/
Perfect Number

Perfect Number



Genre: , Director: Actors: , , , Country: Released: 18 Oct 2012 Score: 7.0 Duration: 119 min Quality: 360p, 720p Years: View: 3,076

Perfect Number (2012) ကျွန်တော့်လိုပဲ…လူတိုင်းဟာ ဂဏန်းသင်္ချာတွေတွက်ချက်ရတာကို မုန်းကြမယ်ထင်ပါတယ် ဒါပေမယ့် ကျွန်တော်တို့အားလုံးမှာ ဘယ်တော့မှမေ့မရမယ့် နံပါတ်လေးတစ်ခုတော့ရှိကြမှာ အသေအချာပါပဲ… ဒီနေ့ ကျွန်တော်ပြောပြပေးချင်တဲ့ ဇာတ်ကားလေးကတော့ Perfect Number ဆိုတဲ့ ဒရာမာကားလေးတစ်ကားပါ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးဟာ IMDB Rating 7.0 ထိရရှိထားပြီး လူကြိုက်များတဲ့ ကားလေးတစ်ကားလဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးက ရိုးရှင်းပေမယ့်…ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတွေက ပီပြင်လွန်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားလေးတစ်ကားပါ Suk-go ဆိုတဲ့ အထက်တန်းသင်္ချာသင်တဲ့ ကျောင်းဆရာလေးဟာ တကယ်တော့ တော်တော်တော်တဲ့ သင်္ချာပညာရှင်တစ်ယောက်ပါ သူ့မှာ Hwa-sun ဆိုတဲ့ အိမ်နီးချင်းကောင်မလေးတစ်ယောက်ရှိပါတယ် ခေါ်ထူးမေးဖြေလောက်ပဲ ဆက်ဆံဖြစ်တာများခဲ့ပေမယ့် တစ်နေ့မှာတော့ သူတို့နှစ်ယောက်ပေါင်းပြီး ကိစ္စတစ်ခုကိုဖြေရှင်းရပါတော့တယ် အဲ့ဒါကတော့ Hwa-sun ဟာ သူမကိုယ်သူမ ကာကွယ်ရင်း သူမရဲ့ တစ်ချိန်ကချစ်သူကို သတ်လိုက်မိတာပါ ဒါပေမယ့် Suk-go ဟာ Hwa-sun ရဲ့ လူသတ်မှုကို ဘယ်လိုကာကွယ်မလဲ…? သူ့ရဲ့ ပညာကရော တကယ့်လက်တွေ့မှာ အသုံးဝင်ပါ့မလား…? နောက်ဆုံးမှာ ဘယ်လိုဇာတ်သိမ်းမလဲ…? ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမယ့် ဒရာမာကားကောင်းလေးပဲ ဖြစ်ပါတယ်… ပြသမည့်ရက် : ၂၁-၆-၂၀၁၉ (သောကြာ) ပြသမည့်အချိန် : ညနေ ၉ နာရီ ခွဲ ပြန်လည် ပြသမည့်ရက် : ၂၂-၆-၂၀၁၉ (စနေ့နေ) ပြန်လည် ပြသမည့်အချိန် : နေ့လည် ၁ နာရီ

#ytv

#freetoairy

#ymovie