/
Pretty Little Liars: The Perfectionists Complete

Pretty Little Liars: The Perfectionists Complete



Genre: , , , , Actors: , , , Country: Released: 2019-03-20Networks: Episodes: 10 Type: TVScore: 7.2Duration: 42 minQuality: Year: View: 3,154







Pretty Little Liars The Perfectionists အမေရိကားရဲ့ နာမည်ကြီးစာရင်းဝင် ဘေကွန်ဟိုက်ဆိုတဲ့ ဟောက်စကစ်မိသားစုပိုင်ကောလိပ်တစ်ခုမှာ နယ်မြေအသီးသီးကနေ လာပြီး ကျောင်းလာတက်ကြတယ်။ တယောအကြီးစားတီးတဲ့ ဒိုင်လန်ဝေါ့ကာ ပါမယ်။ ဟောက်စကစ် မိသားစုမှာ ကျန်ရစ်တဲ့ တစ်ဦးတည်းသောသားနိုလန်ရဲ့ အပြင်ပန်းချစ်သူ ဆီနိတ်တာတယောက်ရဲ့ သမီး ကိတ်တလင်းလူးဝစ်ပါမယ်။ ငွေဘုံးထားလို့ တရားခံပြေးဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ သမီး နိုလန်ရဲ့ တိတ်တိတ်ပုန်းချစ်သူ အေဗာဂျူလာလီပါမယ်။ ပြီးတော့ မဟုတ်မခံ နေထိုင်တတ်တဲ့ လက်ထောက်ဆရာမအသစ် အဲလစ်ဆင်ဒီတာလန်တက်ပါမယ်။ နောက်တယောက်က မိုနာဆိုတဲ့ အထွေထွေအတွင်းရေးမှူးမလေးပါမယ်။ စာသင်နှစ်အစမှာပဲ လူတကာအပေါ် တင်စီးအနိုင်ကျင့်တတ်တဲ့ ဟောက်စကစ်မိသားစုရဲ့ တစ်ဦးတည်းသေားသားဖြစ်သူ နိုလန်ကို ကိတ်တလင်း၊ ဒိုင်လန်နဲ့ အေဗာကို ဟောခန်းအပေါ်ကနေ တွန်းချပြီး သတ်ပစ်လိုက်ဖို့ တောထဲမှာ တိတ်တဆိတ် တိုင်ပင်ကြတယ်။ သူတို့ တိုင်ပင်တဲ့ညမှာပဲ သူတို့တိုင်ပင်ထားတဲ့အတိုင်း နိုလန်တစ်ယောက် အသတ်ခံလိုက်ရတယ်။ ဒီကျောင်းမှာ အဲဒီမတိုင်ခင်က နိုလန်ရဲ့ အဖေအသတ်ခံထားရတယ်။ နိုလန်အဖေအသတ်ခံရလို့ သမီးဖြစ်သူ “တေလာ”က လုံခြုံရေးကင်မရာတွေ မရှိလို့ မသိလိုက်ရတာ ဆိုပြီး ကျောင်းအပြည့် လုံခြုံရေးကိရိယာတွေ တပ်ဆင်ထားပါတယ်။ မကြာခင်မှာပဲ လုံခြံရေးကိရိယာ အဟက်ခံလိုက်ရပြီး တောလာက ကိုယ့်ကိုယ်ကို သတ်သေသွားတယ်။ “နိုလန်” အသတ်ခံရတဲ့ ညမှာတော့ လုံခြုံရေးကိရိယာတွေအကုန်လုံး ခေတ္တရပ်သွားတယ်။ လူတိုင်းနီးပါး အမြင်ကပ်လှတဲ့ နိုလန်ကို ဘယ်သူသတ်သွားတာလဲ။ ခပ်စွာစွာဆရာမ၊ အတွင်းရေးမှူး မိုနာနဲ့ အေဗာတို့သူငယ်ချင်းသုံးယောက်တို့ကကော ဘယ်လိုလုပ်ကြမလဲ။ အဟက်ခံထားရတဲ့ လုံခြုံရေးကိရိယာက အဲဒီအချိန်လေးမှာမှ ဘာကြောင့် ရပ်သွားတာလဲ။ ဒီဇာတ်လမ်းတွဲက ၂၀၁၀ ကနေ ၂၀၁၇ ကနေ ထွက်ခဲ့တဲ့ The Pretty Little Liar ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအတွဲဖြစ်ပါတယ်။ သို့သော်လည်း အရင်အတွဲတွေနဲ့မတူ သူ့ဘာသာသူ သတ်သတ်ထွက်ရှိလာတဲ့ အတွဲလည်းဖြစ်ပါတယ်။ အဲဒီအတွက်လည်း The Perfectionists ဆိုပြီးဇာတ်လမ်းနာမည်ကို ဖြည့်ပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အတွဲက ထပ်မံပါဝင်လာသူဆိုလို့ အဲလစ်ဆင်နဲ့ မိုနာနှစ်ယောက်တည်း ပြန်ပါဝင်ပြီး ကျန်တဲ့ သရုပ်ဆောင်တွေက အကုန်အသစ်ဖြစ်ပါတယ်။ အဲလစ်ဆင်အဖြစ် = Sasha Pieterse မိုနာအဖြစ် = Janel Parrish အေဗာဂျူလာလီအဖြစ် = အဆိုတော် သရုပ်ဆောင် Sofia Carson ကိတ်တလင်းအဖြစ် = လူမည်း ဟာသသရုပ်ဆောင် Sydney Park ဒိုင်လန်အဖြစ် = Eli Brown တို့အသီးသီးပါဝင်ပါတယ်။

Translator = ဂျေဂျူဝိုင်

Encoder = Zerokyaw Soelwin

Zawgyi




Pretty Little Liars: The Perfectionists Complete Episodes