/
Poster Boys (2017)

Poster Boys (2017)

ဒီကားလေးက ဟာသဆန်ဆန် ပညာပေးကားလေးပါ
ဇာတ်လမ်းအစလေးကတော့ မတူညီတဲ့ စရိုက်ရှိတဲ့ လူသုံးဦးကို အရင်ပြသွားပါတယ်
ပထမတစ်ယောက်က ဂျာဂါဗာချောင်ဒနီလို့ ခေါ်တဲ့ ဆယ်ဖီရူးရူးနေတဲ့ အိမ်ထောင်သည် ဒေါသအိုး
ဒုတိယတစ်ယောက်က ဗီနေးရှာမားလို့ခေါ်တဲ့ ခနခနမေ့တတ်တဲ့ အိမ်ထောင်သည် ကျောင်းဆရာ
တတိယတစ်ယောက်က အာဂျွန်ဆင်း လို့ခေါ်တဲ့ လူမိုက် အကြွေးတောင်းသမား

သူတို့သုံးယောက်က စရိုက်မတူသလိုပြသနာတွေလဲ မတူပါဘူး
ဂျာဂါဗာက သူ့ညီမကို အိမ်ထောင်ချပေးဖို့ကိစ္စအတွက် ခေါင်းပူနေသလို
ဗီနေးကလဲ​ သူ့မိန်းမက သားယောက်ျားလေးရူးရူးနေပြီ သမီးချည်းမွေးနေရလို့ ဆူပူတဲ့ဒဏ်ကို ခံနေရတယ်
အာဂျွန်ကလဲ အဆိုးဝါးဆုံးဒုက္ခဖြစ်တဲ့ ရည်းစားထားရခြင်း ဆိုတဲ့ ဝဋ်ကိုခံနေရတယ်။

တစ်နေ့ သူတို့သုံးယောက်ရဲ့​ဓာတ်ပုံတွေ သားကြောဖြတ်ထားပါတယ် ခင်များတို့လဲ လူဦးရေတိုးပွားမှုကို ထိန်းချုပ်ရန် သားကြောဖြတ်ကြပါဆိုတဲ့ ပိုစတာထဲမှာပါလာပြီး တစ်ရွာလုံးနဲ့ အထင်လွဲ အမြင်လွဲတွေဖြစ်ကုန်ကြသောအခါ….

Review by Myo Khant
Translated by Myo Khant
Encoded by Myo Khant

Genre: Director: Actors: , , , Country: Released: 08 Sep 2017
Score: 5.6 Duration: 128 min Quality: 720p Years: View: 1,873