/
Ok Jaanu (2017)

Ok Jaanu (2017)



Genre: , Director: Actors: , , , Country: Released: 13 Jan 2017 Score: 5.1 Duration: 135 min Quality: 720p Years: View: 4,969

အဒစ်တရာ( Aditya Roy Kapur) ဟာ ဂိမ်းဖန်တီးသူ တစ်ယောက်ဖြစ်ပြီး သူ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ တာရာ (Shraddha Kapoor) နဲ့
မတော်တဆတွေ့ဆုံ ဇာတ်လမ်းစခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အလုပ်ကို ဦးစားပေးပြီး ရည်မှန်းချက်ကြီးတဲ့ လူငယ်တွေ ဖြစ်ကြတဲ့အတွက်
တစ်ယောက်နဲ့ တစ်ယောက် သဘောကျပေမယ့် ဘယ်တော့မှ လက်မထပ်ဘူး လက်ထပ်တယ်ဆိုတာ အရူးတွေ လုပ်ရပ်ဆိုပြီး အတူတူတော့နေဖြစ်ခဲ့ကြတယ်။

သူတို့ တွေးထားခဲ့တာက အတူတူနေနိုင်ခွင့်ရှိတဲ့ အချိန်မှာ အတူတူနေကြမယ်။ အချိန်တန်ရင် ကိုယ့်တိုးတက်ရာ လမ်းကြောင်းကို ကိုယ်စီလျှောက်ပြီး
ကိုယ့်လမ်းကိုယ် ဆက်သွားကြတော့မယ်ဆိုတာမျိုးလောက်ပဲ..။တစ်ချိန်ချိန်မှာ ဝေးရမယ်ဆိုတာကို နှစ်ယောက်လုံး ကျေကျေနပ်နပ်လက်ခံထားရက်က…
ခံစားချက်တွေ ပြောင်းလဲလာတဲ့အခါ..

သူတို့နှစ်ယောက်ကို အာရှကီ (Aashiqui) အတွဲလို့ လူသိများပါတယ်။ အဲ့ဒီ အချိန်တုန်းကမင်းသား မင်းသမီး အသစ်တွေ အနေအထားနဲ့ ပေါက်ကား ဖြစ်သွားအောင်
အောင်မြင်ခဲ့တယ်ဆိုတာ သူတို့နှစ်ယောက်ကြားက chemistry သိပ်ကောင်းလွန်းတာလဲ ပါလိမ့်မယ်။ အာရှကီအတွဲကို နောက်တစ်ကား ပြန်ရိုက်တော့မယ် ဆိုတဲ့
အချိန်မှာ တော်တော်စိတ်ဝင်စားမိလို့ သတင်းတွေ မပြတ်လိုက်ဖတ်မိတယ်။ ok jaanuu ဟာ အောင်မြင်ခဲ့တဲ့ တမေလ် ကား တစ်ကားဖြစ်တဲ့ ‘ Ok Kanmani” ကိုအခြေခံတာပါ။

မှတ်မှတ်ရရ အဲ့ဒီသတင်းကို ဖတ်ရတဲ့ အချိန်မှာ karan johar ကိုယ်တိုင်ကြီးက မူရင်းဇာတ်လမ်းကို ကြိုက်လွန်းလို့ ဘာကိုမှ မပြောင်းလဲပဲ အစစအရာရာ မူရင်းနဲ့
ထပ်တူ ပုံဖော်မယ်လို့ ပြောသွားတာ။ချက်ချင်း တမီလ်ကားကို ပြေးရှာကြည့်ရတဲ့အထိပဲ။ အင်္ဂလိပ်စာတန်းမရှိတဲ့ အတွက် ကိုယ့်မှာ ဘာမှ နားမလည် သီချင်းတွေကိုပဲ အားပေးခဲ့ရတာ။
တမေလ်, တေလဂူ ကားတွေဟာ များသော အားဖြင့် ပရိသတ်အကြိုက်ကိုလိုက် ပေါနေတာ ရှိပေမယ့် တစ်ခါတစ်လေ မူရင်းဇာတ်လမ်းကောင်းလေးတွေ လာတတ်တယ်။
မြန်မာပေါကားများ ရပ်တုန်းက နာမည်ကြီးသွားတဲ့ drishyam ဆိုရင် အိနိယ ရုပ်ရှင်လောကမှာ သိပ်စာရင်းမ၀င်တဲ့ Malayalam ကားကိုပြန်ရိုက်ထားတာ

ပြောရမယ်ဆိုရင် မူရင်း Ok Kanmani ကိုယ်တိုင်က သမားရိုးကျတွေထဲက ဖောက်ထွက်ထားတယ်လို့မြင်တယ်။အစဉ်အလာ အယူအစွဲကြီးလွန်းတဲ့
အစွန်အဖျား ပရိသတ်တွေ များတဲ့ တမေလ် လိုနေရာက ထွက်လာခဲ့တဲ့ကားဟာ လက်ရှိခေတ်နဲ့ ရှေးရိုးစွဲလူကြီးတွေကြားက ပွတ်တိုက်မှုတွေ
အစဉ်အလာအပေါ် လူငယ်တွေ ဆန့်ကျင်လာပုံတွေကို ခပ်ထူထူ ချပြသွားတယ်..။

Ok jaanu မှာ အာရှကီအတွဲရဲ့ ပီပြင်ချက်.။ အောချဖို့ကောင်းလောက်တယ်။ အစက friends with benefit လိုလို။ ခေတ်မှီမှီ လွတ်လပ်ခွင့်ကို တန်ဖိုးထား
တစ်ယောက်နဲ့တစ်ယောက် ၀င် မစွက်ကြေးကနေ..တစ်ဖြည်းဖြည်း တစ်ယောက်အပေါ် တစ်ယောက်သ၀န်တိုလာ..အချစ်ဆိုတာကို သဘောပေါက်လာတာ..။
ဘာဆုမှတော့မှန်းစရာ အကြောင်းမရှိဘူး။ ဒီဇာတ်လမ်းဟာ ချစ်စရာအဖြစ်အပျက်တစ်ခုကို ချစ်စရာကောင်းအောင်ရိုက်ပြသွားတာလောက်ပါပဲ။

အညွှန်းနဲ့ဘာသာပြန် ကတော့ ဘောလိဝုဒ်ကားအများဆုံး ဘာသာပြန်ပေးသူ ကို Waihan Lin Htin ပဲ ဖြစ်ပါတယ်

ServerLanguageQualityLinks