/
One Day 2016

One Day 2016

IMDB-7.8

ကျွန်တော်တို့အားလုံးမှာ ရင်ထဲကနေ

ကြိတ် Crush ရတဲ့ လူတစ်ယောက်ရှိကြပါတယ်။

သူတို့ကသာကိုယ့်ကို သတိမထားမိပေမယ့်

ကိုယ်ကတော့သူတို့ကို အရိပ်​တကြည့်​ကြည့်​နဲ့

ကြွေနေရတာမျိုးပေါ့။

အခုဇာတ်လမ်းလေးက 2016 မှာထွက်ရှိထားတဲ့

One Day (တစ်နေ့) ဆိုတဲ့ဇာတ်ကားလေးပါပဲ။

ကိုယ်ချစ်နေရတဲ့ သူတစ်ယောက်နဲ့

တစ်နေ့တည်းသာ အတူရှိနေခွင့်​ရမယ်ဆိုရင်

ကျွန်တော်တို့အားလုံး ဘာလုပ်ကြမှာလဲ။

ဒီအညွှန်းကိုဖတ်ပြီးတာနဲ့ ဘာမှမလုပ်ပါနဲ့၊

Download ဆွဲကာ အရင်​ကြည့်​ရှုခံစားပြီး

ကိုယ့်​ Crush ကို ဖွင့်​ပြောလိုက်​ပါတော့။

ဇာတ်လမ်းအကျဉ်းကတော့….

ဒန်ဆိုတဲ့ကောင်လေးတစ်ယောက်ကတော့

သူ့ဘ၀မှာသူ့နာမည်ကိုတောင်မှ မမှတ်မိတဲ့

သူတွေနဲ့ အတူအလုပ်လုပ်ရပါတယ်။

အဲ့အချိန်မှာ သူတို့ကုမ္ပဏီကို နွီလို့ခေါ်တဲ့

ကောင်မလေးတစ်ယောက်ရောက်လာပါတယ်။

သူမနဲ့ သူနဲ့က နတ်​ပြည်​က အပ်တစ်​စင်းနဲ့

လူ့ပြည်​က အပ်တစ်​စင်းသာ ထိချင်ထိသွားလိမ့်​မယ်​၊

သူတို့ကတော့ ဘယ်တော့မှ မဆုံစည်းနိုင်မယ့်

လူနှစ်ယောက်ပေါ့။

အဲ့လိုနဲ့ သူတို့နှစ်ယောက်ကို တစ်နေ့တည်းပဲ

အတူတူရှိအောင်လုပ်ပေးမယ့်

ကံကြမ္မာကြီးကဆိုက်ရောက်လာပါရော။

အဲ့မှာ သူဘာတွေဘယ်​လိုလုပ်မယ်ဆိုတာကို

ဆက်ညွှန်းရင် ဇာတ်လမ်းအရသာပေါ့သွားမှာ

စိုးတာကြောင့်​ ဆက်​လက်​ကြည့်ရှုဖို့ပဲ

တိုက်​တွန်းချင်​ပါတယ်​။

မင်းသားကတော့

ကျွန်တော်တို့ မြန်မာပရိသတ်တွေ

အားလုံးသိကြတဲ့ ၂၀၁၂ တုန်းကရိုက်ကူးခဲ့တဲ့

ATM: Er Rak Error ဇာတ်ကားကြီးမှာ

ပါဝင်ခဲ့တဲ့ Chantavit Dhanasevi ပါပဲ။

မင်းသမီးကတော့ Nittha Jirayungyurn

လို့ခေါ်တဲ့မင်းသမီးချောလေးပဲဖြစ်ပါတယ်။

IMDb အနေနဲ့ကလဲ 7.8/10 ရရှိထားတဲ့

ဇာတ်ကားဆိုတော့ အထူးတလည်

ထပ်​မညွှန်းချင်​တော့ပါဘူး။

အညွန်းနဲ့ဘာသာပြန်သူကတော့

ကိုလင်းထိုက်အောင်ပဲဖြစ်ပါတယ်။

Translated And Encoded By Lin Htike Aung

Released: 1 September 2016 (Thailand)
Score: 7.8 Duration: 2h 15min Quality: 720p Years: View: 5,117