/
Princess Protection Program (2009)

Princess Protection Program (2009)



Genre: , , Director: Actors: , , Released: TV Movie 26 June 2009 Score: 5.7 Duration: 1h 30min Quality: 720p View: 2,093

ခေါင်းဆောင်မင်းသမီး၂ယောက်လုံးက multi talent ရှိတဲ့ ကောင်မလေးတွေပါ
တယောက်က ချစ်စရာမျက်နှာလေးနဲ့ အသံချိုချိုလေးကိုပိုင်ဆိုင်ထားတဲ့ အဆိုတော် သရုပ်ဆောင်မလေး Selena Gomez ဖြစ်ပြီး
နောက်တယောက်ကတော့ ပြုံးလိုက်ရင်အင်မတန်လှပြီး အသံပါဝါကောင်းကောင်းကိုပိုင်တဲ့ အဆိုတော် သရုပ်ဆောင်မလေး Demi Lovato ပဲဖြစ်ပါတယ်
Disney ကနေရိုက်ကူးထားတဲ့ ဒီဆယ်ကျော်သက်ဇာတ်လမ်းလေးထဲမှာ Demi က စပိန်ကျွန်းဆွယ်နိုင်ငံလေးရဲ့ အိမ်ရှေ့စံမင်းသမီးလေးဖြစ်ပြီး
မကြာခင် ဘုရင်မအဖြစ် နန်းတက်တော့မဲ့သူလေးပေါ့ သူလေး နန်းတက်ဖို့ တပတ်အလိုမှာ တခြားနိုင်ငံ အာဏာလာသိမ်းသွားလို့ တိုင်းပြည်ကိုရော
အမေကိုရော ထားရစ်ခဲ့ပြီး ထွက်ပြေးလာခဲ့ရပါတယ် Selena ကတော့ သာမန်အမေရိကန် ကျောင်းသူလေးဖြစ်ပြီး ကျောင်းမှာ အမြဲအနှိမ်ခံနေရသူလေးပါ
သူ့အဖေက မင်းသမီးလေးကို ဘေးကင်းဖို့ လိုက်စောင့်ရှောက်ပေးရတဲ့ တပ်မှူးဖြစ်ပါတယ် Selena ရဲ့အဖေက အာဏာသိမ်းတဲ့လူတွေ သတိမထားမိအောင် မင်းသမီးလေးကို
Selena နဲ့အတူတွဲပြီး ကျောင်းတက်ခိုင်းလိုက်တဲ့အခါမှာတော့……….
နန်းဆန်လွန်းနေတဲ့ Demi လေးနဲ့ လွတ်လွတ်လပ်လပ်နေရတာကို သဘောကျတဲ့ Selena တို့ကြားက အလွဲလေးတွေနဲ့ ရန်ပွဲလေးတွေကို ကြည်နူးဖွယ် ရှုစားရမှာဖြစ်ပါတယ်

Translated by Phoo Myat Kay Khine
Encoded by Zon Myat Noe Swe

Comments are closed.