/
Percy Jackson & the Olympians: The Lightning Thief 2010
Percy Jackson & the Olympians: The Lightning Thief 2010
Genre: , , Director: Actors: , , , Country: , , Released: 12 Feb 2010 Score: 5.9 Duration: 118 min Quality: 720p BRrip Years: View: 843
#Unicode
Percy Jackson & the Olympians: The Lightning Thief (2010)
================================================
မြန်မာစာတန်းထိုး
===========
Translated By Kyaw Thiha And Encoded By Lin Htike Aung
Download Type – Openload, Megaup, Myandrive
Download Size – 1.13 Gb (720p BrRip)
Download Link – First Comment
Percy Jackson လို့ ပြောလိုက်တာနဲ့ အသက်နဲ့မလိုက်အောင် ရဲရင့်ပြီး ၊အစွမ်းထက်ရေနတ်ဘုရား Poseidon ရဲ့သားတော၊်နတ်တစ်ပိုင်းလူတစ်ပိုင်း (demigod) လေးကို 2010 ကထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြည့်ဖူးသူတိုင်းမျက်စိထဲတန်းမြင် မိကြမှာပါ…..။
ဂရိ ဒဏ္ဏာရီလာ အိုလံပစ်နတ်ဘုရား တစ်သိုက်နဲ့ လူသားတို့ပောင်းဖက်ရာကမွေးဖွားလာကြတဲ့ သွေး နှော ကလေးတွေရဲ့ အကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းကောင်း တစ်ပုဒ်ဆိုရင်လဲမမှားပါဘူး…..အဲ့.. စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ပေါ့ဗျာ………။ရှင်းရှင်းပြောရရင်တော့ ခေတ်သစ် ပါစီရက် ဇာတ်လမ်းပေါ့….ယ
ဒီဇာတ်ကားကို Harry potter နဲ့ Home alone ဇာတ်လမ်းတို့ရဲ့ ပင်တိုင်စံ Director ကြီး Chris Columbus ကနေပြီးရိုက်ကူးထားပြီး လူငယ်သရုပ်ဆောင် Logan Lerman (2010 လောက်ကတော့လူငယ်လေးပေါ့ ခုတော့ 26 နှစ်ရှိနေပါပြီ)Brandon T. Jackson မင်းသမီး.Alexandra Daddario အပြင် တချိန်က ဂျိမ်းဘွန်း မင်းသားကြီး pierce brosnanတို့ပါဝင်သရုပ်ဆောင်ထားပါတယ်………။ ဒီကြားထဲစွယ်စုံရမင်းသားကြီး Sean Bean ကလဲ အိုလံပီယာ အရှင်သခင်နတ်မင်းကြီး Zeus အဖြစ်သရုပ်ဆောင်ထားပါတယ်…..။
ကဲ ဇာတ်လမ်းအကျဉ်းစပြောရအောင်……။ ဇာတ်လမ်းကတော့ စာရေးဆရာ Rick Riordan ရဲ့ Percy Jackson : the lighting thief ကိုအခြေခံပြီးရိုက်ကူးထားတာပါ…။ ရေနတ်ဘုရား poseidon နဲ့လူသားမိန်းကလေးပေါငး်ဖက်ပြီး တရားမဝင်မွေးဖွားလာရတဲ့ ၁၂နှစ် သား demigod..တစ်ယောက်… ။ ငယ်စဉ်ကတည်းကအမေသာရှိပြီး ဖခင်အရင်းဆိုတာဖြူသလားမဲသလားမှန်းမသိ၊စရိုက်ကြမ်းကြမ်း ပထွေးနဲ့ နေထိုင်လာရပြီး ၁၂ နှစ်သားရောက်မှ ဗြုန်းစားကြီး ကိုယ့်ဖာသာကိုယ် demigod မှန်းတောင်မသိရသေးဘဲ ကြမ္မာဆိုးတွေတစ်ခုပြီးတစ်ခု ကျရောက်လာကာ အမေဖြစ်သူ ဟာ Hades ရဲ့ ဖမ်းဆီးခြင်းခံရ၊ သူ့အမေရဲ့လမ်းပြမှုကြောင့် demigod တို့စုဝေးရာ သွေးနှောကုန်းကိုရောက်မှ ကိုယ့်ဖာသာကို demigod ဖြစ်မှန်းသိရတဲ့ဘဝ….၊ ဒာတောင်မှ ကိုယ့် အဖေဟာ ဘယ်နတ်မှန်းမသိသေးဘဲ ဖခင်ရဲ့ အသိမှတ်ပြု အမှတ်အသား ကိုစောင့်ဆိုင်းနေရပြီး အတိုက်ခိုက် လေ့ကျင့်ရေး မှာ ဒါဏ်ရာရတေ့ာမှ စမ်းချောင်းထဲကရေတွေက ပါစိီရဲ့ ဒဏ်ရာတွေကိုကုစားပေးပြီး သူ့ရဲ့ ခေါင်းပေါ်မှာ trident(သုံးမြှောင့်ခက်ရင်းဂွ) ခပ်ဝားဝားအမှတ်အသားလေးနဲ့ ခ အသိမှတ်ပြုတော့မှ ငါ့အဖေဟာ ရေနတ်ဘုရားပါလားလို့သိခဲ့ရတာပါ……..။သို့ပေမယ့်ပာစီိခင်ဗျာ အကြာကြီးမပျော်လိုက်ရရှာပါဘူး။ဇုနတ်မင်းကြီးကသူ့ရဲ့မိုးကြိုးလက်နှက် ပျောက်ဆုံးနေချိန်မှာသံသယရှိ သူအဖြစ် ပာစီ့ကို သတ်မှတ်ထားပာတော့တယ်၊ပိုဆိုက်ဒန်ကိုလဲ ပရောဂမကင်းဘူးဆိုပြီး နတ်ဘုရား စစ်ပွဲကို ဦးတည်ဖို့ကြံပါတော့တယ်…..။နတ်ဘုရားတွေစစ်ဖြစ်ရင် မြေစာပင်ဖြစ်ရမှာက လူသားတွေပါ….။ ဒီတော့ ပြသနာတွေအကုန်လုံးက ပါစီဂျက်ဆန်လို့ခေါ်တဲ့ ၁၂နှစ်သား ကလေးသာသာ လူငယ်လေးဆီကို ဆိုက်ရောက်လာပါတော့တယ်..။ပါစီတစ်ယောက် အသီးနားနတ်သမီးရဲ့ သမီးအန်နာဘတ်..။ ကျောင်းနေဘက် (လူယောင်ဆောင်ထားတဲ့ ဆေတာ) ဂရိုဗာတို့နဲ့ အတူ မိုးကြိုးလက်နှက်ကိုရှာပုံတော်ဖွင့် ဖို့ ခရီးထွက်ပြီးလမ်းမှာ ဒဏ္ဏရီ လာ သတ္တဝါဆန်းတွေ နတ်ဆိုးတွေကို တိုက်ခိုက်ကာ မိခင်ဖြစ်သူကို ဟေးဒိစ်လက်က ကယ်တင်….. ၊မိုးကြိုးလက်နှက်ကို နတ်ဘုရားစစ်ပွဲမဖြစ်ခင် ဇုစ် နတ်မင်းထံ အချိန်မှီပြန်ပေးနိုင်အောင်ကြိုးပန်းရတဲ့ စွန့်စားခန်းတွေ နဲ့ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာ ဝထ္ထုကောင်းလေးတစ်ပုဒ်ပါ……။
ဒာပေမယ့်…….ဒီဇာတ်လမ်းလေးကို ပိတ်ကားပေါ်မှာ စပြီးအသက်သွင်း ရာကစလို့ ဝေဖန်မှုတွေ စပြီးကြုံရပါတော့တယ်……ပထမတစ်ခုကတော့ ပါစီနေရာမှာသရုပ်ဆောင်တဲ့ Logan lerman ရဲ့ အသက်ပါ…..ဇာတ်လမ်းရိုက်ကူးချိန်မှာ အသက် ၁၇ ရှိနေပါပြီ……..။ ကလေးနဲ့လုံးဝမတူပဲ ရင့်ကျက်မှုအပြည့် ရှိပုံပေါက်တဲ့ သူ့ရဲ့သရုပ်ဆောင်ပုံဟာ fan တွေအတွက်တော့ဝေဖန်စရာဖြစ်လာခဲ့ပါတယ်…..။ ဇာတ်ဆောင်ပြသနာအရ ဇာတ်ကောင်ကိုပါအသက်ကြီးပေးလိုက်ရတယ်ဆိုတဲ့အကြောင်းပြချက်ပဲ ပေးလိုက်ရပါတယ်……။ ပရိတ်သတ်တွေ ရဲ့ မေးခွန်းတွေလဲ တက်လာခဲ့ပါသေးတယ်……။ ဝထ္ထုထဲက ပါစီ ဟာအသက် ဆယ့်ငား ဆယ့်ခြောက်လောက်မှာGod weapone အတော်များများကို ကိုင်တွယ်နိုင်ပြီးတော်တော် အစွမ်းထက်နေပြီဖြစ်တဲ့ demigod ဖြစ်သွားလို့ အိုလံပီယာနန်းမှာ နတ်ဘုရားနေရာတောင်အပေးခံရတဲ့ အရွယ်တောင်ရောက်နေပါပြီ……။ရုပ်ရှင်ထဲမှာတော့ ပါစီတစ်ယေါက် ကိုယ့်ဖာသာကိုယ်တောင် အသက်၁ရနှစ်အရွယ်မှာ ဘာမှန်းမသိသေးပါဘူး……..။
ဒုတိယတစ်ခုက ပါစီရဲ့ သူငယ်ချင်း အန်နာဘတ်ရဲ့ roll ဟာ movie ထဲမှာ စိတ်ပျက်စရာကောင်းလောက်အောင်ကျဆင်းသွားတာပါ။….ဉာဏ်ပညာနဲ့ စစ်နတ်ဘုရားမ အသီးနား ရဲ့ သမီး အန်နာဘတ် ဟာ တစ်ဆိတ်ရှိ ဓားရေးတဝင့်ဝင့်လုပ်နေတာပါပဲ……။ မူရင်းစာအုပ်မှာတော့ အန်နာဘတ်ဟာ ကိုယ်ခံပညာသာမက ဉာဏ်နီဉာဏ်နက် အင်မတန်များတဲ့ Demigod ဆိုတဲ့အချက်ဟာ movie ထဲမှာ ကျပျောက်ခဲ့ရပါတယ်……။ နောက်အချက်ကတော့ သွေးနှောကုန်းအကြောင်းကို သေသေချာချာ ရိုက်မပြပဲ တန်းရောက် လေ့ကျင့် ခရီးထွက်ဆိုတဲ့အချက်ကြီးပါ……။ နှစ်နာရီစာ ရုပ်ရှင် ဆိုပေမယ့် စွန့်စားခရီးသီးသန့်လိုလုပ်ပြစ်ပါတယ်…….၊ စာအုပ်ထဲမှာတောင် ဇာတ်လမ်းရဲ့သုံးချိုး တစ်ချိုးဟာသွေးနှောကုန်းအကြောင်း ကိုသေချာ ရှင်းပြသလို ရေးထားတာပါ……။ Movie လဲထွက်လာရော Adventure type စစ်စစ်ကြီးဖြစ်သွားတဲ့ percy jackson ဇာတ်ကားဟာ…ပိုးစိုးပက်စက်.fail ခဲ့ရပါတယ်……။စာအုပ်ထဲက ဗီလိန်ဟာ ဟေးဒိစ်မဟုတ်ပါဘူး ၊အေးရိစ်ပါ…။
အဆိုးဆုံးကတော့ ဟားမိစ်ရဲ့သား လုခ်နဲ့ အင်ပာယာစတိတ် အဆောက်အဦးမှာ ရင်ဆိုင်ရတဲ့ Battle ပါ….။ ပါစီဟာ ရုတ်တရက်ကြီးကို overpower ဖြစ်သွားပါတယ်……..။စာအုပ်ထဲက ပါစီက ရေကိုကောင်းကောင်းမထိမ်းနို်င်ပါဘူး……၊ သို့ပေမယ့် ဒေါသထွက်တဲ့ အခါမှာ စိတ်လွတ်ပြီးသာမန် demigod တွေထက် သာလွန်တဲ့ god နီးနိီး abilityကိုရရှိလေ့ရှိပါတယ်…။ အစွမ်းသုံးပြီးတိုင်းလဲ အရုပ်ကြိုးပြတ်လဲကျသလို အားအင်ကုန်ခန်းပါတယ်။ သူဘာလုပ်မိလိုက်မှန်းလဲရေရေရာရာပြန်စဉ်းစာလို့မရပါဘူး……..(တစ်ခါတစ်လေတော့ မှတ်မိ) ။movie မှာတော့ godတစ်ယောက်နီးနီး စွမ်းအားတွေ ချက်ချင်းကြီးရလာ…ဧရာမဝဲကတော့ကြီးဖန်တိီး၊မိုးကြိုးလက်နှက်နဲ့ သောင်းကျန်းနေတဲ့ လှစ်ကို ရေဝဲကြီးနဲ့ မွန်းစေပြီး ကိုယ့်လက်နှက်နဲ့ ကိုယ်ပြန်ထိအောင်လုပ်ပါသေးတယ်…။.water trident နဲ့တောင်မှ လုခ်ကိုပစ်လိုက်ပါသေးတယ်…….။ ပါစီ သာမန်ရန်ဖြစ်သလောက်သာမောပန်းပါတယ်…….။
Movieရဲ့ ကောင်းကွက်လေးတွေ လဲရှိပါတယ်…..။ ပထမတစ်ချက်က နောက်ခံtheme ပါပဲ…. ။ perfect မဖြစ်တောင်မှ အတော်လေးအဆင်ပြေပါတယ်……။
ဒုတိယတစ်ချက်ကတော့ Funny scence လေးတွေပါ…..ခေတ်သစ် Medusa ရဲ့ design နဲ့. rocker ပုံပေါက်နေတဲ့ Hades တို့ရဲ့ ဇာတ်ဝင်ခန်းတွေ ဟာ ဟာသ မြောက်တဲ့ ဒိုင်ယာလော့ မပြောရင်တောင် ကြည့်ရသူ( ဂရိနတ်ဘုရား ဒဏ္ဏာရီအကြောင်း တီိးမိခေါက်မိတဲ့လူအဖို့) တောင်မှ အတော်လေး ရယ်စရာကောင်းနေပါတယ်…။
Battle scence တွေရဲ့ ရင်သပ်ရှုမောဖွယ် တိုက်ကွက်တွေ…..မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်လေးတွေနဲ့ ကြည့်ရှုသူကိုဆွဲခေါ်သွားမှာပါ……..။
ပါစီတစ်ယောက် လုခ်နဲ့ battle ဆိုင်တော့ over ဖြစ်ခဲ့ပေမယ့် တော်တော်လေးကို ကြည့်ကောင်းသလို နောက်ခံ theme နဲ့အံဝင်ခွင်ကျပါတယ်….။
ခြုံငုံပြီးပြောရရင်တော့ဝထ္ထု မဖတ်ရသေးပဲ ကြည့်ရရင်တော့အတော်လေးကောင်းတဲ့ ဇာတ်ကားပါ….။ ဟယ်ရီပေါ်တာ တို့ Home alone တို့ရဲ့ ပင်တိုင်စံ ဒါရိုက်တာကြီး ရိုက်ကူးခဲ့တာကြောင့် အလန်းစား ဟာသမြောက်တဲ့ဒိုင်ယာလော့လေးတွေ…။ ရင်သတ်ရှုမောဖွယ်ရာ တိုက်ပွဲအကြမ်းစားတွေနဲ့ ကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်မှာပါ………။
အမှားရှိပါက သည်းခံပေးပါရန်…..တောင်းပန်ရင်း
#Review_Credit_to_ZawWinHtet
#Zawgyi
Percy Jackson & the Olympians: The Lightning Thief (2010)
================================================
မြန်မာစာတန်းထိုး
===========
One response to “Percy Jackson & the Olympians: The Lightning Thief 2010”
  1. BestGrace says:
    I see you don’t monetize mmsubtitles.co, don’t waste your traffic, you can earn additional
    bucks every month with new monetization method. This is the best adsense alternative
    for any type of website (they approve all sites), for more info simply search in gooogle: murgrabia’s tools
Leave a Reply
Your email address will not be published. Required fields are marked *