/
Saand Ki Aankh (2019)

Saand Ki Aankh (2019)



Score: Quality: Bluray 720p Years: View: 1,103

Saand ki aankh (2019)
°°°°°°°°°°°°°°°°°°°°°°°

” ေသနတ္ဆိုတာ ျပက္လံုးမဟုတ္ဘူးကြ။
ဒါက ေယာက္်ားေတြ အတြက္ပဲ
သင့္ေလ်ာ္တာ ”

ဒီလိုစကားလံုးမ်ိဳးဆိုတာ တင္းၾကပ္တဲ့ မိသားစု ကေန ေပါက္ဖြားလာတတ္ၾကသလို အမ်ိဳးသမီးဖိႏွိပ္ေရးဝါဒီ ကလည္း
ထြက္ေပၚလာတတ္ၾကပါတယ္။

ဒီလိုၾကားကေန ငွက္ ျဖစ္ရင္လည္း
​ေလွာင္အိမ္က ေဖာက္မယ္။ ႀကိဳး ျဖစ္ရင္လည္း ျဖတ္ေတာက္မယ္ ဆိုတဲ့ အမ်ိဳးသမီး ႏွစ္ဦး႐ွိခဲ့ဖူးပါတယ္။

သူတို႔ကေတာ့ အသက္ ၆၀ ပတ္ဝန္းက်င္ အရြယ္႐ွိေနၿပီျဖစ္တဲ့ ခ်န္ဒ႐ို နဲ႔ ပရကာ႐ွီပဲ ျဖစ္ပါတယ္။

အိႏၵိယ ေ႐ွး႐ိုးစြဲ အရ လက္ထပ္ၿပီးသား အမ်ိဳးသမီး ဟာ အမ်ိဳးသားေတြရဲ႕ အုပ္ခ်ဳပ္မႈ ေအာက္မွာပဲ ႐ွိရမယ္။ ဘယ္မသြားရ ညာမသြားရ ဆိုတဲ့ ဖိႏွိပ္မႈကို ဂုဏ္႐ွိန္ဝါ တစ္ခုလို ျပံဳးတံု႔ ေနခဲ့ၾကပါတယ္။ ေယာကၡမက ရြာသူႀကီးလည္း
ျဖစ္ေနေတာ႕ သူရဲ႕ ျသဇာအာဏာဟာ
တစ္မိသားစုလုံး ကို လႊမ္းမိုးထားခဲ့တယ္။

ဒါဟာ တစ္မိသားစုလုံး ဆိုတာထက္ အိႏၵိယ ရဲ႕ ရြာငယ္ေတြမွာ ခုထက္တိုင္႐ွိေနၾကတယ္ ထင္ပါရဲ႕။ အမ်ိဳးသမီး ေတြဟာ စကားလံုးျမဳ ိခ်မႈ ေပါင္းမ်ားစြာ ေလ့က်င့္ေနရၿပီး ခြန္းတံု႔ မျပန္ႏိုင္မႈမ်ားစြာကို သည္းခံေနရတယ္။ လူ႔အခြင့္အေရးဆိုတာလည္း ေ႐ွးဝါဒီ လက္ေအာက္
က်ေရာက္လို႔ ေနပါတယ္။

ဒီလို မိသားစုအသိုင္းအဝိုုင္းမွာ ေရာက္ေနတဲ့
ခ်န္ဒ႐ို နဲ႔ ပကာ႐ွီဟာ လည္း ဖိႏွိပ္ခံေနရတယ္။
ပညာတတ္ ေအာင္ျမင္ေနမႈဟာ ျပစ္မႈေျမာက္ေနသလိုပါပဲ။

တစ္ေန႔မွာ သူတို႔ ရြာေလးဆီ ျပန္လာတဲ့ ေဒါက္တာက ေသနတ္ပစ္သင္တန္းတစ္ခုကို
စတင္မိတ္ဆက္ေပးခဲ့တယ္။ဒါေပမဲ့ မိန္းကေလး မသင္ရဆိုတဲ့ ကန္႔သတ္မႈကို
ရြာသူႀကီးက ျခယ္လွယ္ထားတယ္။

အဲ့မွာက ရြာသူႀကီးရဲ႕ ေျမးလည္းသြားသင္တယ္။ ခ်န္ဒ႐ိုနဲ႔ သူ႔သမီးက ေတာ့ ေန႔လည္စာပို႔ တာ ဘာညာ လုပ္ရတာေပါ့။

ဒီေသနတ္ပစ္သင္တန္းဆိုတာက အစိုးရၿပိဳင္ပြဲ အတြက္။ ႏိုင္ရင္ အစိုးရအလုပ္ေလး ရမယ္ ။

ဒါကို ခ်န္ဒ႐ို သိေတာ့ သူ႔သမီးကို သင္ေစခ်င္တယ္။ မိဘပဲေလ။ သူ႔သမီးကို အစိုးရအလုပ္ေလးရေစခ်င္တာေပါ့။ဒါေၾကာင့္ သူ႔သမီးကို
ေသနတ္ပစ္ၾကည့္ဖို႔လည္း တိုက္တြန္းတယ္။

အဲ့အခ်ိန္မွာတင္ ခ်န္ဒ႐ိုစမ္းသပ္ပစ္လိုက္တဲ့
က်ည္ဆံဟာ ပစ္မွတ္အလယ္ဗဟို ေဖာက္သြား
ႏိုင္ခဲ့တယ္။

အဲ႕ဒီေနာက္
ခ်န္ဒ႐ို ၿပီးေတာ့ ပရာကာ႐ွီ ။ သူတို႔
ႏွစ္ဦးဟာ တားထားတဲ့ ေရွးရိုးစြဲႀကိဳးထံုးေတြကို
ဘယ္လို ျဖတ္ၾကမလဲ ဆိုတာကေတာ့ —။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မိမိအျမင္
_________
ဒီကားဟာ Biography ဆိုေပမယ့္ ဇာတ္အိမ္
ဟာ အမ်ိဳးသမီး အခြင့္အေရးကို ပိုမိုထိမိစြာ
ေဖာ္က်ဴ းထားႏိုင္ခဲ့ပါတယ္။

” ပစ္မွတ္ဗဟိုကို ေဖာက္ႏိုင္တဲ့ စြမ္းရည္ရဖို႔
ဘာေတြမ်ား စားထားၾကသလဲ ”

ပရာကာ႐ွီက ေျဖတယ္ ။

” မထီမဲ့ျမင္ ဆက္ဆံခံရမႈ ”

တစ္ခါတေလ ကြၽန္ေတာ္ စဥ္းစားျဖစ္မိတယ္။

” တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္မိသည့္တိုင္
တစ္ေယာက္ စိတ္ကို တစ္ေယာက္ ပိုင္လို႔မရပါဘူး”

ခ်စ္တယ္ ဆိုတာ တကယ္ေတာ့ ျဖဴ စင္ပါတယ္။ ဘယ္မသြားရ ဘာမလုပ္ရ ဆိုတဲ့ ခ်ဳပ္ျခယ္မႈမ်ိဳးကေတာ့ အခ်စ္ကို ဓားစာခံလုပ္ထားတဲ့
အတၱသက္သက္ပါပဲ။

ဒီကားမွာ လင္နဲ႔မယား ျဖစ္ရင္ ” ငါ့စကားအတိုင္းေန ” စတဲ့ ဖိႏွိပ္မႈကို တင္ဆက္ထားတယ္။
ဒါဟာ အိႏၵိယ အမ်ိဳးသမီး ေတြအတြက္ပဲ မဟုတ္ပါဘူး ။ တကမၻာလုံး နဲ႔ ဆိုင္တယ္ လို႔
ေတြးမိလိုက္ပါတယ္။

တကယ္ေတာ့

” ကြၽန္ေတာ္ တို႔ဟာ တစ္ေယာက္အခြင့္အေရးကို တစ္ေယာက္က ေလးစားသင့္တယ္ ”
မဟုတ္ပါေလာ။

ဒီကားဟာ အစပိုင္း ပ်င္းစရာအနည္းငယ္႐ွိေနေပမယ့္ သူတို႔ ႏွစ္ဦးရဲ႕ ႐ုန္းကန္ေနရတဲ့ အေျခအေန ဟာ Motivation ဆန္ပါတယ္။

တခ်ိဳ ႕ဇာတ္ဝင္ခန္းေတြဆိုလည္း ေႏြးေထြးမႈ
တစ္ရပ္ကို ရလိုက္တယ္။

နန္းေတာ္မွာ အထူးဧည့္သည္အျဖစ္ ဖိတ္ေခၚေတာ႕ ခ်န္ဒ႐ို နဲ႔ ပရာကာ႐ွီ ဟာ အားလံုးအသစ္အဆန္းေပါ့ ။ သူတို႔က ရြာသူေတြဆိုေတာ့
ဟိတ္ဟန္မ႐ွိ။ ညစာ စားေတာ့လည္း သူတို႔သဘာဝ ပဲေသာက္ၾကတယ္။

ဒါဟာ လူျမင္ကြင္းမွာ ဟားစရာ ေပါ့။

ဒါေပမဲ့ ဒီအေျခအေနကို ရိပ္စားမိတဲ့ Queen ဟာ သူကိုယ္တိုင္ အဲ့လိုစားေသာက္ျပ
လိုက္တယ္။ ဘယ္သူမွ မ႐ွံု႔ခ်ေတာ့တဲ့အျပင္
အားလံုး အဲ့လိုစားေသာက္ခဲ့ၾကတယ္။

ဘာရယ္မွမဟုတ္ေပမယ့္ ဒီဇာတ္ဝင္ခန္းဟာ
လူသားခ်င္း ဆိုတဲ့ အသိ၊ ဟိတ္ဟန္မ႐ွိတဲ့
ကိုယ္ခ်င္းစာ မႈ လို႔ပဲ ခံစားလိုက္မိတယ္။

အခ်ဳပ္ဆိုရရင္ေတာ့ ဒီကားဟာ ကြၽန္ေတာ္ သိတဲ့ Biography ကားထက္ပိုပါတယ္။ အမ်ိဳးသမီး ေတြအတြက္ အင္အားျဖစ္ေစသလို
စြမ္းရည္ျမင့္ခဲ့တဲ့ ဘြားေအ ႏွစ္ဦးကိုလည္း
ျမင္မိေစပါတယ္။ အေမႏွစ္ဦးရဲ႕ ေမတၱာကို
ေတြးႏိုင္သလို ေယာက်္ား ေတြသာလြန္ခဲ့တဲ့
သတၱိ ကိုလည္း သိျမင္ႏိုင္မွာပါ။

ဒါ့ထက္

” ကြၽန္မတို႔အသက္အရြယ္ကို ေသခ်ာမသိေပမယ့္ ကြၽန္မတို႔ဟာ ကြၽန္မတို႔အတြက္ပဲ ႐ွင္သန္
ေနၾကတာကိုေတာ့ အေသအခ်ာ သိႏွင့္ၾကပါတယ္ ” တဲ့။

#Unicode

Saand ki aankh (2019)
°°°°°°°°°°°°°°°°°°°°°°°

” သေနတ်ဆိုတာ ပြက်လုံးမဟုတ်ဘူးကွ။
ဒါက ယောက်ျားတွေ အတွက်ပဲ
သင့်လျော်တာ ”

ဒီလိုစကားလုံးမျိုးဆိုတာ တင်းကြပ်တဲ့ မိသားစု ကနေ ပေါက်ဖွားလာတတ်ကြသလို အမျိုးသမီးဖိနှိပ်ရေးဝါဒီ ကလည်း
ထွက်ပေါ်လာတတ်ကြပါတယ်။

ဒီလိုကြားကနေ ငှက် ဖြစ်ရင်လည်း
​လှောင်အိမ်က ဖောက်မယ်။ ကြိုး ဖြစ်ရင်လည်း ဖြတ်တောက်မယ် ဆိုတဲ့ အမျိုးသမီး နှစ်ဦးရှိခဲ့ဖူးပါတယ်။

သူတို့ကတော့ အသက် ၆၀ ပတ်ဝန်းကျင် အရွယ်ရှိနေပြီဖြစ်တဲ့ ချန်ဒရို နဲ့ ပရကာရှီပဲ ဖြစ်ပါတယ်။

အိန္ဒိယ ရှေးရိုးစွဲ အရ လက်ထပ်ပြီးသား အမျိုးသမီး ဟာ အမျိုးသားတွေရဲ့ အုပ်ချုပ်မှု အောက်မှာပဲ ရှိရမယ်။ ဘယ်မသွားရ ညာမသွားရ ဆိုတဲ့ ဖိနှိပ်မှုကို ဂုဏ်ရှိန်ဝါ တစ်ခုလို ပြုံးတုံ့ နေခဲ့ကြပါတယ်။ ယောက္ခမက ရွာသူကြီးလည်း
ဖြစ်နေတော့ သူရဲ့ သြဇာအာဏာဟာ
တစ်မိသားစုလုံး ကို လွှမ်းမိုးထားခဲ့တယ်။

ဒါဟာ တစ်မိသားစုလုံး ဆိုတာထက် အိန္ဒိယ ရဲ့ ရွာငယ်တွေမှာ ခုထက်တိုင်ရှိနေကြတယ် ထင်ပါရဲ့။ အမျိုးသမီး တွေဟာ စကားလုံးမြု ိချမှု ပေါင်းများစွာ လေ့ကျင့်နေရပြီး ခွန်းတုံ့ မပြန်နိုင်မှုများစွာကို သည်းခံနေရတယ်။ လူ့အခွင့်အရေးဆိုတာလည်း ရှေးဝါဒီ လက်အောက်
ကျရောက်လို့ နေပါတယ်။

ဒီလို မိသားစုအသိုင်းအဝိုုင်းမှာ ရောက်နေတဲ့
ချန်ဒရို နဲ့ ပကာရှီဟာ လည်း ဖိနှိပ်ခံနေရတယ်။
ပညာတတ် အောင်မြင်နေမှုဟာ ပြစ်မှုမြောက်နေသလိုပါပဲ။

တစ်နေ့မှာ သူတို့ ရွာလေးဆီ ပြန်လာတဲ့ ဒေါက်တာက သေနတ်ပစ်သင်တန်းတစ်ခုကို
စတင်မိတ်ဆက်ပေးခဲ့တယ်။ဒါပေမဲ့ မိန်းကလေး မသင်ရဆိုတဲ့ ကန့်သတ်မှုကို
ရွာသူကြီးက ခြယ်လှယ်ထားတယ်။

အဲ့မှာက ရွာသူကြီးရဲ့ မြေးလည်းသွားသင်တယ်။ ချန်ဒရိုနဲ့ သူ့သမီးက တော့ နေ့လည်စာပို့ တာ ဘာညာ လုပ်ရတာပေါ့။

ဒီသေနတ်ပစ်သင်တန်းဆိုတာက အစိုးရပြိုင်ပွဲ အတွက်။ နိုင်ရင် အစိုးရအလုပ်လေး ရမယ် ။

ဒါကို ချန်ဒရို သိတော့ သူ့သမီးကို သင်စေချင်တယ်။ မိဘပဲလေ။ သူ့သမီးကို အစိုးရအလုပ်လေးရစေချင်တာပေါ့။ဒါကြောင့် သူ့သမီးကို
သေနတ်ပစ်ကြည့်ဖို့လည်း တိုက်တွန်းတယ်။

အဲ့အချိန်မှာတင် ချန်ဒရိုစမ်းသပ်ပစ်လိုက်တဲ့
ကျည်ဆံဟာ ပစ်မှတ်အလယ်ဗဟို ဖောက်သွား
နိုင်ခဲ့တယ်။

အဲ့ဒီနောက်
ချန်ဒရို ပြီးတော့ ပရာကာရှီ ။ သူတို့
နှစ်ဦးဟာ တားထားတဲ့ ရှေးရိုးစွဲကြိုးထုံးတွေကို
ဘယ်လို ဖြတ်ကြမလဲ ဆိုတာကတော့ —။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မိမိအမြင်
_________
ဒီကားဟာ Biography ဆိုပေမယ့် ဇာတ်အိမ်
ဟာ အမျိုးသမီး အခွင့်အရေးကို ပိုမိုထိမိစွာ
ဖော်ကျူ းထားနိုင်ခဲ့ပါတယ်။

” ပစ်မှတ်ဗဟိုကို ဖောက်နိုင်တဲ့ စွမ်းရည်ရဖို့
ဘာတွေများ စားထားကြသလဲ ”

ပရာကာရှီက ဖြေတယ် ။

” မထီမဲ့မြင် ဆက်ဆံခံရမှု ”

တစ်ခါတလေ ကျွန်တော် စဉ်းစားဖြစ်မိတယ်။

” တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသည့်တိုင်
တစ်ယောက် စိတ်ကို တစ်ယောက် ပိုင်လို့မရပါဘူး”

ချစ်တယ် ဆိုတာ တကယ်တော့ ဖြူ စင်ပါတယ်။ ဘယ်မသွားရ ဘာမလုပ်ရ ဆိုတဲ့ ချုပ်ခြယ်မှုမျိုးကတော့ အချစ်ကို ဓားစာခံလုပ်ထားတဲ့
အတ္တသက်သက်ပါပဲ။

ဒီကားမှာ လင်နဲ့မယား ဖြစ်ရင် ” ငါ့စကားအတိုင်းနေ ” စတဲ့ ဖိနှိပ်မှုကို တင်ဆက်ထားတယ်။
ဒါဟာ အိန္ဒိယ အမျိုးသမီး တွေအတွက်ပဲ မဟုတ်ပါဘူး ။ တကမ္ဘာလုံး နဲ့ ဆိုင်တယ် လို့
တွေးမိလိုက်ပါတယ်။

တကယ်တော့

” ကျွန်တော် တို့ဟာ တစ်ယောက်အခွင့်အရေးကို တစ်ယောက်က လေးစားသင့်တယ် ”
မဟုတ်ပါလော။

ဒီကားဟာ အစပိုင်း ပျင်းစရာအနည်းငယ်ရှိနေပေမယ့် သူတို့ နှစ်ဦးရဲ့ ရုန်းကန်နေရတဲ့ အခြေအနေ ဟာ Motivation ဆန်ပါတယ်။

တချို ့ဇာတ်ဝင်ခန်းတွေဆိုလည်း နွေးထွေးမှု
တစ်ရပ်ကို ရလိုက်တယ်။

နန်းတော်မှာ အထူးဧည့်သည်အဖြစ် ဖိတ်ခေါ်တော့ ချန်ဒရို နဲ့ ပရာကာရှီ ဟာ အားလုံးအသစ်အဆန်းပေါ့ ။ သူတို့က ရွာသူတွေဆိုတော့
ဟိတ်ဟန်မရှိ။ ညစာ စားတော့လည်း သူတို့သဘာဝ ပဲသောက်ကြတယ်။

ဒါဟာ လူမြင်ကွင်းမှာ ဟားစရာ ပေါ့။

ဒါပေမဲ့ ဒီအခြေအနေကို ရိပ်စားမိတဲ့ Queen ဟာ သူကိုယ်တိုင် အဲ့လိုစားသောက်ပြ
လိုက်တယ်။ ဘယ်သူမှ မရှုံ့ချတော့တဲ့အပြင်
အားလုံး အဲ့လိုစားသောက်ခဲ့ကြတယ်။

ဘာရယ်မှမဟုတ်ပေမယ့် ဒီဇာတ်ဝင်ခန်းဟာ
လူသားချင်း ဆိုတဲ့ အသိ၊ ဟိတ်ဟန်မရှိတဲ့
ကိုယ်ချင်းစာ မှု လို့ပဲ ခံစားလိုက်မိတယ်။

အချုပ်ဆိုရရင်တော့ ဒီကားဟာ ကျွန်တော် သိတဲ့ Biography ကားထက်ပိုပါတယ်။ အမျိုးသမီး တွေအတွက် အင်အားဖြစ်စေသလို
စွမ်းရည်မြင့်ခဲ့တဲ့ ဘွားအေ နှစ်ဦးကိုလည်း
မြင်မိစေပါတယ်။ အမေနှစ်ဦးရဲ့ မေတ္တာကို
တွေးနိုင်သလို ယောကျ်ား တွေသာလွန်ခဲ့တဲ့
သတ္တိ ကိုလည်း သိမြင်နိုင်မှာပါ။

ဒါ့ထက်

” ကျွန်မတို့အသက်အရွယ်ကို သေချာမသိပေမယ့် ကျွန်မတို့ဟာ ကျွန်မတို့အတွက်ပဲ ရှင်သန်
နေကြတာကိုတော့ အသေအချာ သိနှင့်ကြပါတယ် ” တဲ့။

#linnkhayan

Translated By Zaw Htoo