Advertise here
/
Padman (2018)

Padman (2018)

စွယ်စုံရမင်းသားကြီး Akshay Kumar ရဲ့ နောက်ထပ် သမိုင်းဝင်ဇာတ်ကားတစ်ကားပါ
Biography တွေ အပြုသဘောဆောင်တဲ့ ဇာတ်ရုပ်တွေမှာ အတော်နာမည်ကြီးတဲ့ မင်းသားကြီးက ဒီတစ်ခါမှာလဲ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးများအပေါ်
ခွဲခြားဆက်ဆံမှုတွေကို ပြုပြင်လာအောင် Padman ဇာတ်ကားနဲ့ ကြိုးစားလိုက်ပြန်ပါပြီ
အိန္ဒိယဆိုတာ အားလုံးသိတဲ့အတိုင်း အတော်လေးကို စည်းကမ်းဥပဒေရှုပ်ထွေးများပြားပြီး အမျိုးသမီးတွေကို ဖိနှိပ်ဆက်ဆံမှုတွေက အခုချိန်ထိရှိနေဆဲပါပဲ
ရိုးရာဓလေ့တွေကိုလဲ အတော်အလေးထားတဲ့ လူမျိုးတွေပါ အမျိုးသမီးတွေကို ဘယ်လောက်ထိ ခွဲခြားဆက်ဆံကြလဲဆိုရင် အမျိုးသမီးတွေ ဓမ္မတာရာသီလာချိန်
၅ရက်မှာ အိမ်ထဲကို ဝင်ခွင့်မရှိဘဲ အိမ်အပြင်မှာ ၅ရက်လုံးထွက်နေရပါတယ် အညစ်အကြေးတွေအတွက် အဝတ်စုတ်တွေကိုသာ အသုံးပြုကြရပြီး ၅ရက်ပြီးမှ အိမ်ထဲဝင်ခွင့်ရကြပါတယ်
pad ဆိုတာမျိုးက ဈေးအတော်ကြီးပြီး အမျိုးသမီးတိုင်း မသုံးကြပါဘူး ဒီတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဝတ်စုတ်တွေကို သာအသုံးပြုနေကြရပါတယ်
အမျိုးသမီးတွေရဲ့ ဒီဒုက္ခကို လက်ရှ်မီးဆိုတဲ့ အမျိုးသားတစ်ယောက်က ဈေးသက်သာပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ pad တွေထုတ်လုပ်ပြီး ဖြေရှင်းပေးဖို့ကြိုးစားတဲ့အကြောင်းကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်

Genre: , Director: Actors: , , , Country: Released: 09 Feb 2018
Score: 8.1 Duration: 140 min Quality: 1080p Years: View: 1,497