ဒေါင်းပြီးသာ ကြည့်လိုက်ကြပါတော့ ။
သေချာတာကတော့.. ကျန်ခဲ့နှစ်ဒိတ်ဒိတ်ကြဲကားတွေကြားထဲမှာ မထင်မရှားထွက်လာရပေမယ့် ..
အံ့သြရလောက်အောင် လက်ဖျားခါရမယ့်ကားပါ။
www.mmsubtitles.co ရဲ့ DTM (Direct to Members) System အရ မန်ဘာတွေရဲ့ လက်ထဲအရောက်ထည့်ပေးလိုက်ပါပြီ။
ဒေါင်းယူကြည့်ရှုဖို့ကတော့ ယူတို့တာဝန်ပေါ့နော်..
First Cmt မှာ ဒေါင်းလုဒ်လင့်ခ်ကို အလုအယက်ရယူနိုင်ပါတယ်.. 😜😜😜
ဘာသာပြန်နဲ့ အညွှန်းရေးသူကတော့ Lay Cho ပဲဖြစ်ပါတယ် ။
အောက်ကတော့ Cast တွေ့ဆုံမေးမြန်းခန်းလေးပါ ။
+++++++++++++++++++++++
” ဟုတ်ကဲ့…”
” ကျနော်ကတော့ ဂရေးပါ..”
” ကျုပ်အထင်တော့ ကျုပ်ရဲ့ အသွေးအရောင်က မီးခိုးရောင်မို့ Gray(ဂရေး) လို့ ကျုပ်ကို ကင်ပွန်းတပ်ခဲ့တယ် ထင်ရတယ်.. ။(ရယ်လျက်)
ဒီအဖြစ်အပျက်တွေမှာ ကျနော်က အဓိကဇာတ်ကောင် ဖြစ်ခဲ့ရတာ…
ကျုပ်လုပ်နိုင်ခဲ့တယ် ဆိုပေမယ့် ကျုပ်တစ်ယောက်တည်း စွမ်းဆောင်ရည်ကြောင့်တော့ မဟုတ်ပါဘူး..
ဒီဇာတ်လမ်းရဲ့ ပါဝင်ပတ်သက်သူ အားလုံးရဲ့ စွမ်းဆောင်ရည်တွေကလည်း မရှိမဖြစ် အားအင်တွေပါပဲ။”
Gray (ဝံပုလွေအုပ်စုခေါင်းဆောင်)
~~~~~~~~~~~~~~~~~~
.
” ဂရေးလား.. ” .. အဟက်.. ဟက်.. ဟား..😂😂😂
သိပ်ရယ်ရတဲ့ သူဗျို့…
သူစရောက်လာကတည်းက သူ့ကို အသွေးအရောင်၊ အမွှေး ကွဲပြားခြားနားတာကို သိပေမယ့် လုံးဝသတိမထားမိခဲ့တာ ..
သူတော်တာမဟုတ်ပဲ.. ကျနော် ညံ့လို့ဗျ.. ။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဂရေး ဟာ ကျုပ်အတွက်တော့ အကောင်းဆုံး မိတ်ဆွေပဲဗျို့ …
ဟုတ်တယ်မဟုတ်လား.. လိုင်ရာ. ..
” ဟုတ်ပါရဲ့ ရှင်ရယ် ” …။
Maga Moz ( တောင်းပိုင်းလွင်ပြင်သိုးမိသားစုဝင်)
~~~~~~~~~~~~~~~~
.
” ဂရေးကို စတွေ့ကတည်းက မူမမှန်တာကို ကျနော်ခံစားရတယ် ။
ကျနော့်ရဲ့ ဥာဉ်အတိုင်း ဂရေး ဟာ ကျနော့်ရဲ့ စောင့်ကြည့်ရတဲ့စာရင်းဝင်သွားခဲ့တယ် ။
အဲ့ဒီ့ကာလတွေမှာ ဂရေးဟာ တကယ့်ကို ကျနော့်ရဲ့ ကိုယ်ပိုင်အချိန်တော်တော်များများကို ခိုးယူသွားခဲ့နိုင်သူပါ။
နောက်ပိုင်းအဖြစ်အပျက်တွေ ပြီးတဲ့နောက်မှာတော့…
ဂရေး လို ဖြောင့်မတ်တည်ကြည် မှန်ကန်တဲ့ ခောင်းဆောင်တစ်ယောက်ကို.. ဝံပုလွေတွေ ပိုင်ဆိုင်ခဲ့ရတာကတော့ Happy Ending ဖြစ်စေခဲ့တာပေါ့နော်.. ။
အားလုံးထက် ပိုပြီး ပျော်ရွှင်ရဆုံးသူကတော့ ဘီယမ်ကာ လို့ပဲ ကျနော်ထင်တယ်.. ”
Me – ” ဟုတ်ကဲ့ ခုလို www.mmsubtitles.co ရဲ့မေးမြန်း
ချက်ကိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ..”
Ziko- ” ကျနော်ကလည်း ကျေးဇူးတင်ပါတယ် ခင်ဗျ ”
Ziko- ” တလက်စတည်း ဒီဇာတ်ကားလေးကိုလည်း ကြည့်ရှုအားပေးကြပါအုံးလို့ အကိုတို့ မီဒီယာ ကနေ ပရိတ်သတ်တွေကို တိုက်တွန်းလိုက်ပါရစေခင်ဗျာ ” ..
Ziko (တောင်ပိုင်းလွင်ပြင်သိုးမိသားစုဝင်)

Translated and Review by Lay Cho

Score: 5.9 Duration: 85 min Quality: 720p Years: View: 2,029