Advertise here
/
Sad Movie (2005)

Sad Movie (2005)

န့တိုင်းနေ့တိုင်း လောကကြီးမှာ လူတိုင်းဟာ
ရှင်သန်ခြင်းအတွက် ရုန်းကန်ရပါတယ်။
ရုန်းကန်ခြင်းတွေနဲ့အတူ အခက်အခဲဆိုတာကလည်း ပါလာတတ်စမြဲပါ။
အခက်အခဲကြောင့် ရုန်းကန်ရတယ်။
ရုန်းကန်ရင်းနဲ့ အခက်အခဲတွေ့တယ်။
ဒါတွေနဲ့ပဲ သံသရာလည်ရင်း ကျွန်တော်တို့ဟာ လိုအင်ဆန္ဒတွေနောက်ကို
ဒုန်းစိုင်းလိုက်ကာ ကြီးပြင်းရပါတယ်။

ဒီဇာတ်ကားကတော့ ကျွန်တော်တို့ ကိုယ်စီ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲ ပေါင်းစုံကို
ရှုထောင့်မျိုးစုံက ရိုက်ပြထားပြီး
တင်ပြပုံ ခပ်ဆန်းဆန်းလေးနဲ့ ခံစားရမှာပါ။
စိတ်ထွက်ပေါက်ရှာလိုသူတွေအတွက်
ဒီဇာတ်ကားက တကယ့်ကို အနှစ်သာရ
အပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
K-Drama ပရိသတ်တွေအတွက်လည်း
ကြည့်နေကျ K-Drama ကားတွေနဲ့ တင်ပြပုံ
ကွဲထွက်တာမို့ အမြင်တစ်မျိုးလေး ရစေမှာပါ။

ရသပေါင်းစုံ ရောနယ်ထည့်ထားတဲ့
ဟင်းလေးအိုးတစ်အိုး လိုပါပဲ။

ဒီဇာတ်ကားရဲ့ တင်ပြပုံက တခြား K-Drama တွေနဲ့ ဘာလို့ကွဲထွက်နေလဲဆိုရင်
မင်းသားရယ် မင်းသမီးရယ် သူတို့ရဲ့ အသိုင်းအဝိုင်းတွေရယ်နဲ့တင် ပတ်ချာရိုက်နေတဲ့
ဇာတ်ကားမျိုးမဟုတ်ဘဲ
ဒီဇာတ်ကားမှာပါတဲ့ ဇာတ်ကောင် (၆) ကောင်လုံးကိုပဲ အဓိကဇာတ်ကောင်တွေ အဖြစ်
အသုံးပြုသွားတာမျိုးပါ။

လိုအင်ဆန္ဒတွေ နဲ့ အတူ ရှင်သန်ရင်း
ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို
ကိုယ်စီ ဘယ်လို ရင်ဆိုင်ကြမလဲ။
ဘယ်သူတွေကရော ကိုယ့်ဘက်မှာ
မားမားမတ်မတ် ရပ်တည်ပေးမှာလဲ။
တစ်ဘဝလုံး ကိုယ့်ဘေးမှာ ရှိနေပေးမယ်လို့
ထင်ထားတဲ့သူတွေကရော တကယ်တမ်းကျ
ရှိနေပေးနိုင်မှာတဲ့လား။
ကံဆိုတဲ့ ဇာတ်ဆရာကရော
ဇာတ်ကို ဘယ်လို ခင်းကျင်းပေးမှာလဲ။
လူတိုင်းမှာ အမှတ်တမဲ့ ဖြစ်သွားတဲ့
အမှတ်တရပုံရိပ်တွေဆိုတာ
ကိုယ်စီရှိတတ်ကြတာ မဟုတ်ပါလား။

Rating အနေနဲ့လည်း My Drama List 7.8 ရရှိထားပြီး IMDb 7.4 ရရှိထားတဲ့အတွက်
Rating များမှ ကြည့်ချင်တဲ့သူတွေအတွက်လည်း
အသင့်တော်ဆုံး ဖြစ်မှာပါ။

ဒီဇာတ်ကားကို ကြည့်ခါနီးတော့
တစ်ရှူးတစ်ထုပ် ဆောင်ထားဖို့
ကြိုတင်ပြီး သတိပေး ပါရစေ။

ဇာတ်လမ်းအညွှန်းကိုတော့ Chan Myae Kyaw မှ ရေးသားထားပြီး ဘာသာပြန်ပေးသူကတော့ John La Yaung ဖြစ်ပါတယ်။

Translated by John La Yaung
Encoded by Zon Myat Noe Swe

Genre: , , Director: Actors: , , Country: Released: 21 October 2005 (South Korea)
Score: 7.4 Duration: 1h 48min Quality: 480p Years: View: 1,075